တစ်ချို့သောအကျင့်ဆိုးတွေဟာ ကျွန်တော်တို့ဘဝရဲ့ တိုးတက်မှုတွေကို နှောင့်နှေးအောင် လုပ်ဆောင်နေပါတယ်။ လူတော်တော်များများကတော့ ဒီလိုအကျင့်ဆိုးတွေကိုလုပ်နေမိပြီး ဘဝမှာတိုးတက်သင့်သလောက် မတိုးတက်ပဲ ရပ်တန့်နေမိတက်ကြပါတယ်။ စာဖတ်သူအနေနဲ့ အခုပြောပြမယ့်အကျင့်ဆိုးတွေလုပ်နေမိတယ်ဆိုရင်ဒီနေ့ပဲ ရပ်တန့်လိုက်ဖို့ အကြံပြုချင်ပါတယ်။

(၁) ဆုံးဖြတ်ချက်ချဖို့ တွန့်ဆုတ်နေခြင်း

Source : Shutterstock

ဘဝမှာ ဆုံးဖြတ်ချက်တစ်ခုမဖြစ်မနေချရမဲ့ အခြေအနေမျိုးတွေ ကြုံလာနိုင်ပါတယ်။ ဒီလိုအခြေအနေမှာ ကိုယ့်အနေနဲ့ ခိုင်မာတိကျတဲ့ ဆုံးဖြတ်ချက်ချနိုင်ဖို့ ဝေဝါးနေမယ်ဆိုရင် ကိုယ်ဆုံးဖြတ်တဲ့အရာတစ်ခုကလည်း မှန်ကန်ဖို့ ရာခိုင်နှုန်းနည်းသွားမှာဖြစ်ပါတယ်။ ဒီတော့မလိုလားအပ်တဲ့ အမှားတွေ ဖြစ်လာပြီးရလဒ်တွေကလည်း မျော်လင့်ထားသလိုဖြစ်မလာနိုင်တော့ပါဘူး။ဒါကြောင့် ဘာပဲလုပ်လုပ် ဆုံးဖြတ်ချက်တစ်ခုချရတော့မယ်ဆိုရင် တိကျသေချာစွာကိုယ့်ကိုယ်ကိုဆန်းစစ်ပြီး ရဲရဲဝင့်ဝင့်ဆုံးဖြတ်ချက်ဖို့တိုက်တွန်းပါရစေ။

(၂) အချိန်ဖြုန်းနေခြင်း

Source : Shutterstock

အချိန်ဆိုတာ နောက်ပြန်ဆုတ်လို့မရသလို အစားထိုးလို့လည်းမရနိုင်ပါဘူး။ ဒါကြောင့်ကိုယ့်ရဲ့ အချိန်တွေကို တန်ဖိုးထားပြီး အကျိုးရှိစွာ အသုံးပြုတက်ရပါမယ်။ စောပါသေးတယ် နောက်နေ့မှလုပ်မယ်ဆိုတဲ့ ဆင်ခြင်ဆင်လက်တွေနဲ့ အချိန်တွေကို ရွေ့ဆိုင်းနေခြင်းက သင့်ဘဝရဲ့ တိုးတက်မှုလမ်းကြောင်းကို နှောင့်နှေးစေတာကြောင့် အချိန်ဖြုန်းနေမိတဲ့အကျင့်တွေရှိရင် ချက်ချင်းဖျောက်ဖျက်လိုက်ပါ။

(၃) ရည်မှန်းချက်မထားခြင်း

Source : Shutterstock

ဘဝဆိုတာ ပင်လယ်ပြင်ကြီးဖြစ်ခဲ့မယ်ဆိုရင် ရည်မှန်းချက်ဆိုတာ သံလိုက်အိမ်မြှောင်တစ်ခုပါပဲ။ ရည်မှန်းချက်မရှိတဲ့လူဟာ ပင်လယ်ပြင်မှာ ဦးတည်ရာမဲ့ မျှောပါနေတဲ့ လှေငယ်တစ်စီးလိုဖြစ်နေမှာပါ။ ကိုယ့်ဘဝမှာ ကိုယ်ဖြစ်ချင်တဲ့ရည်မှန်းချက်တွေကို သိရှိထားမယ်ဆိုရင် ဘယ်အရပ်ကိုသွားရမလဲဆိုတဲ့ ဦးတည်ရာကို သံလိုက်အိမ်မြှောင်တစ်ခုသဖွယ် ထင်ထင်ရှားရှားညွှန်ပေးနေမှာဖြစ်ပါတယ်။ ဒါကြောင့် ကိုယ်ဘဝမှာ ဘာဖြစ်ချင်တာလဲ ဘာဝါသနာပါသလဲ ဘယ်လိုအရာတွေလုပ်ချင်လဲစသဖြင့် သေချာဆန်းစစ်ပြီး ရည်မှန်းချက်အပြည့်နဲ့ ဘဝကို လျောက်လှမ်းပါ။

(၄) လွယ်လွယ်လက်လျော့တက်ခြင်း

Source : Shutterstock

လက်လျော့ခြင်းဆိုတာ အရှုံးသမားတွေရဲ့ လုပ်ရိုးလုပ်စဉ်တစ်ခုပါ။ လွယ်လွယ်လက်လျော့တက်ခြင်းက အောင်မြင်မှုရဲ့ အသီးအပွင့်ကို ခံစားရဖို့ အလွန်ဝေးကွာစေပါတယ်။ အလုပ်တစ်ခုကို သေချာထည်ထည်ဝင်ဝင်လုပ်မကြည့်ပဲ အပေါ်ယံအမြင်နဲ့ ဆုံးဖြတ်ပြီးလက်လျော့မယ်ဆိုရင် သင့်ဘဝမှာ အတိုင်းအတာတစ်ခုအထိအောင်မြင်ဖို့မလွယ်ကူနိုင်ပါဘူး။ ဘယ်အရာမဆို အခက်အခဲဆိုတာရှိသလို ကျရှုံးမှုတွေကိုလည်း ထည့်စဉ်းစားဖို့လိုပါတယ်။ ကျရှုံးခဲ့ရင်တောင် လက်မလျော့ဘဲ အသစ်တစ်ဖန်ပြန်ကြိုးစားရင် အောင်မြင်ချင်းက သင့်ကိုကြိုဆိုနေမှာဖြစ်ပါတယ်။