လက်ဆောင်ပစ္စည်းပေးတဲ့ အလေ့အထဟာ ရှေးနှစ်ပေါင်းများစွာကတည်းက ရှိခဲ့တဲ့ အစဉ်အလာ ဖြစ်ပါတယ်။ အခုထက်ထိလည်း အမှတ်တရနေ့တွေ ၊ ပွဲလမ်းသဘင်နဲ့ အခါကြီး ရက်ကြီးတွေမှာ လက်ဆောင်ပစ္စည်းပေးတဲ့ အလေ့ ရှိနေဆဲ ဖြစ်ပါတယ်။

မိန်းကလေးတစ်ယောက်ကို လက်ဆောင်ပစ္စည်းပေးတာကတော့ တစ်ခြားလက်ဆောင်တွေနဲ့ မတူအောင် စဉ်းစားရပါတယ်။ကောင်မလေးတစ်ယောက်ကို လက်ဆောင်ပေးတော့မယ်ဆိုရင် အခုပြောမယ့်အချက်တွေကို အခြေခံပြီး စဉ်းစားသင့်ပါတယ်။
(၁) သူမရဲ့ ဝါသနာ

Photo: Unsplash

အကောင်းဆုံးလက်ဆောင်ပစ္စည်းတစ်ခု ဖြစ်ဖို့ လူတစ်ယောက်ရဲ့ အကြိုက် ဝါသနာကို သိထားတာ အကောင်းဆုံးပါပဲ။ လူတစ်ယောက်ရဲ့ ဝါသနာသိဖို့က တည့်ကြီး မေးထားစရာ မလိုပါဘူး။ အမှတ်တမဲ့ ပြောခဲ့ဖူးတဲ့ စကားတွေထဲကနေ သူမဘာကြိုက်တတ်သလဲဆိုတာကို မှတ်ထားဖို့ပါပဲ။ တစ်ခါတစ်လေမှာ ပန်းလေးတစ်ပွင့်ပဲ ဖြစ်ပါစေ သူမလိုချင်တဲ့ အရာ ဖြစ်နေရင် တစ်သက်လုံး အမှတ်ရသွားနိုင်ပါတယ်။

(၂) ပေးသင့်တဲ့ ပစ္စည်း

Photo: Pexels

ရွှေငွေ လက်ဝတ်ရတနာ လက်ဆောင်ပေးတယ်ဆိုတာက နည်းနည်း Risk များပါတယ်။ လက်စွပ်ဆိုရင်လည်း စေ့စပ်ထားတာမှ မဟုတ်ရင် မပေးသင့်တဲ့ အထဲ ပါပါတယ်။ နားဆွဲတွေက လက်ဆောင်ပေးလို့ ကောင်းပေမယ့် တစ်ချို့ မိန်းကလေးတွေက နားဆွဲတွေ ဝတ်လေ့ ဝတ်ထ မရှိတာကြောင့် ပေးခါနီး စဉ်းစားသင့်ပါတယ်။

လက်ဆောင်ပစ္စည်းဆိုတာ ဈေးအရမ်းကြီးစရာ မလိုပါဘူး။ လက်ကိုင်အိတ်လေးလို ပန်းအိုးလေးလိုလည်း လက်ဆောင်ပေးလို့ ရပါတယ်။ အရမ်း မထူးခြားရင်တောင် အသုံးတည့်တဲ့ ပစ္စည်းလေး ဖြစ်ဖို့ပဲ လိုပါတယ်။

(၃) သူမနဲ့ ကိုက်ရဲ့လား

Photo: Freepik

ဆိုပါစို့။ အမှတ်တရအနေနဲ့ မိန်းကလေးတစ်ယောက်ကို ဂါဝန်တစ်ထည် ဒါမှမဟုတ် ဖိနပ်တစ်ရံ ဝယ်ပေးတော့မယ်ဆိုရင် သူမရဲ့ Size ကိုတော့ သိထားဖို့ လိုပါတယ်။ လက်ဆောင်ပစ္စည်းဝယ်ခါနီးကျမှ ကိုယ်တိုင်း တောင်းတာမျိုးလည်း မဖြစ်စေနဲ့ပေါ့။