ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိတဲ့သူတွေဟာ သူတို့ဘဝမှာအောင်မြင်ဖို့ အခွင့်အရေးပိုများပါတယ်။ Self-Confidence ဆိုတာ လွယ်လွယ်နဲ့တော့ မရနိုင်ပါဘူး။သေချာလေ့ကျင့်တည်ဆောက်ထားရတာမျိုးပါ။ဒီနေ့မှာတော့ ကိုယ့်ကိုယ်ကို ယုံကြည်မှုမြှင့်တင်နိုင်မယ့် နည်းလမ်းတွေပြောပြပေးချင်ပါတယ်။

(၁) အကြောက်တရားနဲ့ရင်ဆိုင်ပါ

Source : Unsplash

ကိုယ့်ကိုယ်ကို ယုံကြည်မှုလျော့နည်းစေတာ အဓိကကြောက်စိတ်ပါ။ကြောက်စိတ်က အရာရာကိုကန့်သတ်လိုက်သလို ကိုယ့်ကိုယ်ကိုလည်း စည်းတစ်ခုအတွင်းက မထွက်နိုင်အောင် ထိန်းချုပ်သွားပါလိမ့်မယ်။ ဥပမာ လူတွေကြားသွားရမှာကြောက်လား။ စင်ပေါ်တက်ပြီး စကားပြောရတာကြောက်လား။ ဒီလိုကိုယ်ကြောက်တဲ့အရာတွေကို ဖြည်းဖြည်းချင်းရင်ဆိုင်ကြည့်ပါ။ ကိုယ်ကြောက်တဲ့အရာတွေကို ထိပ်တိုက်ရင်ဆိုင်ပြီး ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိလာအောင် ကြိုးစားလို့ရပါတယ်။

(၂) အကောင်းမြင်စိတ်မွေးပါ

Source : Freepik

မကောင်းမြင်တက်တဲ့ စိတ်တွေက သင့်ကိုယုံကြည်မှုလျော့နည်းစေပါတယ်။ ကိစ္စတိုင်းကိုအဆိုးဘက်ကရှု့မြင်နေရင် သင့်ရဲ့ဘဝမှာလည်း မကောင်းတဲ့ အရာတွေပဲရရှိလာဖို့များပါတယ်။ငါကအသုံးမကျဘူး ငါမလုပ်နိုင်ဘူး ငါကအရာရာတိုင်းမှာလိုအပ်ချက်တွေနဲ့ စသည်ဖြင့် ကိုယ်ကိုယ့်ကို အဆိုးဘက်ကိုပဲမြင်နေမယ်ဆိုရင်ယုံကြည်မှုက လုံးဝကိုရှိမှာမဟုတ်တော့ပါဘူး။ ဒါကြောင့်အတက်နိုင်ဆုံးအကောင်းမြင်စိတ်ထားကြည့်ပါ။ အကောင်းမြင်စိတ်မွေးမြူလိုက်တာနဲ့ အမျှ သင့်ကိုယ်သင် ယုံကြည်မှုလည်း တိုးလာမှာဖြစ်ပါတယ်။

(၃) ကိုယ့်ကိုယ်ကိုချစ်ပါ

Source : iStock

ကိုယ့်ကိုယ်ကိုယုံကြည်မှုအပြည့်ရှိသူတွေက သူတို့ကိုသူတို့ အင်မတန်ချစ် အင်မတန်ဂရုစိုက်ကြပါတယ်။ ကိုယ့်ကိုစိတ်ဖိစီးစေမယ့် အရာတွေအတက်နိုင်ဆုံးရှောင်ကျဉ်ကြပါတယ်။ ကိုယ်တိုင်ဘဝမှာပျော်ရွှင်မှုအစစ်အမှန်ကို ခံစားကြပါတယ်။ ကိုယ့်ရဲ့ စိတ်ကျန်းမာရေး ကိုယ်ကျန်းမာရေးကိုအလေးထားပြီး ကိုယ့်ကိုယ်ကို အပြည့်အဝဂရုစိုက်ကြတာဖြစ်ပါတယ်။ ကျန်းမာတဲ့စားသောက်နေထိုင်မှု ကိုယ်ကာယလှုပ်ရှားမှု ဝတ်စားဆင်ယင်မှု တစ်ကိုယ်ရေးသန့်ရှင်းမှု စတဲ့အရာတွေအားလုံးကို ဂရုစိုက်ပြီး ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိအောင်နေထိုင်ကြတာပါ။ဒါကြောင့်သင်လည်းကိုယ့်ကိုယ်ကိုချစ်ပါ။ဂရုစိုက်ပါ။