အောင်မြင်တိုးတက်လိုသူတိုင်းက မိမိတို့ရောက်နေတဲ့နေရာမှာပဲရပ်တန့်နေလေ့မရှိကြပါဘူး။ကိုယ်ရဲ့အရည်အချင်းကို ဓားသွေးကျောက်တစ်ခုသဖွယ်အချိန်တိုင်းသွေးနေပြီး ဘဝတိုးတက် ရာတိုးတက်ကြောင်းအတွက် အမြဲကြံဆောင်နေကြတာဖြစ်ပါတယ်။ဒီတစ်ခေါက်မှာတော့ ဘဝအောင်မြင်ချင် သူတွေအတွက် ကိုယ့်ရဲ့ကိုယ်ရည်ကိုယ်သွေးကို တိုးတက်ကောင်းမွန်စေမယ့် နည်းလမ်းကောင်း လေးတွေဖော်ပြပေးလိုက်ပါတယ်။

(၁) စာအုပ်ဖတ်ပါ

Source : Shutterstock

ဘဝအတွက် ကောင်းမွန်တဲ့ အသိပညာဗဟုသုတတွေရရှိနိုင်ဖို့ အကောင်းဆုံးကစာဖတ်ခြင်းပါ။ ကမ္ဘာပေါ်ကအာင်မြင်နေသူတိုင်းလည်းစာဖတ်ခြင်းအလေ့ကိုပြုလုပ်ကြပါတယ်။ စာဖတ်ခြင်းက အကောင်းဆုံးသော ဗဟုသုတတွေရရှိပြီး ကိုယ့်ရဲ့ အရည်အသွေးကိုမြှင့်တင်ပေးနိုင်မယ့်နည်းလမ်းကောင်းဖြစ်ပါတယ်။

(၂) ကျန်းမာရေးဂရုစိုက်ပါ

Source : Shutterstock

လူတစ်ယောက်အတွက် ကျန်းမာရေးကအရမ်းကိုအရေးကြီးပါတယ်။ ကျန်းမာရေးလိုပြောရင် ကိုယ်ကျန်းမာရေးရော စိတ်ကျန်းမာရေးပါ မေ့မထားသင့်ပါဘူး။ တစ်နေ့တာအတွက် လုံလောက်တဲ့အိပ်စက်ချိန် အာဟာရ ကိုယ်လက်လှုပ်ရှားမှု စတာတွေကို ဂရုတစိုက်သေချာလုပ်ပေးမယ်ဆိုရင် ကျန်းမာရေးတိုးတက်ကောင်းမွန်လာမှာပါ။

(၃) တိုးတက်မှုကိုမှတ်တမ်းလုပ်ပါ

Source ; Shutterstock

တစ်လအတွင်းကိုယ်ဘာတွေတိုးတက်လာလဲဆိုတာနဲ့ပတ်သတ်ပြီးမှတ်တမ်းတစ်ခုပြုလုပ်ထားပါ။ဒီတစ်လမှာ ငါဘာတွေလုပ်နိုင်ခဲ့လဲ ဘယ်လိုအောင်မြင်မှုအတိုင်းအတာတစ်ခုအထိ ရောက်ခဲ့လဲ စသည့်ဖြင့်မှတ်ထားပါ။ကိုယ့်ရဲ့ တိုးတက်မှုကိုသိနိုင်ခြင်းက အကောင်းဆုံးစိတ်ဓာတ်ခွန်းအားဖြစ်စေမယ့်အရာတစ်ခုဖြစ်ပြီး နောက်ထပ်နောက်ထပ် ပိုပြီးကြိုးစားလိုစိတ်တွေ ဖြစ်လာမှာသေချာပါတယ်။