အမျိုးသားတွေအတွက် ရွေးချယ်စရာဘောင်းဘီအမျိုးအစားတွေ များစွာရှိပါတယ်။ နေ့စဉ်ထသွားထလာဖြစ်စေ ၊ ရုံးတက်ကျောင်းတက်အတွက်ပဲဖြစ်စေ ကိုယ်သွားမယ့်နေရာဒေသပေါ်မူတည်ပြီး ပြောင်းလဲဝတ်ဆင်တက်မှလည်း စတိုင်လ်ကျကျနဲ့ ကြည့်ကောင်းနေစေမှာပါ။ ဒီတစ်ခေါက်တော့ အမျိုးသားတို့ရဲ့ဖက်ရှင်အသွင်ကိုမြှင့်တင်ပေးနိုင်မယ့် ဘောင်းဘီအမျိုးအစားတွေကို မျှဝေပေးချင်ပါတယ်။

(၁) Chinos

Chinos

ပေါ့ပေါ့ပါးပါးရှိပြီး သပ်သပ်ရပ်ရပ်နဲ့ စတိုင်လ်ကျစေတဲ့ ဘောင်းဘီအမျိုးအစားကိုပြောပါ ဆိုရင်တော့ Chinos ဘောင်းဘီတွေက မပါမဖြစ်ပါပဲ။ ပွဲတက်အခမ်းအနားတွေအတွက် Navy Blue ၊ Black နဲ့ ကာကီရောင် Chinos ဘောင်းဘီတွေအလိုက်ဖက်ဆုံးဖြစ်ပြီး ထသွားထလာ ဘော်ဒါတွေနဲ့ hang out လုပ်တဲ့အချိန်မှာတော့ ကြက်သွေးရောင် ၊ ခရင်မ်အရောင် ၊ အစိမ်းရောင် Chinos ဘောင်းဘီတွေကိုရွေးချယ်ဝတ်ဆင်သင့်ပါတယ်။

(၂) Slim-Fit Trousers

Slim-Fit Trousers

Skinny jean ဘောင်းဘီဝတ်ရတဲ့ ဖီးလ်လင်ကိုရစေပြီ ဂျင်းဘောင်းဘီထက် ပေါ့ပေါ့ပါးပါးနဲ့ စမတ်ပိုကျစေမယ့် ဘောင်းဘီအမျိုးအစားကတော့ Slim-Fit Trousers တွေပါပဲ။ Suit အနေနဲ့ စမတ်ကျကျ ဝတ်လို့ရသလို ၊ ရှပ်အင်္ကျီတွေနဲ့ စတိုင်လ်မိမိဝတ်မယ်ဆိုလည်း အဆင်ပြေပါတယ်။ သတိထားရမှာတစ်ခုက Slim-Fit ဆိုပေမယ့် ပေါင်းသားတွေ ခြေသလုံးသားတွေ ထင်းထင်းကြီးပေါ်စေတဲ့အထိ ကျပ်တဲ့ဘောင်းဘီမျိုးတော့ ရှောင်ရပါမယ်။

(၃) Joggers/ Sweatpants

Joggers/Sweatpants

Joggers/ Sweatpants တွေက အားကစားလုပ်ရာမှာပဲသီးသန့်ဝတ်လို့ရတဲ့ ဘောင်းဘီအမျိုးအစားတွေမဟုတ်ပါဘူး။ တကယ်ကိုပေါ့ပါးလန်းဆန်းပြီး လူငယ်ဆန်တဲ့ Fashion Vibe မျိုးရစေတဲ့အတွက် လူငယ်တွေနဲ့ အထူးသင့်တော်တဲ့ ဘောင်းဘီအမျိုးအစားတွေပဲ ဖြစ်ပါတယ်။ ခရီးသွားတဲ့အခါမှာဖြစ်စေ ၊ ရာသီဥတုအေးတဲ့အချိန်မှာဖြစ်စေ Sneaker တွေနဲ့တွဲဖက်ဝတ်ဆင်လိုက်ရင်ပဲ သိပ်ကိုစတိုင်လ်ကျနေစေမှာပါ။

(၄) Cropped Trousers

Cropped Trousers

နောက်ပိုင်းလူငယ်တွေကြားမှာတော်တော်လေး ရေပန်းစားလာတဲ့ဘောင်းဘီအမျိုးအစားလို့ပြောရမှာပါ။ ခြေကျင်းဝတ်အပေါ်ဘက် ကွက်တိကျနေတဲ့ စတိုလ်မျိုးဖြစ်ပြီး ခြေအိတ်လန်းလန်းလေးတွေနဲ့ တွဲဖက်ဝတ်ဆင်ရမယ့် ဘောင်းဘီပုံစံပဲ ဖြစ်ပါတယ်။ ပေါ့ပေါ့ပါးပါး တီရှပ်နှင့်နဲ့တွဲဖက်ဝတ်ဆင်လို့ရသလို သားရေဂျာကင်အင်္ကျီတွေနဲ့လည်း စမတ်ကျကျရှိုးထုတ်လို့ရပါတယ်။

Photo : The Trend Spotter

Featured Photo : The Trend Spotter