COVID ရောဂါကြောင့် အိမ်မှာနေရတာကို စိတ်မညစ်ပါနဲ့။ အဆိုးထဲကအကောင်းကိုပြန်ကြည့်မယ်ဆိုရင် စာဖတ်သူတို့အတွက် အချိန်ပိုတွေအများကြီး ထွက်လာစေတာပါပဲ။အရင်က နေ့စဉ်လုပ်ငန်းတာဝန်တွေအပြည့်နဲ့ အားလပ်ချိန်ဆိုတာ ခပ်ရှားရှားပါ။ ဒါကြောင့်အခုအချိန်မှာ အားလပ်ချိန်ရတုန်း အချိန်ကိုအကျိုးရှိရှိဖြတ်သန်းနိုင်မယ့် နည်းလမ်းကောင်းလေးတွေ မျှဝေပေးချင်ပါတယ်။
(၁) ဂီတတူရိယာတစ်ခုခုတီးတက်အောင်သင်ယူပါ
Source : Shutterstock
ဂစ်တာ စန္ဒရား တယော စသည်ဖြင့်တူရိယာတစ်ခုခုတီးခတ်ခြင်းဟာ စိတ်တည်ငြိမ်စေပြီးပျော်ရွှင်မှုကိုပေးပါတယ်။ စိတ်ဖိစီးနေတဲ့အချိန်တွေပဲ ဖြစ်ဖြစ် တစ်ယောက်တည်းပျင်းနေတဲ့အချိန်တွေပဲဖြစ်ဖြစ် ဂီတတူရီယာတွေက သင်နဲ့အတူအကောင်းဆုံးအဖော်ပြုပေးမှာဖြစ်ပါတယ်။ ဒါကြောင့် စာဖတ်သူအနေနဲ့ ဂီတတူရိယာတစ်ခုခုမတီးတက်သေးဘူးဆိုရင် အခုပဲလေ့လာသင်ယူလိုက်ပါ။
(၂) စာအုပ်ဖတ်ပါ
Source : Shutterstock
အရင်က အလုပ်တွေကျောင်းတွေကြောင့် စာအုပ်ကောင်းကောင်းမဖတ်ခဲ့ရဘူးဆိုရင်တော့ အခုချိန်ကအကောင်းဆုံးအချိန်ပါပဲ။ စာဖတ်ခြင်းက ဗဟုသုတ တိုးစေတဲ့အပြင် အသိပညာနဲ့ ဆင်ခြင်တုန်တရားတွေကိုသိမြင်လာဖို့ လမ်းညွှန်ပေးနိုင်ပါတယ်။အပျင်းလည်းပြေစေပြီး အကျိုးလည်းရှိတာကြောင့် အားလပ်ချိန်တွေမှာစာဖတ်ဖို့အကြံပြုချင်ပါတယ်။
(၃) အားကစားလုပ်ပါ
Source : Shutterstock
ခန္ဓာကိုယ်ကျန်းမာကြံ့ခိုင်ခြင်းကိုလည်း မေ့ထားလို့မရပါဘူး။အားကစားလုပ်ခြင်းက ကိုယ်ကျန်းမာခြင်းသာမက စိတ်ကျန်းမာခြင်းအတွက်လည်း အထောက်အကူဖြစ်စေပါတယ်။ဒါကြောင့် အားလပ်ချိန်တွေမှာ ကိုယ်ကာယလေ့ကျင့်ခန်းအတွက်လည်း အချိန်ပေးပြီးလုပ်ဆောင်ပေးသင့်ပါတယ်။
(၄) ကောင်းစွာအနားယူပါ
Source : Shutterstock
အားလပ်ချိန်မှာ ကောင်းကောင်းအနားယူဖို့လည်းလိုအပ်ပါတယ်။ ဖုန်းတွေတစ်ချိန်လုံးကြည့် TV တွေကြည့်ပြီး အနားယူတယ်ဆိုတာ တကယ်တော့ မှားပါတယ်။စိတ်နဲ့ ခန္ဓာကိုယ်ကို တကယ်အေးချမ်းစေပြီးကောင်းကောင်းအနားယူချင်တယ်ဆိုရင် ဖုန်းတွေ တီဗီတွေကိုပိတ်လိုက်ပါ။ စိတ်ရှုပ်စရာစိတ်ဖိစီးစရာတွေကိုမေ့ထားပြီး တိတ်ဆိတ်ငြိမ်သက်မှုရှိတဲ့နေရာလေးမှာ အေးအေးချမ်းချမ်းအနားယူဖို့ တိုက်တွန်းချင်ပါတယ်။