နွေရာသီစတိုင်အတွက် သိသင့်တဲ့အချက်လေးတွေ မျှဝေပေးချင်ပါတယ်။ ဆောင်းရာသီလောက် ဝတ်စရာအများကြီး ကိုယ်ပေါ် တင်ထားစရာမလိုတော့တာကြောင့် နွေရာသီရဲ့အနှစ်သာရက ပေါ့ပါးမှုနဲ့ သက်တောင့်သက်သာရှိမှုက အဓိကပါပဲ။ ဒီတော့ Summer Style အတွက် သိသင့်တဲ့ အချက်လေး ၃ ချက် ပြောပြပေးလိုက်ပါတယ်။

(၁) အရောင်လွင်ပါစေ

Photo: Fashionisers

ဆောင်းရာသီမှာ အရောင်အမှိုင်းတွေ အဝတ်များခဲ့ကြပါတယ်။ အခု နွေရာသီမှာတော့ ပိုပြီး တောက်ပအရောင်စိုလွင်တဲ့ ကာလာတွေ ရွေးချယ်ရမှာပါ။ နွေရာသီမှာ အရောင်လွင်လွင်လေးတွေ ဝတ်ခြင်းအားဖြင့် စိတ်လည်း ပိုကြည်နူးပြီး လွတ်လပ်စေလို့ပါ။ နွေရာသီနဲ့လည်း အရောင်လွင်တာက လိုက်ဖက်မှု ရှိပြီး နုပျိုစေတယ်လို့ပါ ခံစားစေရပါတယ်။

(၂) နွေရာသီ ဝတ်စရာလေးတွေ

Photo: bestoccasionalgifts

နောက်တစ်ခုက နွေရာသီနဲ့ လိုက်ဖက်တဲ့ အဝတ်အစားမျိုး ဝတ်ဖို့ ဖြစ်ပါတယ်။ များသောအားဖြင့် နွေရာသီမှာ လက်တိုနဲ့ T-Shirt တွေ အဝတ်များပါတယ်။ Summer Look ပိုကျစေဖို့ဆိုရင် နေကာမျက်မှန်နဲ့ ဦးထုပ်တွေလည်း ဝတ်ဆင်နိုင်ပါတယ်။ ဘောင်းဘီတိုနဲ့ Sneaker လေးတွဲဝတ်နိုင်သလို လီနင်ရှပ်အပါး လက်ရှည်လေးတွေလည်း ဆင်လို့ရပါတယ်။နွေရာသီမှာ ဝတ်ရင် အေးတဲ့အသားတွေ ဝတ်ပါ။ သိပ်မကျပ်ဘဲ ချောင်ချိနေပါစေ။

(၃) ဒါလေးတွေ မလုပ်ပါနဲ့

Photo: urbanmenoutfits

နွေရာသီမှာ ပေါ့ပါးရင် ပြီးတာပဲဆိုပြီး သိပ် Casual ဖြစ်တာမျိုး မဝတ်ဖို့ လိုပါတယ်။ဘက်စကတ်ဘော ဘောင်းဘီပွကြီးနဲ့ ချိုင်းပြတ်စွပ်ကျယ်လေးစွပ်ပြီး သွားတာမျိုးကတော့ မမိုက်ပါဘူး။ နောက်ပြီး ခြေညှပ်ဖိနပ်တွေချည်းလည်း တောက်လျှောက်ဝတ်တာမျိုးက ရှောင်ကြည်သင့်ပါတယ်။ ကင်းဘတ်စ် Sneaker လေးတွေမျိုး ပြောင်း စီးသင့်ပါတယ်။