အိမ်ထောင်ပြု ဘုရားတည် ဆေးမှင်ရည်စုတ်ထိုး ဤသုံးချက် မပိုင်လျှင် နောင်ပြင်ရန်ခက်သည်ဆိုတဲ့ ဆိုရိုးစကားအတိုင်းပါပဲ။ အရေပြားပေါ်မှာ တက်တူးရေးထိုးတာဟာ ပြန်ဖျက်ရခက်တဲ့ သေရာပါအနုပညာအမှတ်အသားတစ်ခုလို့ ဆိုရမှာပါ။ ဒါ့ကြောင့် တက်တူးထိုးဖို့ သေချာတဲ့ ဆုံးဖြတ်ချက်မချရသေးခင်မှာ လူငယ်ဆန်ဆန်နဲ့လည်း ဂေါ်ချင်တယ်ဆိုရင် ယာယီတက်တူးတွေက ပိုပြီးသင့်တော်ပါတယ်။

ဒီနေ့ခေတ်မှာ တော်ရုံနဲ့ ဆေးရောင်ကျမသွားပဲတကယ့် တက်တူးအစစ်နီးပါးတူတဲ့ ယာယီတက်တူးစတစ်ကာတွေလည်း ရှိလာပါပြီ။ ဒီဆောင်းပါလေးမှာတော့ တကယ့် တက်တူးအစစ်မထိုးချင်သေးတဲ့ ကွီးတို့အတွက် ဘယ်လိုမျိုး ယာယီတက်တူးလေးတွေက လူငယ်တွေကြားမှာ ခေတ်စားနေလဲဆိုတာ ပြောပြပေးမှာပါ။

(၁) အနုပညာမြောက်တဲ့တက်တူးဒီဇိုင်းများ

Artistic tattoo design

Photo : The manual

သဘာဝတရားကြီးရဲ့ အလှအပတွေကို အသားပေးဖော်ပြနေတဲ့ တောင်တန်းတွေ ရှုခင်းတွေလို အနုပညာဆန်ဆန် တက်တူးဒီဇိုင်းတွေက လူငယ်တွေနဲ့အလိုက်ဖက်ဆုံး ဒီဇိုင်းတွေထဲကတစ်ခု ဖြစ်ပါတယ်။ မရိုးလွန်း မဆန်းလွန်းပဲ ခေတ်မှီတဲ့တက်တူးဒီဇိုင်းတွေလို့လည်း ပြောလို့ရပါတယ်။ လက်မောင်း ၊ လက်ဖျံနဲ့ လက်ကောက်ဝတ် လိုနေရာတွေက အနုပညာဆန်တဲ့တက်တူးတွေကို ဖော်ပြဖို့အကောင်းဆုံးနေရာတွေဖြစ်ပါတယ်။

(၂) အမြင်အာရုံလှည့်စားနိုင်တဲ့ တက်တူးဒီဇိုင်းများ

Geometric tattoo design

Photo : The manual

ရှုပ်ရှုပ်ရှက်ရှက် Line တွေ Pattern တွေနဲ့ အမြင်အာရုံကိုလှည့်စားနိုင်တဲ့ Geometric တက်တူးဒီဇိုင်းတွေကလည်း အမျိုးသားတွေကြားမှာ အရမ်းကိုရေပန်းစားပါတယ်။ Geometric ပုံစံတက်တူးတွေက များသေားအားဖြင့် လက်တစ်ချောင်းလုံးနဲ့ ခြေသလုံး ၊ ရင်အုံတွေမှာ အပြည့်ဟဲဗီးရေးထိုးလေ့ရှိကြပြီး ဆိုဒ်ခပ်သေးသေးနဲ့ လှပဒီဇိုင်းတွေလည်း ရေးထိုးကြပါတယ်။ ယာယီတက်တူးအနေနဲ့ စတစ်ကာကပ်မယ်ဆိုရင် Geometric ပုံစံတက်တူးဒီဇိုင်းတွေက သေချာပေါက်ရွေးချယ်သင့်တဲ့အထဲမှာ ပါပါတယ်။

(၃) ပုံကြီးတက်တူးဒီဇိုင်းများ

Large tattoo design

Photo : The manual

တချို့က တက်တူးဆိုရင် ဆိုဒ်သေးသေးလေးတွေအများကြီးရေးထိုးရတာနှစ်သက်သလို အမျိုးသားအများစုကတော့ ဆိုဒ်ကြီးကြီး ဟဲဗီးပုံကြီးတွေ ရေးထိုးရတာ နှစ်သက်ကြပါတယ်။ တက်တူးဆိုပုံကြီးကြီးနဲ့မှ ဂေါ်ချင်ပါတယ်ဆိုတဲ့ ကွီးတွေကတော့ပုံကြီးတက်တူး ဒီဇိုင်းတွေရွေးချယ်နိုင်ပါတယ်။ အဓိကအားဖြင့် လက်မောင်း ၊ ရင်ဘတ် ၊ ပခုံးနောက်ကျောနဲ့ ခြေသလုံးလိုနေရာတွေက တက်တူးပုံကိုပေါ်လွင်စေပြီး အထာကျနေမှာပါ။

(၄) ဆိုဒ်ခပ်သေးသေးနဲ့ ချစ်စရာကောင်းတဲ့ တက်တူးဒီဇိုင်းများ

 Small tattoo design

Photo : The manual

လူငယ်ဆန်ပြီး ဖက်ရှင်ကျချင်တဲ့ ကွီးတို့အတွက်တော့ ဆိုဒ်ခပ်သေးသေးနဲ့ Cute ဖြစ်တဲ့ တက်တူးပုံလေးတွေရွေးချယ်ဖို့အကြံပြုချင်ပါတယ်။ ပုံသေးသေးလေးတွေ ၊ စာတန်းလေးတွေနဲ့ ခန္ဓာကိုယ်ကို အနုပညာပန်းချီကားတစ်ချပ်သဖွယ် အလှဆင်နိုင်မှာဖြစ်ပါတယ်။ လက်မောင်း ၊ လက်ဖျံ ၊ လက်ကောက်ဝတ် ၊ လက်ချောင်းတွေပေါ်နဲ့ လည်ပင်းတစ်ဝိုက်မှာ စတစ်ကာကပ်မယ်ဆိုရင် လုံးဝဖက်ရှင်ကျပြီး မိမိုက်နေမှာပါ။

Featured Photo : The Trend Spotter