ညဘက်တွင် အိပ်ရေးပျက်ခြင်း၊ ကျန်းမာရေးနဲ့ မညီညွှတ်တဲ့အစားအစာများ စားသုံးခြင်း၊ ကျောင်းစာ၊ အလုပ် စတဲ့ အကြောင်းအမျိုးမျိုးကြောင့် စိတ်ဖိစီးမှုဒဏ်ခံနေရခြင်းသည် စိတ်ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။ စိတ်ဝေဒနာ ခံစားရတဲ့အထိ ရောဂါ မပြင်းထန်စေချင်ဘူးဆိုရင်တော့ စိတ်ဖိစီးမှုများကို အချိန်မှီဖယ်ရှားပစ်ဖို့လိုအပ်ပါတယ်။

အကြောင်းအမျိုးမျိုးကြောင့် စိတ်ဖိစီးမှုဒဏ်ကို အလူးအလဲခံနေရတဲ့ ယောကျာ်းမျာအတွက် စိတ်ဖိစီးမှုများကို ဖယ်ရှားပေးမယ့် နည်းလမ်းကောင်း (၃) ခု ဝေမျှပေးချင်ပါတယ်။

အကောင်းမြင်စိတ်နှင့် နိုးထလာပါ

3 Ways to Manage Stress

မနက်ခင်းအချိန်အခါသည် လူအများအတွက် အလုပ်အရှုပ်ဆုံးအချိန်ဖြစ်ပါတယ်။ ရုံးအမှီ ပြင်ဆင်ရတယ်၊ ထမင်းဘူးထည့်ရတယ်၊ အိမ်ထောင်ရှိတဲ့ အမျိုးသားများအနေနဲ့ ကိုယ့်ကလေးကို ကျောင်းကြိုကျောင်းပို့ ပြင်ဆင်ပေးရတယ် စသည်ဖြင့် အလုပ်ရှုပ်ကြပါတယ်။

သင်သည် မနက်မှာ နှစ်နာရီပဲ ကြိုထရသည်ဖြစ်စေ၊ နှစ်မိနစ်ပဲ စောထရသည်ဖြစ်စေ အရေးမကြီးပါဘူး။ အရေးကြီးဆုံးကတော့ နေ့တစ်နေ့အစပြုတဲ့အခါ အကောင်းမြင်စိတ်နဲ့ နိုးထဖို့ပါပဲ။ နေ့တစ်နေ့မှာ ကျန်းကျန်းမာမာနဲ့ ကိုယ်ချစ်တဲ့ ချစ်ခင်သူတွေနဲ့အတူ နိုးထခွင့်ရလို့ ကျေးဇူးတင်လိုက်ပါ။

ကိုယ့်ခန္ဓာကိုယ်အတွက် မိနစ် ၂၀ ခန့် အချိန်ပေးပါ

3 Ways to Manage Stress

ဘယ်လောက်ပဲ အလုပ်ရှုပ်နေပါစေ ကိုယ့်ခန္ဓာကိုယ်အတွက် မိနစ် ၂၀ ခန့် အချိန်ပေးဖို့လိုပါတယ်။ မနက်စောစောဖြစ်စေ အလုပ်အားလုံးပြီးသွားတဲ့ ညနေခင်းအချိန်အခါပဲဖြစ်စေ လေ့ကျင့်ခန်းပြုလုပ်ပေးရမှာဖြစ်ပါတယ်။ လေ့ကျင့်ခန်းမှန်မှန်ပြုလုပ်ပေးခြင်းသည် သင့်ခန္ဓာကိုယ်ကျန်းမာရေးအတွက်သာမက စိတ်ကျန်းမာရေးအတွက်လည်း အထူးကောင်းမွန်ပါတယ်။ ခန္ဓာကိုယ် တက်ကြွလန်းဆန်းစေတာကြောင့် စိတ်ကျရောဂါ ခံစားရခြင်းမှလည်း ကင်းဝေးစေပါလိမ့်မယ်။

မိသားစု၊ သူငယ်ချင်း၊ ချစ်သူ၊ ခင်သူများနဲ့ အချိန်ကုန်ဆုံးပါ

3 Ways to Manage Stress

လေ့လာတွေ့ရှိချက်တစ်ခုအရ ကိုယ့်ရဲ့ချစ်ခင်သူများနဲ့ အတူတူအချိန်ကုန်ဆုံးခြင်းသည် စိတ်ဖိစီးမှုများကို ဖယ်ရှားပေးတယ်လို့ သိရှိရပါတယ်။ ကလေးငယ်များနဲ့ ဆော့ကစားပေးခြင်း (သို့) ကိုယ့်ရဲ့ အိမ်မွေးတိရစ္ဆာန်များနဲ့ အတူတူဆော့ကစားပေးခြင်းတို့သည်လည်း စိတ်ပျော်ရွှင်စေတဲ့ ဟော်မုန်းများကို ထုတ်လုပ်ပေးပြီး စိတ်ဖိစီးမှုများကို ဖယ်ရှားပေးနိုင်ပါတယ်။

ကိုယ့်ရဲ့ ဆိုရှယ်မီဒီယာပေါ်မှာ အတုအယောင်အရာတွေကို ကြည့်ပြီး အားကျကာ ကိုယ်လည်း သူတို့လိုမဖြစ်ပါလားဆိုတဲ့ စိတ်ဖိစီးမှု ခံယူနေမယ့်အစား ကိုယ့်ရဲ့ချစ်ခင်သူများနဲ့ စကားစမြည်ပြောကာ ပျော်ပျော်ပါးပါး ကုန်ဆုံးလိုက်ပါ။

Source: Healthline.com

Featured Image Source: Rightsteprehabhouston.com