Sneaker အမှတ်တံဆိပ်တွေ ဒါဇင်ပေါင်းများစွာ ရှိပေမယ့် တကယ်တမ်း ရွေးချယ်ဝယ်ယူကြတဲ့အခါ အမျိုးအစားရယ်လို့ များများစားစား မရှိပါဘူး။ လူငယ်လူရွယ်တွေအနေနဲ့ Sneaker ဝယ်တိုင်းမှာ အခုပြောမယ့် အမျိုးအစား ၃ မျိုးထဲကို ဦးစားပေးစဉ်းစားသင့်ပါတယ်။

(၁) ဖက်ရှင် Sneaker

Photo: Pinterest

များသောအားဖြင့် တန်ဖိုးကြီးတဲ့ Sneaker တွေထက် ဆွဲဆောင်မှု ရှိတဲ့ Sneaker တွေကို ရွေးချယ်ကြတာ များပါတယ်။ ဖက်ရှင် Sneaker ဆိုတဲ့အတိုင်း ခေတ်မီတယ် ၊ စတိုင်ကျတယ်။ လယ်သာဖြစ်ချင်ဖြစ်မယ် ၊ ကင်းဗတ်စ် သားဖြစ်ချင် ဖြစ်မယ် ။ အရေးကြီးတာက သက်တောင့်သက်သာရှိပြီး စတိုင်ကျတဲ့ Sneaker တွေ ဖြစ်ဖို့ပါ။

(၂) ကိုယ့်အကြောင်းပြောနေတဲ့ Sneaker

Photo: Freshness Mag

ကိုယ့်ရဲ့ စရိုက်နဲ့ အလုပ်အကိုင်ကို ပြနိုင်တဲ့ Sneaker မျိုးပါ။ အားကစားဝါသနာပါသူတစ်ယောက်ရဲ့ ခြေထောက်မှာ Air Jordans စီးတာမျိုး ၊ Hip Hop ဝါသနာပါသူတစ်ယောက် Yeezys စီးသလိုမျိုး ကိုယ့်ရဲ့ Personality ပြတဲ့ Sneaker တွေလည်း ဖြစ်ပါတယ်။

(၃) လုပ်ငန်းသုံး Sneaker

Photo: virgil

Sneaker အမျိုးအစားတွေထဲမှာ ဒီဖိနပ်ကို အားကစားသမားစီး ဖိနပ်တွေလို့ သိကြတဲ့ အမျိုး ဖြစ်ပါတယ်။ ဘောလုံးကန်ဖိနပ်ကနေ Gym မှာ စီးတဲ့ ဖိနပ်အထိ ပါပါတယ်။ စက်ရုံ ၊ အလုပ်ရုံနဲ့ ရုံးတက်ရုံးဆင်း စီးတဲ့ ဖိနပ်တွေကိုလည်း ဒီထဲမှာ ထည့်ထားလို့ ရပါတယ်။