ယောကျာ်းလေးပဲဖြစ်ဖြစ်၊ မိန်းကလေးပဲဖြစ်ဖြစ် အသက် ၂၀ ကို ကျော်လာပြီဆိုရင် ပညာရေးပိုင်းမှာ အခြေအနေတစ်ခုရောက်လာပြီးတော့ အလုပ်လုပ်ကိုင်ရတော့မယ့် အချိန်ရောက်လာတာပဲဖြစ်ပါတယ်။ အဲ့ဒီအချိန်မှာ ယောကျ်ားလေးတွေအတွက် အပြင်လောကကြီးနဲ့ ဆက်သွယ်ပြီးနေထိုင်ရတော့မယ့်အချိန်မှာ အလိုအပ်ဆုံးသော အရာဝတ္ထုတွေ၊ အသုံးအဆောင်တွေကို ဖော်ပြပေးလိုက်ပါတယ်။

White Shirt

Source: GQ

အသက် ၂၀ အောက်မှာတော့ သာမန်တီရှပ်လေးနဲ့နေတာက အဆင်ပြေပေမယ့် အသက် ၂၀ ကျော်လာပြီးတဲ့အချိန်မှာတော့ White Shirt တွေက မဖြစ်မနေကို လိုအပ်လာပါတယ်။ အနောက်တိုင်းဝတ်စုံနဲ့မှ ဝတ်ဆင်ဖို့မဟုတ်ပဲ သာမန် ပွဲအခမ်းအနားတွေ၊ Casual Event တွေအတွက် အမြဲတမ်းသင့်လောျ်နေတယ်ဆိုတော့ ကော်လာပုံစံအမျိုးမျိုး၊ Cutting အမျိုးမျိုးကို ဝယ်ထားသင့်ပါတယ်။

Suit

Source: GQ

အသက် ၂၀ နောက်ပိုင်းမှာ မင်္ဂလာဆောင်တွေ၊ အင်တာဗျူးတွေ၊ အလုပ်နဲ့ သက်ဆိုင်တဲ့ Event တွေ တက်ရတော့မယ်ဆိုရင် အနောက်တိုင်းဝတ်စုံတစ်ခုက မဖြစ်မနေလိုအပ်လာပါပြီ။ ဘယ်သွားသွားသင့်လျော်တာကတော့ အနက်ရောင် Coat ဖြစ်ပြီးတော့ နွေရာသီမှာပါ ပေါ့ပေါ့ပါးပါးဝတ်ဆင်ဖို့အတွက် လက်ရာကောင်းတဲ့ အကျီချုပ်ဆရာနဲ့ သေချာကိုယ်တိုင်းအပ်ပါ။ အသင့်ဝယ်ယူမယ်ဆိုရင်လည်း ဈေးကို မကြည့်ပဲ ကိုယ်နဲ့လိုက်ဖက်တာာကိုပဲ သေချာရွေးချယ်ပါ။

ဘယ်သွားသွားသင့်လျော်မယ့် နာရီတစ်လုံး

Source: GQ

စမတ်ဖုန်းနဲ့ နာရီကြည့်လို့ရတယ်ဆိုတဲ့ ဆင်ခြေကို အသက် ၂၀ အောက်မှာပဲထားခဲ့ပါ။ ကိုယ်နေထိုင်တဲ့ပုံစံအပေါ်မှုတည်ပြီး ဘယ်သွားသွား ကိုယ့်ရဲ့ နေထိုင်မှုပုံစံကို ထင်ဟပ်နေစေမယ့် နာရီတစ်လုံးက အသက် ၂၀ ကျော်လာတဲ့ ယောကျ်ားလေးတိုင်းအတွက် မရှိမဖြစ်ပါ။ Smartwatch ပဲဖြစ်ဖြစ်၊ လှပတဲ့ လယ်သာကြိုးနဲ့ပဲဖြစ်ဖြစ်၊ ခန့်ညားတဲ့ Metal လက်ပတ်နဲ့ပဲဖြစ်ဖြစ် မြင်လိုက်တာနဲ့ လူကြားထဲထင်းနေမယ့် နာရီတစ်လုံးကတော့ မဖြစ်မနေလိုအပ်ပါတယ်။

Dress Shoes

Source: GQ

ဒါကလည်း အရေးအကြီးဆုံးထဲမှာပါဝင်ပါတယ်။ မိန်းကလေးတွေအတွက် ဒေါက်ဖိနပ်လိုပဲ ယောကျ်ားလေးတစ်ယောက်အတွက်လည်း အနည်းဆုံး Dress Shoes ၂ ရံရှိထားသင့်ပါတယ်။ အရောင်ကတော့ အနက်ရောင် နဲ့ အညိုရောင်က အသင့်တော်ဆုံးပါ။