ယောင်္ကျားပဲဖြစ်ဖြစ် မိန်းမပဲဖြစ်ဖြစ် ဆွဲဆောင်မှုရှိချင်ကြတာပါပဲ။ တကယ့် စတိုင်မိပြီး ဆွဲဆောင်မှုရှိစေဖို့ဆိုတာ အများကြီး အားထုတ်စရာမလိုပါဘူး။ ကိုယ့်မှာရှိပြီးသား အလှတရားကို ပေါ်လွင်စေမယ့်နည်းလမ်းလေးတွေ ကောက်သုံးလိုက်ရင် ဖြစ်ပါတယ်။ အခုပြောမှာကလည်း သင့်မှာရှိပြီးသား ပင်ကိုယ်ရုပ်ရည်ကို ပိုပြီး ဆွဲဆောင်မှုတက်လာအောင် ပံ့ပိုးပေးမယ့် နည်းလမ်းလေးတွေအကြောင်းပါပဲ။

(၁) ကိုယ်ဝတ်ထားတဲ့ Metals တွေနဲ့ Match ဖြစ်ပါစေ

man wearing Watch

Photo: Unsplash

လူတွေ သတိမထားမိတဲ့ အမှားတစ်ခုက သူတို့ဝတ်လိုက်တဲ့ အသုံးအဆောင် Accessory တွေ နေရာတကျဖြစ်ရဲ့လားဆိုတာကို မစစ်မိခြင်းပဲလို့ ဆိုနိုင်ပါတယ်။ ရွှေပဲဝတ် ဝတ် ၊ ငွေပဲ ဝတ်ဝတ် ဝတ်လိုက်တဲ့ လက်ဝတ်ရတနာတွေက ကိုယ့်ရဲ့ရုပ်ရည်နဲ့ ဥပဓိပေါ် သက်ရောက်မှုရှိပါတယ်။ မလိုက်ဖက်တဲ့ ငွေလက်ပတ်တွေ ၊ အပေါစား နာရီနဲ့ ဆွဲကြိုးကြီးတွေ ဝတ်လိုက်တာက သင့်ရဲ့ ဆွဲဆောင်မှုကို သင်ကိုယ်တိုင်ပဲ ဖျက်ဆီးပစ်ရာရောက်ပါတယ်။ ဒါကြောင့် ကိုယ်ဝတ်ထားတဲ့ အသုံးအဆောင်တွေက ကိုယ်နဲ့လိုက်သလားဆိုတာကို အရင်ကြည့်လိုက်ပါ။

(၂) အဝတ်အစား အရွေးမှန်ပါစေ

Men's Fashion

Photo: Unsplash

ဖက်ရှင်မိဖို့ Fabrics တွေ ရွေးရာမှာလည်း ဂရုပြုဖို့ လိုပါတယ်။ ဥပမာ- ကိုယ်က လယ်သာအသုံးအဆောင်တွေကို အဓိက ဆင်လာတဲ့နေ့ဆို လယ်သာနာရီကြိုးက သင့်ခါးပတ်နဲ့ Match ဖြစ်နေဖို့ လိုပြီး သင့်ခါးပတ်က သင့်ဖိနပ်နဲ့ Match ဖြစ်ရမှာပါ။ သဲဝါရောင် လယ်သာရှုးစ်တွေနဲ့ အနက်ရင့်ရောင် နာရီကြိုးတွေဝတ်လာပြီး အညိုရင့်ရောင်ခါးပတ် ပတ်လာရင် Match မဖြစ်ဘူးလို့ ဆိုနိုင်ပါတယ်။ ဒီတော့ ချည်နဲ့ ကာလာအတွဲအစပ်ဟာ ဟန်ချက်မျှနေဖို့လည်း လိုပါတယ်။ အကောင်းဆုံးက ဖိနပ်နဲ့ ခါးပတ်တွေ ဝယ်ရင် အရောင်မတူတာ ဝယ်ပါ။ ခါးပတ်နဲ့ နာရီတွေဆို မတူတဲ့ကြိုးတွေ ပြောင်းလို့ ရပါတယ်။ ခါးပတ်ကြိုး ၊ နာရီကြိုးအရောင်မတူတာတွေ ဝယ်စုထားပါ။

(၃) သန့်သန့်ရှင်းရှင်း နေပါ

Young Handsome Man

Photo: Unsplash

အရိုးရှင်းဆုံး နဲ့ အခြေခံအကျဆုံးအချက်တစ်ခုက အမြဲတမ်း သန့်သန့်ရှင်းရှင်း သပ်သပ်ရပ်ရပ် နေဖို့ပါပဲ။ ဆံပင်ပုံစံကောင်းကောင်း ညှပ် ၊ မုတ်ဆိတ်/နှုတ်ခမ်းမွေးတွေကို သန့်သန့်ရှင်းရှင်း ပြုပြင်ထား ၊ လူကလည်း မွှေးမွှေးကြိုင်ကြိုင်နဲ့ဆို ဆွဲဆောင်မှုက အလိုလို ရှိနေမှာပါ။ တစ်ကိုယ်ရည်သန့်ရှင်းမှုကို ဂရုစိုက်ရုံနဲ့တင် သင်ဟာ မချောတောင် ဆွဲဆောင်မှု ရှိလာပါလိမ့်မယ်။

Featured Photo: chivmen