လူမှုဆက်ဆံရေးပုံစံကောင်းတစ်ခုကို ထိန်းထားနိုင်တဲ့သူတွေဟာ လူ‌တော်တွေပါပဲ။ ကျွမ်းကျင်တဲ့ ဆက်ဆံရေးသမားတစ်ယောက်ဟာ အခွင့်အလမ်းတံခါးပေါက်တွေရှေ့ ရောက်နေသူတွေ ဖြစ်ပါတယ်။ ဒါကြောင့်ပဲ Relationship တစ်ခုကို ပိုကောင်းအောင်ပဲ တည်ဆောက်နေရမှာပါ။

(၁) အကောင်းမြင်မှုနဲ့ ရှေ့ဆက်ပါ

Photo: youngisthan

သံသယနဲ့ အထင်အမြင်တွေဟာ လူတွေရဲ့ ဆက်ဆံရေးကို ဖျက်ဆီးနိုင်တဲ့ လက်နက်တွေ ဖြစ်ပါတယ်။ ပေါင်းသင်းဆက်ဆံရေးတစ်ခု ရေရှည်ပြေပြစ်ကောင်းမွန်စေချင်တယ်ဆိုရင် အကောင်းမြင်စိတ် ရှေ့ထားပြီး ဆက်ဆံမှု လုပ်ဖို့ပါပဲ။ ဒီလိုပြောလို့ ကိုယ့်သူငယ်ချင်းရဲ့ အပြစ်တွေကို မသိချင်ယောင်ဆောင်တာမျိုး မဖြစ်သင့်ဘဲ ကောင်းတာအတွက် ချီးကျူးပြီး မှားခဲ့တာတွေအတွက် လက်ခံပေးဖို့ပါပဲ။

(၂) အတိတ်တွေကို ချန်ထားခဲ့ပါ

Photo: askmen

နောက်တစ်ချက်က လူမှုဆက်ဆံရေးမှာ ပြီးခဲ့တာတွေ ပြီးပါစေဆိုတဲ့ စိတ်ထားမထားတတ်ရင် အဖုအထစ်တွေ ဖြစ်လာပါလိမ့်မယ်။ အတိတ်ကို ပြန်လှန်ပြီး ထိုးနှက်တာဟာ ရန်သူတွေရဲ့ အလုပ် ဖြစ်ပါတယ်။ ဟာသအနေနဲ့တောင် မိတ်ဆွေတွေအကြားမှာ ပြန်ပြောဖို့ မကောင်းတဲ့ အတိတ်အကြောင်းကို မဖြစ်မနေ ချန်လှပ်ထားခဲ့ဖို့ လိုပါတယ်။

(၃) အနုပညာမြောက်စွာ ငြင်းခုံပါ

Photo: Telegraph

စိတ်ချင်းမတိုက်ဆိုင်တဲ့အခါ တစ်ယောက်နဲ့တစ်ယောက် ငြင်းတာ ခုံတာတွေ ရှိတတ်တာ သဘာဝပါပဲ။ လူအချင်းချင်း ပေါင်းသင်းဆက်ဆံရေးမှာ ငြင်းခုံခြင်းဟာ ရှောင်လို့ မဖြစ်နိုင်တဲ့အရာ ဖြစ်ပါတယ်။ ရှောင်မရလို့ ငြင်းရတော့မယ်ဆိုရင် လေးစားမှုပါပါစေ ၊ ဟာသနဲ့ အဆုံးသတ်ပါစေ။ ခင်မင်ရင်းနှီးစွာနဲ့ ငြင်းတာပဲ ဖြစ်ပါစေလို့ပဲ အကြံပြုရမှာ ဖြစ်ပါတယ်။