Second Date ဆိုတာ လက်တွဲဖော်ဖြစ်ဖို့ အရေးကြီးတဲ့ အဆင့်ပါပဲ။ ဒီအဆင့်ဟာ တစ်ယောက်နဲ့ တစ်ယောက် နောက်တစ်ကြိမ် တွေ့ဖို့ မတွေ့ဖို့ အဆုံးအဖြတ်ပေးမယ့် အချိန်လည်း ဖြစ်ပါတယ်။ ဒုတိယအကြိမ် Date ချိန်မှာ ဒီအချက်တွေကို လိုက်နာမယ်ဆိုရင် ရှေ့ခရီးကို အမှားအယွင်းမရှိ လျှောက်လှမ်းနိုင်မှာပါ။
(၁) သက်တောင့်သက်သာ ရှိဖို့ အဓိကပါ
Photo: Pexels
ဖိအားများပြီး စိုးရိမ်နေတဲ့ လူကို ဘယ်သူမှ လက်တွဲချင်မှာ မဟုတ်ပါဘူး။ လူတစ်ယောက်ရဲ့ အမူအယာ နဲ့ လှုပ်ရှားဟန်က သူ့ရဲ့ စိတ်အခြေအနေကို ဖော်ပြနေတာ ဖြစ်ပါတယ်။ Second Date မှာ တည်ငြိမ်အေးဆေးတဲ့ ပုံကို ဖမ်းထားပါ။ သဘာဝကျကျ နေထိုင်ပါ။ ပင်ကိုယ်ဟန်နဲ့ ကိုယ့်စရိုက်အားသာချက်ကို ထုတ်ပြနိုင်ပါစေ။
ဝတ်သွားတဲ့ အဝတ်အစားက အစ သက်တောင့်သက်သာ ရှိဖို့နဲ့ ကိုယ့်ကိုယ်ကို ယုံကြည်မှု ရှိစေတဲ့ ဖက်ရှင် ဖြစ်သင့်ပါတယ်။ တွေ့ချိန်မှာ ဖုန်းကို Silent လုပ်ထားဖို့နဲ့ အတူစကားပြောနေချိန်မှာ ဖုန်းပွတ်နေတာမျိုးလည်း ရှောင်ကြဉ်ဖို့ လိုပါတယ်။
(၂) ချိန်းတဲ့ နေရာ မှန်ပါစေ
Photo: Quiz
ဒုတိယအကြိမ် တွေ့ဆုံမှုမှာ နေရာရွေး မှန်ဖို့ လိုပါတယ်။ စိတ်လွတ်လပ်ပြီး တစ်ယောက်နဲ့ တစ်ယောက် အေးအေးဆေးဆေး စကားတုံ့ဆိုနိုင်အောင် ဆိတ်ငြိမ်တဲ့ နေရာ ဖြစ်သင့် ပါတယ်။ နွေရာသီမှာဆိုရင် အဆောက်အဦအပေါ်ထပ်က Roof Top Bars တွေမှာ တွေ့သင့်သလို ထင်ရှားတဲ့ အဆောက်အဦကြီးတွေနဲ့ တစ်ဝိုက် နေရာမျိုးမှာလည်း ချိန်းသင့်ပါတယ်။
(၃) ဆက်သွယ်မှုပုံစံ
Photo: Independent
Communication က အရေးကြီးတဲ့အရာပါ။ ချိန်းတွေ့ချိန်မှာ အပြန်အလှန် ဆက်သွယ်မှုထက် ပိုပြီး အရေးကြီးတဲ့ အရာ မရှိပါဘူး။ ဒါဟာ တစ်ယောက်နဲ့တစ်ယောက် အကြား ယုံကြည်မှုတည်ဆောက်နေတာ ဖြစ်သလို တစ်ယောက်ကို တစ်ယောက် ပိုပြီး နီးစပ်ဖို့ မရှိမဖြစ် အရေးပါတဲ့ အရာလည်း ဖြစ်ပါတယ်။
Second Date မှာ ဆက်သွယ်ပြောဆိုတဲ့ ပုံစံဟာ ပေါ့ပေါ့ပါးပါး ရွှင်ရွှင်မြူးမြူး ဖြစ်သင့်ပါတယ်။ ရိုးသား ပွင့်လင်းတဲ့ စိတ်အခံနဲ့ ဆက်သွယ်တာမျိုးလည်း ဖြစ်သင့်ပြီး သူမအကြောင်းကို မေးမြန်းတာနဲ့ လိုအပ်ရင် ကိုယ်အကြောင်း ပြောပြတာမျိုးလည်း လုပ်နိုင်ပါတယ်။ ချိန်းတွေ့ပြီးနောက်ပိုင်းမှာလည်း စာပို့တာ ၊ ဖုန်းဆက်တာမျိုး လုပ်ပေးပြီး ပိုပြီး နီးစပ်အောင် လှုပ်ရှားသင့်ပါတယ်။