ကိုယ်ကြိုက်နေတဲ့ ကောင်မလေးတစ်ယောက်ကို ချဉ်းကပ်ရာမှာပဲ ဖြစ်ဖြစ် ၊ အလုပ်အင်တာဗျူးဖြေတာပဲ ဖြစ်ဖြစ် နောက်ဆုံး မိတ်ဆွေဖွဲ့ရာမှာ ဖြစ်ဖြစ် အရှက်အကြောက် ကြီးနေရင် ကမောက်ကမဖြစ်တတ်ပါတယ်။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု Confidence မရှိရင် ကိုယ့် Level ပါ ကျသွားနိုင်တာ သတိပြုပါ။ Confidence Level ကို မြှင့်ဖို့ သိပ်ရိုးရှင်းတဲ့ နည်းလမ်းတွေ ရှိပါတယ်။ ဒီနည်းလမ်းလေး ၃ ခုကို လုပ်ရုံနဲ့တင် လူကြားသူကြားထဲမှာ ယုံကြည်မှုရှိရှိ ဆက်ဆံပြောဆိုနိုင်မှာပါ။

(၁) လူစိမ်းတွေနဲ့ စကားပြောပါ

Photo: mensxp

ကိုယ်ကြောက်နေတဲ့ အရာတစ်ခုကို အရင်ကျော်နိုင်အောင် ကြိုးစားလိုက်ပါ။ အပြင်လူတွေနဲ့ တွေ့ဆုံပတ်သက်ရမှာ ကြောက်နေရင် ကိုယ့်ဘက်ကစပြီး မျက်နှာစိမ်းတွေကို စကားစပြောကြည့်ပါ။ လမ်းပေါ်မှာ ဖြစ်ဖြစ် ကားပေါ်မှာ ဖြစ်ဖြစ် သူစိမ်းတွေနဲ့ အဆင်ပြေပြေ စကားပြောနိုင်ပြီဆိုရင် အခြေအနေကောင်းလာပါပြီ။

(၂) လူမှုရေးလုပ်ငန်းတွေမှာ ဝင်ပါကြည့်ပါ

Photo: mensxp

Social Activities တွေမှာ ပါဝင်ခြင်းကလည်း ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုတည်ဆောက်ဖို့အတွက် ကောင်းမွန်တဲ့ အခြေခံနည်းလမ်းပဲ ဖြစ်ပါတယ်။ လူတွေနဲ့ များများပေါင်း ၊ စကားဝိုင်းတွေမှာ များများဝင်ပြောကြည့်ပါ။ အဖွဲ့လိုက် စကားဝိုင်းတွေမှာ ကိုယ့်အမြင်ကို ပြောပြတာ ၊ တခြားသူတွေနဲ့ ပူးပေါင်းပြီး လူမှုရေးလုပ်ငန်းတွေ ဝင်လုပ်ကြည့်ခြင်းအားဖြင့် ကိုယ့်ကိုယ်ကိုယ် အရေးပါသူတစ်ယောက် ဖြစ်လာစေသလို ကိုယ့်ရဲ့ ယုံကြည်မှုအတိုင်းအတာလည်း တက်လာနိုင်ပါတယ်။

(၃) အမြင်သစ်နဲ့ ကြည့်တတ်ပါစေ

Photo: mensxp

ယုံကြည်မှုတည်ဆောက်ရာမှာ သတ္တိလိုသလို အမြင်သဘောထားပြောင်းဖို့လည်း လိုပါတယ်။ အရင်က လူတွေနဲ့ စကားပြောရမှာ ရှက်တတ် ၊ ကြောက်တတ်ခဲ့သူဟာ ယုံကြည်မှုတည်ဆောက်ဖို့အတွက် လူတွေကို လူတွေလို့ပဲ ရိုးရိုးလေး မြင်ကြည့်တတ်ဖို့ လိုပါတယ်။ လူတွေကို လူတွေပါပဲလို့ မြင်လိုက်ခြင်းဟာ စိုးရိမ်စိတ်ကို လျှော့ချပေးနိုင်သလို ကိုယ့်ကိုယ်ကိုယ်လည်း အားပေးရာ‌ရောက်ပါတယ်။