နာမည်ချင်း ဆင်တာနဲ့ပဲ Corona ဘီယာကို သောက်ဖို့ တွန့်လာတဲ့သူတွေ ရှိနေတယ်လို့ ဆိုပါတယ်။CNN သတင်းတစ်ပုဒ်မှာတော့ အမေရိကန်အမျိုးသားတွေရဲ့ ၃၈% ဟာ ကိုရိုနာဗိုင်းရပ်စ် ကူးမှာစိုးရိမ်တယ်ဆိုပြီး Corona ဘီယာကို မသောက်ဘဲ ရှောင်ကျဉ်လာကြတယ်လို့ ဖော်ပြထားပါတယ်။5W Public Relations ကနေ လုပ်တဲ့ စစ်တမ်းမှာ အမေရိကန်က ဘီယာသောက်သူ ၇၀၀ ကျော် ဖြေဆိုခဲ့တာပါ။
Photo: Reddit
နာမည်ကလွဲရင် ကိုရိုနာဗိုင်းရပ်စ်နဲ့ ကိုရိုနာဘီယာအကြား ဆက်စပ်မှု မရှိပေမယ့် ကြောက်တဲ့သူတွေကတော့ ကြောက်နေကြတာ ဖြစ်ပါတယ်။စစ်တမ်းမှာ ဝင်ဖြေခဲ့သူရဲ့ ၁၆% ကလည်း ကိုရိုနာဗိုင်းရပ်စ်နဲ့ Corona ဘီယာအကြား ဆက်စပ်မှု ရှိမရှိ မသိဘူးလို့ ဖြေကြပါတယ်။
Source : Eater
Corona ဘီယာကုမ္ပဏီကတော့ ဘီယာရောင်းအားမကျအောင်လို့ သူတို့ရဲ့ ဘီယာကြော်ငြာမှာ အပြောင်းအလဲ လုပ်ဖို့ မရှိဘူးလို့ ပြောပါတယ်။ Corona ရဲ့ မိခင်ကုမ္ပဏီ Constellations Brand ဟာ ဘီယာ ၊ ဝိုင်နဲ့ ယမကာတွေ ထုတ်လုပ်နေတဲ့ အမေရိကန်ရဲ့ အကြီးဆုံး ဘီယာတင်ပို့ရေး ကုမ္ပဏီကြီး ဖြစ်ပါတယ်။