ကိုယ့်ချစ်သူကောင်မလေးရဲ့မွေးနေ့မှာ ထူးထူးခြားခြားလဲဖြစ် အမှတ်တရလည်းဖြစ်ဖို့ မွေးနေ့လက်ဆောင်ဘာပေးရမလဲ မသိဘူးဆိုရင် ခုဆောင်းပါးလေးကကွီးအတွက် အကူညီဖြစ်စေမှာပါ။ သူမကိုမွေးနေ့မှာ ပျော်ရွှင်သွားစေဖို့ ထူးခြားတဲ့ မွေးနေ့လက်ဆောင်အိုင်ဒီယာလေးတွေကိိုပြောပြပေးချင်ပါတယ်။

(၁) Jewellery ပစ္စည်း

man putting necklace to girl s neck

Photo : Pinterest

Jewellery မကြိုက်တဲ့ မိန်းကလေးဆိုတာတော့ရှိလောက်မယ် မထင်ပါဘူး။ များသောအားဖြင့် မိန်းကလေးကြိုက်ကြတာက ဒီဇိုင်းလှလှလေးတွေနဲ့ လှတဲ့ Jewellery ပစ္စည်းလေးတွေပါပဲ။ ဟမ်းချိန်း ၊ ဆွဲကြိုး ၊ လက်စွပ် စတဲ့ပစ္စည်းလေးတွေပိုသဘောကျတက်ကြပါတယ်။

(၂) ပန်းစည်း

The happy man make a surprise with flowers for a girlfriend in the restaurant

Photo : istock

မိန်းကလေးတွေက ပန်းစည်းလေးတွေကြိုက်တယ်ဆိုတာ ငြင်းလို့မရနိုင်ပါဘူး။ ပန်းစည်းတွေဟာ သူမအတွက်အမှတ်တရဖြစ်စေသလို ရင်ခုန်စေမယ့် လက်ဆောင်တစ်မျိုးလည်းဖြစ်ပါတယ်။ ပန်းစည်းလေးမှာ သင်ပြောချင်တဲ့စကားလေးတွေရှိရင် စာရေးပြီးပေးလို့ ရပါတယ်နော်။

(၃) Customize လက်ဆောင်လေးတွေ

man giving gift to girlfriends

Photo : WeddingWire

နောက်ထပ် နှစ်သက်ဖွယ်လက်ဆောင်တမျိုးကတော့ သူမရဲ့ နာမည်ထိုးထားတဲ့ ပန်းချီကား၊ လက်ဝတ်ရတနာနဲ့ နေ့စဉ်သုံးပစ္စည်းတွေဖြစ်တဲ့ ခွက် ဒါမှမဟုတ် အိပ်ရာခင်းလိုအသုံးအဆောင်တွေကို customize ပြုလုပ်ပေးတာမျိုးဖြစ်ပါတယ်။

(၄) ညစာစားပွဲ

Happy couple having romantic dinner in restaurant

Photo : iStock

ရိုမန့်တစ်ဆန်ဆန်ရင်ခုန်စရာ ညစာစားပွဲဟာ ချစ်သူမိန်းကလေးကိုအံ့အားသင့်စေဖို့နဲ့ လက်ဆောင်ပေးဖို့ အကောင်းဆုံးလက်ဆောင်တွေထဲက တစ်ခုပါ။ အစားအသောက်အနည်းငယ်၊ ဝိုင်တခွက်စီနဲ့ သင်တို့နှစ်ယောက်လုံးအတွက် အေးအေးဆေးဆေးရှိမယ့်နေရာ လေးတခုမှာဆို လုံလောက်ပါပြီ။ ပြီးတော့ အမှတ်တရလက်ဆောင်လေးတစ်ခုဖြစ်ဖြစ်ပေးလိုက်ရင် ပြည့်စုံပြီနော်။

Featured Photo : DC on Heels