ဆံသားပါးတာမျိုးကို ဘယ်သူမှ ကြိုက်မှာ မဟုတ်ပါဘူး။ အထူးသဖြင့် ဦးရေပြားပေါ်အောင် ဆံပင်ပါးတာဟာ အရုပ်လည်း ဆိုးသလို ထိပ်ပြောင်တဲ့ဘဝနဲ့ နေရမလားဆိုပြီးပါ စိတ်ဖိစီးနိုင်ပါတယ်။ ဒါကြောင့် ဆံပင်သန်စွမ်းပြီး အုံထူအောင် အခုပြောမယ့် နည်းလမ်းတွေ သုံးကြည့်သင့်ပါတယ်။

(၁) ရှန်ပူအပျော့စား သုံးပါ

Photo: thegroomedmanco

အမျိုးသားသုံး ရှန်ပူအပျော့စားသုံးတာဟာ ဆံသားတွေ သဘာဝအတိုင်းပြန်ထူလာအောင် ကူညီနိုင်ပါတယ်။ ရှန်ပူအပြင်းတွေဟာ ဆံသားတွေ ခြောက်သွေ့ အားနည်းစေပြီး ဦးရေပြားကိုလည်း ယားယံစေပါတယ်။ ဆံပင်ကြီးထွားမှုပါ အားနည်းစေပါတယ်။

ရှန်ပူဝယ်မယ်ဆိုရင် အထဲမှာ ပါတဲ့ ပါဝင်ပစ္စည်းတွေကို စစ်ဆေးကြည့်ပါ။ ကိုယ်သုံးမယ့် ခေါင်းလျှော်ရည်ဟာ ဆာလ်ဖိတ်တွေနဲ့ တစ်ခြား ဦးရေပြားနဲ့ ဆံသားကို ထိခိုက်စေမယ့် ဆပ်ပြာမျိုး မပါဖို့ သတိပြုသင့်ပါတယ်။

(၂) Hair Product အပေါ့စား သုံးပါ

Photo: menshairstylesnow

အမျိုးအစား မမှန်တဲ့ ခေါင်းလျှော်ရည် သုံးတာဟာ ဦးရေပြား ယားယံပြီး ဆံပင် ပျက်စီးစေသလိုပဲ အရည်အသွေးနိမ့်တဲ့ ဆံပင်အလှကုန်တွေကလည်း ဆံပင်သန်စွမ်းမှုကို ဖျက်ဆီးနိုင်ပါတယ်။ Pomades ၊ Gel နဲ့ Wax တွေဟာ စေးကပ်လွန်းပြီး ဆံပင်ကို ဖိအားများစေတာကြောင့် ရှောင်ရှားသင့်ပါတယ်။ ဒီအလှကုန်တွေဟာ ဆံပင်ပါးတဲ့ ပြဿနာကို ပိုဆိုးစေနိုင်ပါတယ်။

သဘာဝထုတ်ကုန်တွေပါတဲ့ Lightweight Pomade တွေ ရွေးချယ်တာဟာ အမှန်ဆုံးပါပဲ။ Alcohol ပါတဲ့ ဆံပင်အလှကုန်တွေ ရှောင်ပါ။ အယ်လ်ကို‌ဟော ပါဝင်ပစ္စည်းတွေဟာ ဆံပင်ကို ပျက်စီးစေတယ်ဆိုတာ သိထားပါ။ ဒီတော့ Hair Product ဝယ်မယ်ဆိုရင် အညွှန်းကို အရင်ဖတ်ဖို့ အကြံပြုချင်ပါတယ်။

(၃) မှန်မှန်ကန်ကန် စားသောက်ပါ

Photo: thestatesman

အစားအသောက်ကလည်း ဆံပင်ကို ကျန်းမာသန်စွမ်းစေနိုင်ပါတယ်။ သကြားဟာ တစ်ခြားကျန်းမာရေးဆိုးကျိုးတွေအပြင် ဆံပင်အတွက်ပါ မကောင်းကျိုး ပေးပါတယ်။ အချိုဓါတ် စားသုံးမှု လျှော့ပါ။ သဘာဝ သစ်သီးဝလံတွေ စားပါ။

တာရှည်ခံအောင် ပြုပြင်ထားတဲ့ အစားအစာတွေ ရှောင်ပါ။ ဘလူးဘယ်ရီ ၊ ဝိုင်နီ ၊ ချောကလက်ညို ၊ ကော်ဖီနဲ့ Green Tea လို ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေလည်း စားပေးနိုင်ပါတယ်။ ကြက်ဥ ၊ အဆီများ ငါးများ ၊ ကန်စွန်းဥ ၊ အခွံမာသီး နဲ့ အစေ့အဆံများကလည်း ဆံပင်ကျန်းမာရေးအတွက် စားပေးသင့်တဲ့ အစားအစာတွေ ဖြစ်ပါတယ်။