အအေးဓါတ်ဝင်လာတဲ့ ရာသီဥတုမျိုးမှာ ဝီစကီကော့တ်‌တေးလေးနဲ့ ငြိမ့်ရတာက တကယ့် အရသာပါပဲ။ ကော့တ်တေးတွေဟာ အပြင်းစားမဟုတ်လို့ သွေးနွေးပြီး အရသာကောင်းကောင်း အဝင်ညက်ညောမှုကြောင့် ကျား/မ မရွေးအကြိုက်တွေ့တဲ့ ယမကာတစ်ခုအဖြစ် နာမည်ကြီးပါတယ်။ ဝီစကီနဲ့ကော့တေးလ်လုပ်လို့ရတဲ့ နည်းတွေထဲမှာ အနံ့အရသာ ပိုသင်းပြီး ထူးခြားတဲ့ Single Malt ဝီစကီကော့တ်တေးတချို့အကြောင်း ပြောပြချင်ပါတယ်။

(၁) North Coast Holiday

NORTH COAST HOLIDAY COCKTAIL

Photo: vinepair

မြောက်ကမ်းရိုးတန်းအားလပ်ရက်ဆိုတဲ့ နာမည်ဆန်းဆန်းနဲ့ ကော့တ်တေးလေးတစ်ခွက် လုပ်ကြည့်ရအောင်ပါ။ ပါဝင်ပစ္စည်းတွေက ၁၀ နှစ်သား အိုင်းရစ်ဝီစကီ Bushmills ၁ အောင်စခွဲ ၊ လီမွန်ရည်လတ်လတ်ဆတ်ဆတ် ၃/၄ အောင်စ ၊ သစ်ကြံပိုးခေါက် Cinnamon Syrup ၃/၄ အောင်စ ၊ Cacao Bitter ၂ စက် ၊ အနံ့အတွက် Aromatic Bitters ၂ စက်နဲ့ လီမွန်ခွံ ၊ လတ်လတ်ဆတ်ဆတ် အမှုန့်ချေထားတဲ့ ကွမ်းသီးမှုန့်တို့ ဖြစ်ပြီး အားလုံးကို ကော့တေး Shaker ထဲမှာ ထည့်ပြီး ရေခဲထည့် Shake ရမှာပါ။ ပြီးမှ ရေခဲတုံးလေးတွေ ခွဲပြီး ဖန်ခွက်ထဲမှာ ထည့်ပီး သံပယိုခွံနဲ့ ကွမ်းသီးမှုန့်လေး ဖြူးရုံပါပဲ။

(၂) Hot Apple Toddy

HOT APPLE TODDY

Photo: vinepair

Hot Apple Toddy ကော့တေးလ်လုပ်ဖို့အတွက် Stranahan’s Original စကော့ဝီစကီ ၁ အောင်စခွဲ ၊ ပန်းသီးရှာလကာရည် ၃/၄ အောင်စ ၊ သံပရာရည် အောင်စဝက် ၊ Chamomile Tea Syrup အောင်စဝက် ၊ ရေနွေး ၊ လေးညှင်းနဲ့ သံပရာခြမ်းတစ်ခု လိုပါတယ်။ မတ်ခွက်ထဲကို ရေနွေးထည့်ပြီး ပူသွားအောင် တစ်အောင့်လောက် ထားပြီး သွန်ပစ်ရမှာပါ။ ပြီးမှ ခွက်လွတ်ထဲ ရေနွေး ၃ အောင်စဖြည့်ပြီး Chamomile Tea Syrup စွက်ပြီး ဖြည်းဖြည်းပဲ မွှေပေးရမှာပါ။ ဒါပြီးရင် ဝီစကီ ၊ သံပရာရည် နဲ့ Allspice Dram ရည်လေး ထည့်ပြီး ထပ်မွှေရပါတယ်။ ပြီးရင် သံပရာခြမ်းမှာ လေးညှင်းပွင့်တွေ တပ်ပြီး သောက်လို့ရပါပြီ။

(၃) Stovepipe Hat

Stovepipe Hat

Photo: vinepair

သစ်သီးနံ့လေး သင်းပြီး သံပရာနဲ့ ကောက်သင်းနံ့ဆန်ဆန်မျိုး သဘောကျတယ်ဆိုရင် Stovepipe Hat Single Malt ကော့တေးလ် လုပ်သောက်သင့်ပါတယ်။ သူလည်း ညနေခင်းသောက်စရာတစ်မျိုးဖြစ်ပြီး Sexton Single Malt အိုင်းရစ်ဝီစကီ တစ်အောင်စခွဲ ၊ Amontillado ရှယ်ယာ ၃/၄ အောင်စ ၊ အချိုမြင့်တဲ့ Rich Simple Syrup လက်ဖက်ရည် ၁ ဇွန်း ၊ Blackstrap Bitters ၃ စက်နဲ့ လိမ္မော်ခွံတို့နဲ့ ဖျော်စပ်တာပါ။ အခုပြောတဲ့ ပါဝင်ပစ္စည်းတွေကို အဖျော်ခွက် Mixing Glass ထဲ ထည့်ပြီး ရေခဲနဲ့ သမပြီး အေးသွားအောင် မွှေပေးပါ။ ပြီးမှ လည်ရှည် Nick & Nora ဖန်ခွက်ထဲ ပြောင်းထည့်ပြီး အပေါ်က လိမ္မော်ခွံလေးတပ်ပြီး မြည်းစမ်းရုံပါပဲ။

Featured Photo: Whisky Advocate