အောင်မြင်ပေါက်မြောက်ခဲ့တဲ့ လူတွေဆိုတာ တစ်ခြားကမ္ဘာကနေ ရောက်လာခဲ့တာ မဟုတ်ပါဘူး။ သူတို့လည်း ကျွန်တော်တို့အထဲက လူသားရိုးရိုးတွေပါပဲ။ မတူတာက သူတို့ဟာ သူများနဲ့မတူတဲ့ မှန်ပြောင်းနဲ့ လောကကို ကြည့်သူတွေ ဖြစ်ပါတယ်။

အမြင့်ရောက်သွားတဲ့သူတွေရဲ့ အမြင်ဟာ စိတ်ဝင်စားစရာကောင်းပါတယ်။ သူတို့လုပ်တတ်တဲ့ အမူအကျင့်တွေကလည်း မှတ်သားလိုက်နာစရာတွေ များပါတယ်။ ဒီလိုအလေ့အကျင့်တွေထဲကမှ လူတစ်ယောက်ကို အထက်တန်းရောက်စေတဲ့ အောင်မြင်သူတို့ လုပ်နေကျ အလုပ် ၃ ခု ရှိပါတယ်။

(၁) အကောင်းဆုံးဖြစ်အောင် လုပ်တယ်

Photo: Freepik

စွဲမြဲထက်သန်မှုနဲ့ စည်းကမ်းလိုက်နာမှုက အောင်မြင်ကြွယ်ဝတဲ့ အနာဂါတ်တစ်ခုအတွက် အရေးပါတဲ့ သော့ချက်တွေပါ။ တစိုက်မတ်မတ်လှုပ်ရှားရင်းနဲ့ သူတို့ကို တိုးတက်စေမယ့် စာတွေဖတ် ၊ အသစ်သစ်တွေ လေ့လာရင်းနဲ့ ပိုကောင်းသထက် ကောင်းအောင် ကြိုးစားသူတွေဟာ အောင်မြင်လာပါတယ်။

(၂) တစ်ခြားသူတွေရဲ့ အမြင်မှာ မကျရှုံးဘူး

Photo: Freepik

လူတွေဟာ သူတို့ နားမလည်တဲ့အရာတွေကို ကြောက်လန့်တတ်ကြတယ်။ ဒါကြောင့်ပဲ ထူးဆန်းတဲ့ အမြင်ရှိသူကို ကြောင်တယ်လို့ ထင်ပြီး လှောင်ပြောင်ကန့်ကွက်ကြတာ ဖြစ်ပါတယ်။ အောင်မြင်တဲ့သူဟာ သူ့အမြင်နဲ့ အာရုံစိုက်မှုကို နှောင့်ယှက်လာတဲ့အရာတွေအပေါ် မတုန်လှုပ်တဲ့ စိတ်နဲ့ ရင်ဆိုင်တတ်ပါတယ်။ သူ့အလုပ်အပေါ် ကမ္ဘာကြီးရဲ့အမြင်ကို မမူသူလည်း ဖြစ်ပါတယ်။ အောင်မြင်ချင်ရင် ပြင်ပက အသံတွေကို နားယောင်ပြီး ကိုယ်သွားမယ့်ခရီးကို မဖျက်ဆီးမိဖို့ လိုပါတယ်။

(၃) အတွေ့အကြုံကနေ သင်ယူတယ်

Photo: Freepik

ကျွန်တော်တို့ဟာ ဘဝမှာ အခြေအနေအမျိုးမျိုးနဲ့ ကြုံဆုံနေကြရတာပါ။ ဘဝမှာ ကြုံလာခဲ့ရတဲ့ အတွေ့အကြုံတွေဆီကနေ ဘာမှ သင်ယူမှုမရှိဘဲ ဆက်လျှောက်နေသူဟာ အမှားတွေနဲ့ အရှုံးသံသရာတွေမှာပဲ ဝဲလှည်ရင်း ‌ရှေ့မရောက်ဘဲ ဖြစ်မှာ သေချာပါတယ်။ အောင်မြင်မယ့်သူဟာ အမှားကနေ သင်ခန်းစာယူပြီး ရေှ့ဆက်လျှောက်သူ ဖြစ်ပါတယ်။

သူများနဲ့ မတူဘဲ အထက်ရောက်ချင်တဲ့သူအတွက် ဘဝဟာ အမြဲတမ်း စိန်ခေါ်မှုတွေ ၊ အခွင့်အလမ်းတွေနဲ့ ပြည့်နေပါတယ်။ ကိုယ်လိုချင်တဲ့ ဘဝဟာ အမြင့်တစ်နေရာရာက အောင်မြင်တဲ့ ဘဝမျိုးဆိုရင်တော့ ထိုက်သင့်တဲ့ ရင်းနှီးပေးဆပ်မှုတွေနဲ့ ကြိုးစားသွားဖို့ လိုတယ်ဆိုတာ သတိချပ်စေချင်ပါတယ်။