နေကာမျက်မှန်တွေဟာ လူတစ်ယောက်ရဲ့ ဥပဓိရုပ်ခန့်ညားမှုကိုတင် အားဖြည့်ပေးတာ မဟုတ်ပါဘူး။ ခရမ်းလွန်ရောင်ခြည်လိုမျိုး အရေပြားကင်ဆာအထိပါ ဖြစ်နိုင်စေမယ့် အန္တရာယ်နဲ့ မျက်လုံးထိခိုက်မယ့် အဖြစ်ကိုပါ ကာကွယ်ပေးနိုင်ပါတယ်။ ဒါကြောင့် အပြင်အထွက်များသူတွေအနေနဲ့ နေကာမျက်မှန်ကောင်းကောင်းတစ်လက် ဆောင်ထားဖို့ လိုသလို ဒီမျက်မှန်ကို အချိန်အကြာကြီး အသုံးခံအောင် ဒီအချက်တွေ လိုက်နာသင့်ပါတယ်။

(၁) ပစ္စည်းကောင်းကိုင်ပါ

Source: Shutterstock.com

လက်ဆောင်ပစ္စည်းရောင်းတဲ့ ဆိုင်တွေ ၊ ဖန်စီဆိုင်တွေက ဝယ်တဲ့ နေကာမျက်မှန်တွေ မသုံးဖို့က ပထမ အရေးတကြီး လိုက်နာရမယ့် အချက်ဖြစ်ပါတယ်။ UV ကို ရာနှုန်းပြည့်ကာကွယ်နိုင်ပြီး အစင်းမထင်တဲ့ မှန်သားကောင်းကောင်း နေကာမျက်မှန်တစ်လက်ဝယ်ပါ။ ဈေးအရမ်းကြီးဖို့ ပြောတာ မဟုတ်ပါဘူး။ မျက်မှန်ကိုင်းလှမယ်။ ကိုယ့်မျက်နှာပုံစံနဲ့ လိုက်ဖက်တယ်။ မျက်နှာနဲ့ နှာခေါင်းမှာ မျက်မှန်ကိုင်းကြောင့် ဒဏ်လည်း မဖြစ်ဘူးဆိုရင် ဈေးခပ်သင့်သင့်ထဲက ကောင်းတာ ဝယ်ရင် အဆင်ပြေပါတယ်။

(၂) ဒီလို မလုပ်ပါနဲ့

Source: reddit.com

မျက်မှန်ကို မသုံးချိန်မှာ နဖူးမှာ ချိတ်ထားတာတို့ တစ်ချို့တွေဆို ခေါင်းပေါ် စွပ်ထားတာတို့ လုပ်တတ်ပါတယ်။ ဒီလိုလုပ်မယ်ဆိုရင် မျက်မှန်ရဲ့ သက်တမ်းပါ ထိခိုက်နိုင်ပါတယ်။ မျက်မှန်ဟာ မျက်နှာအတွက် အထူးထုတ်ထားတာ ဖြစ်ပြီး မျက်နှာရဲ့ ပုံစံနဲ့ အရွယ်အစားအတွက်ပဲ အဆင်ပြေမှာပါ။ ခေါင်းမှာ မျက်မှန်စွပ်ထားခြင်းဟာ မျက်မှန်တစ်လက်နဲ့ မသက်ဆိုင်တဲ့ အလုပ်ကို လုပ်ခိုင်းလိုက်တာပါပဲ။
နောက်တစ်ခုက မျက်မှန်ကို ကားဒက်ရှ်ဘုတ်တွေပေါ် ထားတာတို့ ၊ ပိုက်ဆံအိတ်ထဲ ၊ အိတ်ကပ်ထဲ ထားတာတို့ မလုပ်သင့်ပါဘူး။ အပူနဲ့ ဖိအားကြောင့် မျက်မှန်ကိုင်းကွေးသွားနိုင်တာကိုလည်း သတိပြုပါ။ မျက်မှန်ကို မျက်နှာပြင်ညီတဲ့ စားပွဲပေါ်မှာ ထားသင့်ပြီး သူ့အပေါ်ကို ပစ္စည်းတွေတင်တာ မလုပ်သင့်ပါဘူး။

(၃) ဒီလိုသန့်ရှင်းရေး လုပ်ပါ။

Source: Gink and Gasoline

မျက်မှန်ကို ကိုယ်ဝတ်ထားတဲ့ အင်္ကျီနဲ့သုတ်နေတုန်းပဲဆိုရင် ဒီအကျင့်ကို ဖျောက်လိုက်ပါ။ ဒီလို လုပ်တာကြောင့် မှန်မှာ ဖုန်နဲ့ ဆီ ပိုကပ်နိုင်ပြီး အစင်းလည်း ပိုထင်နိုင်ပါတယ်။ ဒီတော့ မှန်ကို သန့်ရှင်းရေး လုပ်ဖို့အတွက် မျက်မှန်ဝယ်တုန်းတစ်ခါတည်း ပါလာတဲ့ အဝတ်စလေးကို သုံးပါ။ ဖြစ်နိုင်ရင် Screen Cleaner တစ်ခုနဲ့ ဖြန်းပြီးမှ မျက်မှန်ကို ဖွဖွလေး ပွတ်တိုက်ပေးသင့်ပါတယ်။