သင့်ရဲ့ မျက်နှာနှင့် ခန္ဓာကိုယ်ပေါ်ရှိ မလိုလားအပ်တဲ့ အမွှေးအမျှင်များကို ဘယ်လိုနည်းလမ်းများဖြင့် ဖယ်ရှားလေ့ရှိပါသလဲ။

အချို့ကလည်း ဇာဂနာနဲ့ အနာခံပြီး နှုတ်လေ့ရှိကြပြီး အချို့ကလည်း ဂျုတ်နဲ့ ရိတ်ကြပါတယ်။ အချို့ကတော့ Waxing ဖယောင်းဆေးနဲ့ အသုံးပြုပြီး ဖယ်ရှားလေ့ရှိကြပါတယ်။ နည်းလမ်းအမျိုးမျိုးရှိတဲ့အနက် သူ့နည်းလမ်းနဲ့သူ ကောင်းကျိုးတွေရှိကြပါတယ်။

ထိုနည်းလမ်းများအနက်မှာ Waxing နဲ့ အမွှေးအမျှင်များကို ဖယ်ရှားတဲ့အခါ ဘယ်လိုအကျိုးကျေးဇူးများကို ခံစားရမလဲဆိုတော့…

အညစ်အကြေးများကို ချက်ချင်းဖယ်ရှားပေးတယ်

3 Surprising Benefits Waxing has On Your Skin

အမွှေးအမျှင်များကို ဖယ်ရှားတဲ့အခါ မွှေးညှင်းပေါက်လေးတွေမှာ ကပ်ငြိနေတဲ့ အညစ်အကြေးများကိုလည်း ဖယ်ရှားဖို့လိုအပ်ပါတယ်။ ဇာဂနာနဲ့ နှုတ်ခြင်း၊ ဂျုတ်နဲ့ ရိတ်ခြင်းသည် အညစ်အကြေးများကို အကုန်အစင်မဖယ်ရှားပေးပါဘူး။ အမွှေးများကိုသာ ရိတ်ပေးတာဖြစ်ပါတယ်။

ဒါပေမဲ့ သင့်အနေနဲ့ ဖယောင်းနဲ့ အမွှေးချွတ်လိုက်တဲ့အခါ ဆဲလ်သေများကို အကုန်အစင်ဖယ်ရှားပေးလိုက်ပြီး တစ်ချိန်တည်းမှာပဲ အမွှေးအမျှင်များလည်း ပြောင်စင် ရှင်းလင်းသွားမှာဖြစ်ပါတယ်။

အမွှေးငုတ်စိလေးများကို ဖယ်ရှားပေးတယ်

3 Surprising Benefits Waxing has On Your Skin

ဂျုတ်နဲ့ ရိတ်တဲ့အခါ အမွှေးအမျှင်များသည် အကုန်အစင်မပြောင်ဘဲ ငုတ်စိအမွှေးတိုလေးတွေ ကျန်ခဲ့တတ်ပါတယ်။ ဇာဂနာနဲ့ နှုတ်တဲ့အခါမှာလည်း ဟိုနေရာတစ်ကွက်၊ ဒီနေရာတစ်ကွက် အမွှေးတိုလေးတွေ ကျန်ခဲ့တတ်ပါတယ်။ Waxing နဲ့ အမွှေးရိတ်ရင်တော့ ထိုဒုက္ခတွေက ကင်းဝေးသွားပါလိမ့်မယ်။ ဘာ့ကြောင့်လဲဆိုတော့ ဖယောင်းဆွဲခွာလိုက်တဲ့အချိန်မှာ အမွှေးအတိုရော အရှည်ပါ အတူတူရောပါလာမှာမို့လို့ပဲဖြစ်ပါတယ်။ ဒါပေမဲ့ ဆွဲခွာတဲ့အချိန်မှာတော့ နည်းနည်းအနာခံရပါလိမ့်မယ်။

ခန္ဓာကိုယ်ရနံ့ ပြင်းထန်ခြင်းမှ ဖယ်ရှားပေးတယ်

3 Surprising Benefits Waxing has On Your Skin

ဘက်တီးရီးယားများသည် ခန္ဓာကိုယ်အမွှေးများတွင် တွယ်ကပ်နေတာဖြစ်ပါတယ်။ တကယ်လို့ ဖယောင်းနဲ့ ဖယ်ရှားလိုက်မယ်ဆိုရင်တော့ ဘက်တီးရီးယားတွေ နေထိုင်ပေါက်ဖွားရာ နေရာကို ဖယ်ရှားပေးနိုင်လိုက်တာကြောင့် ဘက်တီးရီးယားများ ထပ်မံပေါက်ဖွားတော့မှာမဟုတ်ပါဘူး။ နောက်ဆက်တွဲကောင်းကျိုးအနေနဲ့ သင့်ကို ခန္ဓာကိုယ်အနံ့ ပြင်းထန်အောင် ပြုလုပ်မယ့် ဘက်တီးရီးယားတွေ မရှိတော့တဲ့အတွက်ကြောင့် ခန္ဓာကိုယ်အနံ့သည်လည်း အရင်ကထက် ပြင်းတော့မှာမဟုတ်လို့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိရှိနဲ့ တစ်ရက်တာကို စိတ်အေးချမ်းသာစွာ ဖြတ်သန်းနိုင်ပါပြီ။

Source: Menshealth.com

Featured Image Source: Beardoholic.com