ယောင်္ကျားတိုင်းက အုံထူပြီး မည်းနက်သန်စွမ်းတဲ့ဆံပင်မျိုး ပိုင်ချင်ကြတာပါပဲ။ ဒါပေမယ့်လည်း လူလတ်ပိုင်းအရွယ် အသက် ၃၀-၄၀ တစ်ဝိုက်ဆို ဆံပင်ကျွတ်တာ ၊ ထိပ်ပြောင်တာ ၊ ဆံပင်အုံပါးလာတာတွေ ကြုံလာတတ်ကြပါတယ်။ တချို့ဆို အသက်မကြီးသေးပေမယ့် ဆံပင်မရှိတော့လို့ အဖိုးကြီးတစ်ယောက်လို အရွယ်ထက် ရုပ်ရင့်သူတွေလည်း အများကြီးပါပဲ။

ဆံပင်တွေ ကျန်းမာသန်စွမ်းဖို့ အကြံပေးတဲ့နည်းလမ်းတွေ အများကြီးရှိပါတယ်။ အခုပြောမယ့်နည်းလမ်းတွေက ရိုးရှင်းပြီး လိုက်နာရလွယ်ကူတာကြောင့် ဆံပင်သန်စွမ်းချင်သူတဲ့ အမျိုးသားတိုင်းအတွက် မျှဝေပေးလိုက်ရပါတယ်။

(၁) မှန်ကန်တဲ့ ဆံပင်အလှကုန်သုံးပါ

Hair Products

Photo: Unsplash

အရင်ဆုံးအချက်က ကိုယ်သုံးတဲ့ Hair Care Products တွေကို သေချာဂရုစိုက်ဖို့ပါပဲ။ Shampoo သုံးမယ်ဆိုရင် အပျော့စား Mild ဖြစ်တာ ရွေးတာက ဆံပင်သန်စွမ်းကျန်းမာရေး ပိုကောင်းပါတယ်။ဆံပင်အလှကုန်မှာ အခုပြောမယ့် ဆံသားအားဖြည့်တဲ့ဓါတ်တွေပါသလား ရှာကြည့်ပါ။

– Hydrolyzed Wheat Protein – ဆံပင်ရဲ့ အောက်ခံဖွဲ့စည်းပုံ ထူထဲ သန်စွမ်းစေပြီး ဆံသားကျန်းမာရေးအားပေးတယ်
– Amino Acid – ဆံသားတောက်ပစေပြီး ဆံပင်အိတ်လေးတွေ တိုးပွားစေတယ်
– ဗိုက်တာမင်အီး – ဆံသားတွေကြီးထွားဖို့ လှုံ့ဆော်အားပေးတယ်
– Essential Oil – ပရုတ် ၊ လက်ဖက်ဆီလို အဆီတွေက ဦးရေပြားယားယံတာ ၊ ဗောက်ထတာ ၊ ဘက်တီးရီးယားစွဲကပ်တာ သက်သာစေပါတယ်
– ရေဓါတ်အားဖြည့်ပါဝင်ပစ္စည်းများ ( တဇောင်းလက်ပတ် ၊ ဇီယာပွင့်ဆီ နဲ့ ထောပတ်သီး) – အစိုဓါတ်ထိမ်းပြီး ဆံသားကြီးထွားစေ ၊ ‌ရောင်ရမ်းမှု လျှော့ပေးနိုင်သည်

အလွယ်ဆုံး ပြောနိုင်တဲ့အချက်က Styling Products တွေ သုံးရင် Lightweight ဖြစ်တာမျိုး သုံးဖို့နဲ့ အများကြီး မသုံးမိစေဖို့ပါပဲ။ ဥပမာ – Pomades ၊ Gel နဲ့ Wax တို့ ဖြစ်ပါတယ်။ ဒီထုတ်ကုန်တွေက ဆံပင်ပျက်စီးစေပြီး ဆံပင်အကျွတ်များစေလို့ ဖြစ်ပါတယ်။ နောက်ပြီး အယ်လ်ကိုဟောပါတဲ့ ထုတ်ကုန်တွေနဲ့ အဆီများတဲ့ Oily & Heavy Creams တွေလည်း ရှောင်ကြဉ်ဖို့ လိုပါတယ်။

(၂) ဆံပင်ထိန်းသိမ်းနည်း မှန်ပါစေ

Man with Long Hair

Photo: Unsplash

သင့်ဆံပင်ဟာ နေ့တိုင်း ခေါင်းလျှော်စရာမလိုဘူးဆိုတာ သတိရပါ။ နေ့တိုင်း ခေါင်းလျှော်တာဟာ ဦး‌ရေပြားနဲ့ ဆံသားတွေ အစိုဓါတ်ပျက်စီးစေနိုင်ပါတယ်။ နောက်တစ်ချက်က Hot Shower လို့ ခေါ်တဲ့ ရေပူချိုးတာ ၊ ခေါင်းကို တဘက်နဲ့ တအားပွတ်တိုက်တာ ၊ Hot Styling Products တွေ သုံးတာမျိုးကိုလည်း ရှောင်ကြဉ်ရပါမယ်။ ခေါင်းဖြီးတဲ့ ဘီးကအစ သိပ်ပြီး စိပ်လွန်းတာမျိုး မဖြစ်သင့်ပါဘူး။

ပုံမှန် ဆံပင်ညှပ်တာကလည်း ဆံပင်ကို ထိန်းသိမ်းမှု လုပ်နေတာပဲ ဖြစ်ပါတယ်။ ဆံပင်ကို ၃-၄ လ မညှပ်ဘဲ ထားတာမျိုးက ဆံပင်နဲ့ ဦးရေပြား ထိန်းသိမ်းမှုကို အားနည်းစေနိုင်ပါတတယ်။ ပုံမှန် ဆံပင်ညှပ်တာမျိုး မလုပ်သူတွေဟာ အချိန်ကြာလာတာနဲ့အမျှ ဆံပင်ပျက်စီးမှု ပိုဖြစ်စေနိုင်ပါတယ်။ အချိန်ရမယ်ဆိုရင် ခေါင်းကို ဖွဖွလေး နှိပ်နယ်ပေးတာမျိုး လုပ်ခြင်းအားဖြင့်လည်း ဦးရေပြား သွေးစီးဆင်းမှု အားကောင်းစေပြီး ဆံသားကျန်းမာစေနိုင်ပါတယ်။

(၃) Lifestyle အပြောင်းအလဲ လုပ်ပါ

Vegetables

Photo: Unsplash

ဆံပင်ကျန်းမာဖို့ အာဟာရကို ဂရုစိုက်ပါ။ သကြားအစား လျှော့ပါ။ ဆေးလိပ်ရှောင်ပါ။ တာရှည်ခံပြုပြင်စီမံထားတဲ့ အစားအသောက်တွေ ရှောင်ပြီး ဓါတ်တိုးဆန့်ကျင်မှု ပါတဲ့ လတ်လတ်ဆတ်ဆတ် အသီးအရွက်တွေ စားတာ ၊ Green Tea ၊ ကော်ဖီ ၊ Dark Chocolate သောက်တာ ၊ ဘလူးဘယ်ရီသီးစားတာ ၊ ဝိုင်နီသောက်တာမျိုး လုပ်ပေးသင့်ပါတယ်။

Featured Photo: healthline