အလုပ်ထဲမှာ ဘာမှ စိတ်မပါတော့တဲ့ အခြေအနေဆိုက်သွားသူတွေ ရှိပါလိမ့်မယ်။ ခြေကုန်လက်ပန်းကျပြီး ဘာမှ လုပ်ချင်စိတ်မရှိတော့ဘဲ ကိုယ်ချစ်ခဲ့တဲ့ အလုပ်ကနေတောင် ထွက်ချင်တဲ့စိတ် ဖြစ်သွားတတ်ပါတယ်။ ဒါကို Burnout လို့ သုံးနှုန်းကြပါတယ်။

စိတ်ဖိစီးမှုနဲ့ အလုပ်မအားမှုတွေဟာ Burnout ဖြစ်စေတဲ့ အကြောင်းတရားတွေထဲမှာ ပါပါတယ်။ အလုပ်လုပ်ချင်စိတ်ပျောက်ဆုံးမှုဖြစ်တဲ့ ဝန်ထမ်း ၁၀၀ မှာ ၈၀ ဟာ ပိုပြီးဖိအားကို ခံစားရသူတွေဟာ လူကြီးတွေထက် လူငယ်တွေ ဖြစ်နေကြတယ်လို့ ဆိုပါတယ်။ ဒါကြောင့်ပဲ အလုပ်လုပ်ချင်စိတ် ပျောက်ဆုံးသွားတဲ့အခါ အခုပြောမယ့်နည်းလေးတွေနဲ့ တည့်မတ်ရှေ့ဆက်ဖို့ အကြံပေးလိုက်ရပါတယ်။

(၁) အားဖြည့်ဖို့ အချိန်ပေးပါ

Photo: Freepik

စိတ်ဖိစီးမှုနဲ့ အလုပ်ပင်ပန်းမှု ကြုံလာတဲ့အခါ ရင်ဆိုင်ခုခံတဲ့နည်းက အမြဲတမ်းအဆင်ပြေချင်မှ ပြေပါလိမ့်မယ်။ အကောင်းဆုံးက ကိုယ့်ကိုယ်ကိုယ် ပြန်ချိန်ညှိဖို့ အနားယူအားမွေးတဲ့အလေ့အကျင့်လည်း လုပ်ပေးသင့်ပါတယ်။ အလုပ်က ရက်ရှည်ခွင့်ယူပြီး ခရီးထွက်တာ ၊ မိသားစုနဲ့ အေးချမ်းတိတ်ဆိတ်တဲ့နေရာကို သွားပြီး အနားယူတာမျိုး လုပ်သင့်ပါတယ်။

အလုပ်ကို မေ့ထားပြီး ကိုယ်ရော စိတ်ပါ လွှတ်ချထားတဲ့အနေနဲ့ အနားယူရမှာပါ။ အနားယူနေချိန်မှာ ကျန်းမာရေးလိုက်စားတာ ၊ အလုပ်နဲ့မဆိုင်တဲ့ ဝါသနာလေးတွေ လုပ်ပေးတာ ၊ သဘာဝတရားအကြောင်း ပိုနားလည်အောင် လုပ်တာမျိုးအတွက် အချိန်ပေးသင့်ပါတယ်။

(၂) အလုပ်ရှင်နဲ့ ဆက်သွယ်ပါ

Photo: Freepik

အလုပ်ဝန်ပိလွန်းလို့ အလုပ်လုပ်ချင်စိတ်ကုန်တာ ဒါမှမဟုတ် ကိုယ်လုပ်နေရတဲ့ အလုပ်တာဝန်တွေကို ငြီးငွေ့လွန်းလို့ အလုပ်မလုပ်ချင်ဖြစ်လာတာ ဆိုရင် ကိုယ့်သူဌေးနဲ့ တိုက်ရိုက်ညှိနှိုင်းသင့်ပါတယ်။ ကိုယ်တကယ်လုပ်နိုင်တဲ့ အတိုင်းအတာနဲ့ ကိုယ်လုပ်ချင်တဲ့ တာဝန်သစ်တွေအကြောင်း အလုပ်ရှင်ကို ပြောပြပါ။

ဒါမျိုးက အလုပ်ဌာနပြောင်းတာလည်း ဖြစ်နိုင်သလို အလုပ်နေရာပြောင်းတာလည်း ဖြစ်နိုင်ပါတယ်။ ဘာပဲဖြစ်ဖြစ် အလုပ်မှာ အပြောင်းအလဲတွေ ဖြစ်သွားပြီး ကိုယ်တကယ်အားထည့်လုပ်ချင်တဲ့ဘက်ကို ရောက်သွားရင် Burnout ဖြစ်နေတာ ပြေပျောက်သွားနိုင်ပါတယ်။

(၃) အိမ်ကို အလုပ်သယ်မလာနဲ့

Photo: Freepik

မှတ်ထားပါ။ ကိုယ်ကိုယ်တိုင်က အလုပ်ခွင်စိတ်ပင်ပန်းမှု မြင့်လာရင် အလုပ်တွေ အိမ်ပါလာခြင်းကြောင့် အိမ်မှာပါ ပြဿနာအလီလီတက်ပြီး ပျော်ရွှင်ချမ်းမြေ့မှု ပျောက်ဆုံးနိုင်ပါတယ်။ ဘာမှလည်း အကျိုးရှိမှာ မဟုတ်ပါဘူး။ တစ်နေ့တာ ဘဝမှာ ကိုယ့်အတွက်ကိုမှ အချိန်မရှိရင် ဖြေရှင်းနည်းသစ်တွေနဲ့ အလုပ်-ဘဝ ဟန်ချက်ညီဖို့ အဖြေရှာသင့်ပါပြီ။