ပေါင်းသင်းဆက်ဆံရေးမှာကိုယ့်ကိုယ်ကို အားမရဖြစ်နေပါသလား။ ဒါဆိုရင်တော့ ဘယ်နေရာပဲရောက်ရောက် လူချစ်လူခင်ပေါများစေမယ့် အပြုအမူကောင်းလေးတွေကိုပြောပြပေးချင်ပါတယ်။

(၁) စိတ်ရင်းနဲ့ဆက်ဆံပါ

Source : Shutterstock

လူတစ်ယောက်က ကိုယ့်ကိုဟန်ဆောင်နေတာလား စိတ်ရင်းနဲ့ပေါင်းတာလားဆိုတာကို ခန့်မှန်းလို့ရပါတယ်။ ကိုယ်ကတကယ်ပဲ စိတ်ရင်းနဲ့ ခင်မင်းရင်းနှီးစွာပြောဆိုဆက်ဆံမယ်ဆိုရင် တစ်ခါမှမဆုံဖူးတဲ့လူတစ်ယောက်နဲ့တောင် အချိန်ခဏလေးအတွင်းမှာတင် ရင်းနှီးသွားစေနိုင်ပါတယ်။လူချစ်လူခင်များချင်ရင် မျက်နှာဖုံးတွေတပ်မထားဖို့တော့လိုပါလိမ့်မယ်။

(၂) ပြုံးပြနှုတ်ဆက်ပါ

Source : Shutterstock

အပြုံးကနွေးထွေးတဲ့ချစ်ခြင်းမေတ္တာကို ခံစားရစေတဲ့အမူအရာတစ်ခုဖြစ်သလို နှစ်လိုဖွယ်လည်းကောင်းပါတယ်။ လူတော်တော်များများက အမြဲတမ်းပြုံးနေတက်တဲ့သူတွေကို ပိုပြီးခင်မင်ကြသလို အလေးလည်းထားကြပါတယ်။ ဒါကြောင့်လူချစ်လူခင်များဖို့ဆိုရင် ရင်ထဲကလာတဲ့အပြုံးတွေနဲ့ လူတွေကိုပြုံးပြလိုက်ပါ။

(၃) ဂရုတစိုက်နားထောင်ပါ

Source : Shutterstock

လူတစ်ယောက်ယောက်နဲ့စကားပြောတဲ့အခါ တဖက်လူစကားပြောတဲ့အခါ ဂရုတစိုက်နားထောင်ခြင်းက လေးစားမှုကိုပြသရာရောက်သလို ခင်မင်ရင်းနှီးတဲ့ခံစားမှုကိုလည်း ရရှိစေပါတယ်။ ဒါကြောင့် ဘယ်သူနဲ့စကားပြောပြော သေချာဂရုတစိုက်နားထောင်ပေးတက်တဲ့အကျင့်ကိုမွေးမြူသင့်ပါတယ်။

(၄) ပျော်ပျော်နေပါ

Source : Shutterstock

ပျော်ပျော်နေတက်တဲ့လူ ဟာသတွေအမြဲပြောတက်တဲ့သူတွေဟာ လူတွေကြားမှာထင်ပေါ်ကျော်ကြားသလို လူတွေရဲ့ ခင်မင်မှုကိုလည်း ရရှိကြပါတယ်။ကိုယ့်ရဲ့စကားပေါ်မှာ တစ်ဖက်လူပျင်းမသွားစေဖို့ စကားပြောတဲ့အခါ ရယ်စရာဟာသလေးတွေ အနည်းငယ်ရောပြောပါ။ သင့်ကိုလူချစ်လူခင်မျေားလာမှာသေချာပါတယ်။