ရာသီအလိုက် ဝတ်စားဆင်ယင်တာအပြင် စတိုင်ပြောင်းတာက သင့်ကို ဆွဲဆောင်မှုရှိစေတဲ့ အဓိက အချက် ဖြစ်ပါတယ်။ အခုလို နွေရာသီမှာဆိုရင် ကိုယ်ဝတ်နေကျ အဝတ်အစားတွေကို ပေါ့ပေါ့ပါးပါး ဖြစ်ဖို့ ဂရုစိုက်ရသလို သင့်ဆံပင်စတိုင်ကိုလည်း နွေရာသီနဲ့ လိုက်ဖက်အောင် ပြောင်းဖို့ လိုပါတယ်။ အထူးသဖြင့် နွေရာသီမှာ ဆံပင်ပုံစံပြောင်းတော့မယ်ဆိုရင် မိန်းကလေးတွေ နှစ်သက်သဘောကျတဲ့ ဒီ HairStyle တွေလည်း ညှပ်ဖို့ တိုက်တွန်းချင်ပါတယ်။

(၁) Buzzcut

Photo: The Trend Spotter

နွေရာသီနဲ့ အလိုက်ဖက်ဆုံးဖြစ်ပြီး ယောင်္ကျားတစ်ယောက်ကို သပ်ရပ်ခန့်ညားစေတဲ့ ဆံပင်ပုံစံတစ်ခုပါ။ Buzzcut စတိုင်တွေဟာ ညှပ်ဖို့လွယ်သလို ထိန်းသိမ်းဖို့လည်း ကရိကထအနည်းဆုံးပါ။ ဒီဆံပင်ပုံစံ ညှပ်ရင် ဘေးနှစ်ဘက်ကို ပိုပါးပေးရင် ကောင်းပါတယ်။ ခေါင်းပေါက်ကောင်းသူတွေနဲ့ အလိုက်ဆုံး‌ နွေရာသီ Hairstyle ပါ။

(၂) Crew Cut

Photo: atozhairstyles

ဆံပင်တိုတို ဘေးနောက်ပါးထားတဲ့ Crew cut တွေကတော့ အားလုံးသဘောကျတဲ့ ဆံပင်ပုံစံထဲမှာ ပါပါလိမ့်မယ်။Buzzcut နဲ့ ဆင်ပေမယ့် အပေါ်မှာ နည်းနည်း အရှည်ထားပြီး ဘေးဘက်တွေကို သိသိသာသာ ပါးထားတာ ဖြစ်ပါတယ်။ Crew Cut သမားတွေဟာ ခေါင်းလိမ်းဆီနဲ့ Hair Product သုံးမယ်ဆိုရင် ဆံပင်ကို Gel/Wax နဲ့ Pomade တွေ အများကြီး သုံးတာ ရှောင်ဖို့ လိုပါတယ်။

(၃) Short Comb Over

Photo: hairstylecamp

ဘေးခွဲ ဆံပင်တိုဒီဇိုင်းကတော့ လူကြီးလူငယ်မရွေး ထားနိုင်တဲ့ ဆံပင်ပုံစံ ဖြစ်ပြီး ခေတ်မီပြီး ဖက်ရှင်ကျနေဆဲ ဖြစ်ပါတယ်။ အပေါ်ကို ၂ လက်မလောက်ထားပြီး ဘေးခွဲလို့ ရအောင် ထားရမှာပါ။ ဘေးနဲ့ နောက်ဘက် အောက်ခြေလေးတွေ ခပ်ပါးပါးထားဖို့ လိုပါတယ်။ တိုတိုကပ်ကပ်နဲ့ ဘေးခွဲဆံပင်ဒီဇိုင်းကလည်း မိန်းကလေးတွေ သဘောကျတဲ့ အမျိုးသားတွေရဲ့ Hairstyle တစ်ခုပဲ ဖြစ်ပါတယ်။