အမျိုးသားတစ်ယောက် အနည်းဆုံး မတူညီတဲ့ဘောင်းဘီအမျိုးအစား ၃ မျိုးလောက်ရှိထားဖို့လိုအပ်ပါတယ်။ ကာလဒေသံပေါ်မူတည်ပြီး မတူညီတဲ့ ဘောင်းစတိုင်လ်တွေကို ပြောင်းလဲဝတ်ဆင်မှလည်း လိုက်ဖက်မှုရှိတဲ့ ဖက်ရှင်စတိုင်လ်ကိုရစေမှာပါ။ ဒီဆောင်းပါးလေးမှာတော့ သင့်စတိုင်လ်ကိုမြှင့်တင်ပေးနိုင်တဲ့ အမျိုးသားတွေတိုင်းရှိထားသင့်တဲ့ အခြေခံဘောင်းဘီအ မျိုးအစား ၃ မျိုးကိုပြောပြပေးမှာပါ။

SweatPants

SweatPants

Photo : Rslantext

SweatPants တွေကတော့ Gym မှာပဲ ဝတ်ဝတ် ရုံးအားလို့ သူငယ်ချင်းတွေနဲ့ ချိန်းထားချိန်ပဲ ဝတ်ဝတ် ဝတ်ဖို့အကောင်းဆုံး ဖက်ရှင်ပါ။ ခေတ်ဆန်ပြီး သက်တောင့်သက်တာ ရှိခြင်းက SweatPants တွေရဲ့ အမှတ်လက္ခဏာ တစ်ခု ဖြစ်ပါတယ်။

Chino Pants

Chino Pants

Photo : Ashley Weston

သပ်သပ်ရပ်ရပ်နဲ့ အလုပ်ခွင်ဝတ်စုံ ဝတ်ရင် Chino Pants တွေကို စဉ်းစားသင့်ပါတယ်။ အရောင်အနေနဲ့ ရွေးသင့်တာကတော့ ကာကီရောင်နဲ့ မီးခိုးရောင် ကာလာတွေပဲ ဖြစ်ပါတယ်။

Jeans

Photo : The Adult Man

Jeans တွေကတော့ ယောင်္ကျားလေးတိုင်းရဲ့ သူငယ်ချင်းပါ။ အရောင်နဲ့ အသားက ယောင်္ကျားလေးတွေအတွက် ဒူပေဒါပေခံပြီး ဝတ်လို့လည်း ကောင်းပါတယ်။ Jeans ရဲ့ အားသာချက်က တစ်ထည်ကောင်း ရှိရင်ကို ၃-၄ နှစ်တော့ ပြန်လှည့်ကြည့်စရာ မလိုပါဘူး။

Featured Photo : merino.com.uy