ရုပ်ရှင်ထဲက နာမည်ကြီးသရုပ်ဆောင် တော်တော်များများဟာ အသတ်အပုတ် ကျွမ်းကျင်ကြတယ်လို့ ထင်ရပါတယ်။ သူတို့ကို ကြိုးဝိုင်းထဲ ထည့်ပြီး ထိုးသတ်ခိုင်းမယ်ဆိုရင် ရုပ်ရှင်ထဲကလိုမျိုး ထိုးသတ်နိုင်မယ်ထင်ပါသလား။ အခုဖော်ပြပေးမဲ့အကြောင်းကတော့ တကယ်ကိုယ်ခံပညာတတ်ပြီး ကြိုးဝိုင်းထဲမှာ ယှဉ်ပြိုင်ထိုးသတ်နိုင်တဲ့ Celebrities (၄) ယောက်အကြောင်းပါ။

(၁) The Rock

Source: Youtube

ရုပ်ရှင်သရုပ်ဆောင် The Rock ကိုတော့ လူတိုင်းနီးပါးသိကြမှာပါ။ သရုပ်ဆောင်ဖက် မကူးခင် အရင်တုံးက WWE နပန်းသက်တွေမှာ နာမည်ကြီးတဲ့သူတစ်ယောက်လည်းဖြစ်ပါတယ်။ The Rock ကိုယ်တိုင်က MMA ဖိုက်တာတစ်ယောက်ဖြစ်ချင်တယ်လို့ ပြောဖူးပါတယ်။ WWE နပန်းသမားကြီးလည်းဖြစ်တဲ့ ကိုယ်ခံပညာပြိုင်ပွဲတွေမှာ အတွေ့အကြုံရှိတဲ့ The Rock ဟာ MMA ပြိုင်ပွဲမှာ ဝင်ရောက်ထိုးသတ်နိုင်တဲ့ Celebrity တစ်ယောက်ပါ။

(၂) Charlie Hunnam

Source: Yahoo

နာမည်ကျော်ရုပ်ရှင်ဖြစ်တဲ့ Pacific Rim ရုပ်ရှင်ဇာက်ကားမှာ ပါဝင်သရုပ်ဆောင်ခဲ့တဲ့ Charlie Hunnam ဟာဆိုရင် လက်ရှိမှာ အသက် (၃၉) နှစ်ရှိသွားပါပြီ။ ကိုယ်ခံပညာကို အသက်အရွယ် နုပျိုဖို့အတွက် လေ့ကျင့်ရာကနေ စတင်ခဲ့တာပါ။ သူဟာ လမ်းဘေး ဂိုဏ်းစတားတွေနဲ့ပေါင်းပြီး ရန်ပွဲတွေ မှာ ပါဝင်ဖူးတာကြောင့် အသက်အပုတ်ပြိုင်ပွဲတွေနဲ့ မစိမ်းဘူးလို့ပြောလို့ရပါတယ်။

Charlie Hunnam ဟာ Conor McGregor ရဲ့ ပရိသတ်တစ်ယောက်ဖြစ်ပြီးတော့ MMA ပြိုင်ပွဲတွေကို စိတ်ဝင်တစားစောင့်ကြည့်လေ့ရှိ့ပါတယ်။ Charlie Hunnam ဟာ ၂၀၁၈ ခုနှစ် Rigan Machado ပြိုင်ပွဲမှာ ခါးပတ်အပြာရရှိအောင် စွမ်းဆောင်ထားနိုင်ခဲ့ပြီးတော့ ဘောက်ဆင်ထိုးတဲ့နေရာမှာလည်းတော်တဲ့သူတစ်ယောက်ဖြစ်ပါတယ်။ ဒါကြောင့် သူ့ကို MMA ပြိုင်ပွဲဝင်နိုင်တဲ့ Celebrity တစ်ယောက်အဖြစ် သတ်မှတ်ထားတာပါ။

(၃) Jason Statham

Source: Youtube

Jason Statham ဟာ ၂၁ ရာစု ရုပ်ရှင်လောကမှာ အထင်ရှားဆုံး သရုပ်ဆောင်တွေထဲက တစ်ယောက်ပါ။ သူဟာ MMA ပြိုင်ပွဲတွေရဲ့ အမာခံပရိသတ်တစ်ယောက်လည်းဖြစ်ပါတယ်။ “ဒီအားကစားက ကျနော်အကြိုက်ဆုံးပါပဲ။ ကျနော့ အာရုံကို ဖမ်စားနိုင်တဲ့အားကစားပါလို့” သူကပြောခဲ့ပါသေးတယ်။

သူဟာ ကစ်ဘောင်ဆင်၊ ဂျူဒို၊ ကွန်ဖူးနဲ့ Brazilian Jiu-Jitsu စတဲ့ အတိုက်အခိုက် ပညာမျိုးစုံကို လေ့ကျင့်ထားတဲ့သူတစ်ယောက်ပါ။ ဒါကြောင့် သူဟာ MMA ပြိုင်ပွဲမှာ ထိုးသတ်နိုင်တဲ့ Celebrity တစ်ယောက်ဖြစ်လာတာပါ။

(၄) Chris Pratt

Source: MMA Fighting

Jurassic World နဲ့ Guardians Of The Galaxy ရုပ်ရှင်ဇာတ်ကားတွေမှာ ပါဝင်သရုပ်ဆောင်ထားတဲ့ Chris Pratt ကို လူတိုင်းသိကြမယ်ထင်ပါတယ်။ အသက် ၃၉ နှစ်ရှိပြီဖြစ်တဲ့ Chris Pratt ဟာ ဘရာဇီး ကိုယ်ခံပညာပညာရှင်လည်းဖြစ် UFC ဖိုက်တာလည်းဖြစ်တဲ့ Antonio Rodrigo Nogueira အပြင် MMA ဖိုက်တာတစ်ယောက်ဖြစ်တဲ့ Adel Altamimi နဲ့အတူ လေ့ကျင့်နေတဲ့ပုံတွေလည်း လူမူကွန်ရက်မှာ ဖြန့်ဝေခဲ့ပါသေးတယ်။

‘သူက သန်မာတယ်။ နပန်းသတ်တဲ့ နေရာမှာလည်းတော်တယ်။ အတွေ့အကြုံလည်းရှိတယ်။ သူက တကယ်ကိုတော်တဲ့သူတစ်ယောက်ပါ’ လို့ MMA ဖိုက်တာ Adel Altamimi ပြောခဲ့ပါတယ်။

ဒီရုပ်ရှင်သရုပ်ဆောင် (၄) ယောက်ကတော့ တချိန်ချိန်မှာ ရုပ်ရှင်လောကကနေ အနားယူသွားခဲ့ရင် MMA ဖိုက်တာလုပ်လို့ရတဲ့သူတွေပါ။