အသက် (၃၀) ဆိုတဲ့ သက်တမ်းတစ်ခုကို ရောက်လာပြီလား။ ဒါဆိုသက်တမ်းရဲ့ တဝက်နီးပါးကို ဖြတ်ကျော်ပြီးပြီပေ့ါ။ လူငယ်လေးတစ်ယောက်လို ပေ့ါပျက်ပျက်အမူအကျင့်တွေကို ထားခဲ့သင့်ပါပြီ။

အစားအစာကိုမြန်မြန်စားခြင်း

Source: bagus3d.com

အစားအသောက်တွေစားသုံးတဲ့အခါ နောက်ကလူလိုက်လာသလို တက်သုတ်ရိုက်မစားသင့်ပါဘူး။ လူမြင်မတင့်တယ်သလို အစားအစာတွေရဲ့အရသာကိုလည်း ခံစားသိနိုင်မှာမဟုတ်ပါဘူး။ ပတ်ဝန်းကျင်ကနှာခေါင်းရှုံ့စရာ အမူအကျင့်ကြီးတစ်ခုပေ့ါ။

ဆေးလိပ်သောက်ခြင်း

Source: Big Think

အသက် (၁၈) နှစ်အရွယ်မှာ ဆေးလိပ်သောက်ခြင်းဟာ အလွန်အထင်ကြီးစရာစတိုင်ကျတဲ့ အပြုအမူတစ်ခုဖြစ်ခဲ့မှာပါ။ ယခုတည်ငြိမ်ရင့်ကျက်တဲ့အရွယ်မှာတော့ ဆေးလိပ်သောက်ခြင်းဆိုတဲ့ မကောင်းတဲ့အပြုအမူတစ်ခုကို နှုတ်ဆက်ချန်ထားသင့်ပါပြီ။ နှလုံးနဲ့အဆုတ်ကို ဒုက္ခပေးပြီး ငွေထွက်ပေါက်တစ်ခုဖြစ်တဲ့ ဆေးလိပ်သောက်ခြင်းကို မပြုလုပ်သင့်တော့ပါဘူး။

ဂိမ်းကစားခြင်း

Source: The Cheat Sheet

ယနေ့ခေတ်မှာ အမျိုးမျိုးသောနည်းပညာတွေနဲ့ ဂိမ်းမျိုးစုံတို့ပေါ်ထွက်လျက်ရှိပါတယ်။ ဒါပေမယ့်ဆယ်ကျော်သက်ကလေးတွေလိုတော့ ဂိမ်းတွေနဲ့ အချိန်ဖြုန်းနေတာမျိုးမဖြစ်သင့်ပါဘူး။ ဘဝမှာ ဂိမ်းထက်အရေးပါတဲ့ လုပ်ငန်းဆောင်တာတွေအများကြီးရှိနေပါတယ်။

မိဘရဲ့လောင်းရိပ်အောက်မှာနေခြင်း

Source: hollywoodreporter.com

အသက် (၃၀) အရွယ်ဆိုတာဟာ မိဘတွေကိုပြန်လည်စောင့်ရှောက်ပေးရမယ့် အရွယ်ပါ။ မိဘတွေရဲ့ပြု စုစောင့်ရှောက်မှုကိုခံယူပြီး ရေသာခိုနေဖို့တော့ မသင့်တော့ပါဘူး။ ကိုယ်ပိုင်ဆုံးဖြတ်ချက်တွေနဲ့ ဘဝကိုကျော်ဖြတ်သင့်နေပါပြီ။

အရက်၊ ဘီယာသောက်သုံးခြင်း

Source: ifiberone.com

မိတ်ဆွေ၊ အပေါင်းအသင်းများနဲ့ တွေ့ဆုံပြီးဝိုင်းဖွဲ့သောက်စားကြတာ တခါတလေအတွက် အဆင်ပြေပါတယ်။ ဒါပေမယ့် လူငယ်လေးတွေလို အမြဲသောက်စားပျော်ပါးနေရင်တော့ မကောင်းတဲ့အနှုတ်လက္ခဏာကို ဆောင်နေပါပြီ။ သင်ဟာတည်ငြိမ်လေးနက်တဲ့သူတစ်ယောက်ဖြစ်သင့်ပြီလေ။