“အစာလည်းဆေး – ဆေးလည်း အစာ” ဆိုတဲ့ စကားရှိပါတယ်။ နည်းမှန်လမ်းမှန် စားသုံးခြင်းဟာ အဖျားအနာကင်းအောင် တိုက်ဖျက်ရေးမှ ထိရောက်တဲ့လက်နက်တစ်ခုပါပဲ။ အင်္ဂလိပ်စကားပုံတစ်ခုမှာဆို “တစ်နေ့ ပန်းသီးတစ်လုံးစား ဆရာဝန်ကို ဝေးဝေးထား” နိုင်မယ်လို့တောင် ပြောထားတာ ရှိပါတယ်။

အာဟာရပြည့်ဝတဲ့ အစားအသောက်တွေမှာ ဖျားနာမှုတွေ မဖြစ်အောင် တိုက်ဖျက်ပေးမယ့် ကိုယ်ခံအားစနစ်အတွက် အရေးပါတဲ့ဗိုက်တာမင်တွေ အများကြီး ပါဝင်ပါတယ်။ အာဟာရပညာရှင်တွေကတော့ အခုပြောမယ့်ဗိုက်တာမင် ၃ မျိုးဟာ ကိုယ်ခံအားကောင်းအောင် လုပ်ဆောင်ရာမှာ အထိရောက်ဆုံး ဗိုက်တာမင်တွေလို့ ဆိုပါတယ်။

(၁) ဗိုက်တာမင်စီ

Orange

Photo: Unsplash

ဗိုက်တာမင်စီဟာ ကိုယ်ခံအားစနစ် မြှင့်ပေးတဲ့ Boosters တွေထဲမှာ နာမည်အကြီးဆုံး ဗိုက်တာမင်ဓါတ်ဖြစ်ပါတယ်။ ဗိုက်တာမင်စီ ချို့တဲ့သူဟာ နေထိုင်မကောင်း ဖြစ်လွယ်ပါတယ်။ ဒါကြောင့် အဖျားအနာကင်းအောင် ဗိုက်တာမင်စီ ကြွယ်ဝတဲ့ လိမ္မော်သီး ၊ ဂရိတ်ဖရုသီး ၊ ကဗ္ဗလာသီး ၊ စတော်ဘယ်ရီသီး ၊ ငရုတ်ပွကြီးတွေ ၊ ဟင်းနုနွယ် ၊ ကိုက်လန် နဲ့ ပန်းပွင့်စိမ်းတို့ကို စားပေးပါ။ ဗိုက်တာမင်စီဆေးတွေ ပုံမှန်သောက်ရင်လည်း ရပါတယ်။

(၂) ဗိုက်တာမင် ဘီဆစ်

Tuna

Photo: Unsplash

Vitamin B6 ဟာ ကိုယ်ခံအားစနစ်အတွင်းက ဇီဝဓါတုတုံ့ပြန်ချက်တွေ ပံ့ပိုးရာမှာ အလွန်အရေးပါတဲ့ ဓါတ်ဖြစ်ပါတယ်။ ဗိုက်တာမင်ဘီဆစ် ကြွယ်ဝတဲ့ အစားအသောက်တွေကတော့ ကြက်သား ၊ ဆယ်လ်မွန် ၊ တူနာငါး ၊ အစိမ်းရောင် အသီးအရွက်တွေ နဲ့ ကုလားပဲတွေပဲ ဖြစ်ပါတယ်။

(၃) ဗိုက်တာမင်အီး

Pumpkin seeds

Photo: Unsplash

ဗိုက်တာမင်အီးဟာ ကူးစက်မှုတွေ တိုက်ဖျက်ဖို့ ကိုယ်ခန္ဓာကို အထောက်အကူပြုတဲ့ ဓါတ်တိုးဆန့်ကျင်ပစ္စည်းတစ်မျိုးပါ။ ဗိုက်တာမင်အီးကို ဗာဒံစေ့ ၊ ဖရုံစေ့ ၊ နေကြာစေ့ စတဲ့ အစေ့အဆံနဲ့ ဟင်းနုနွယ်ရွက်တွေမှာ တွေ့ရတတ်ပါတယ်။