ယမကာပြင်းပြင်း ကြိုက်တတ်တဲ့ အမျိုးသားအများစုအနေနဲ့ ဝီစကီကော့တေးလ်ကိုလည်း သဘောကျကြမယ် ထင်ပါတယ်။ ဝီစကီကော့တေးလ်တွေဟာ ဝီစကီ ၊ ရေခဲ ရိုးရိုးထက်စာရင် အဝင်ညက်ညောပြီး ပိုလို့ လန်းဆန်းတဲ့ အရသာကို ပေးပါတယ်။ ကဲ ဝီစကီကော့တေးလ်လုပ်နည်းလေးတွေ ကြည့်လိုက်ရအောင်လား။

(၁) The Old Fashioned

The Old Fashioned

Photo: The Manual

ဒီကော့တေးလ်လုပ်မယ်ဆိုရင် ဖန်ခွက် ၊ ကော့တေးလ်စပ်ဖို့ သုံးတဲ့ Bitters ၊ သကြားခဲ ၊ ရေ ၊ ရေခဲ ၊ ဘော်ဘွန်းဝီစကီ နဲ့ လိမ္မော်ခွံလေး လိုပါမယ်။ လိမ္မော်ကော့တေးလ် Bitter ၃/၄ စက်လောက် ၊ သကြားခဲတစ်ခဲနဲ့ ရေအနည်းငယ်စပ်ပြီး မွှေပါ။ ပြီးရင် ဘော်ဘွန်းနှစ်အောင်စနဲ့ ရေခဲ ထည့်ပြီး သမအောင်မွှေနေပါ။ ဒါပြီးရင်တော့ ဖန်ခွက်အပေါ်မှာ လိမ္မော်ခွံလေး လှအောင် တင်ပြီး သုံးဆောင်နိုင်မှာ ဖြစ်ပါတယ်။

(၂) Whisky Sour

Whisky Sour

Photo: The Manual

Whisky Sour ကော့တေးလ်အတွက် Shaker Tin ခွက်လေးလိုပါတယ်။ ခွက်ထဲမှာ ဘော်ဘွန်းနှစ်အောင်စ ၊ လီမွန်ရည် ၁ အောင်စ ၊ Syrup ရိုးရိုး ၀.၇၅ အောင်စနဲ့ ၊ ကြက်ဥအကာအကြည် ၁ လုံး ကော့တေးလ်ကို အလှဆင်ဖို့ ချယ်ရီသီး လိုမှာပါ။ Shaker Tin ထဲ ပါဝင်ပစ္စည်းတွေ ထည့်ပြီး ၁၀-၁၅ စက္ကန့်ကြာအောင် ရေခဲမပါဘဲ Dry Shake လှုပ်ပါ။ ပြီးမှ ရေခဲထည့်ပြီး ထပ်လှုပ်ပါ။ ဒါပြီးရင် ဖန်ခွက်ထဲထည့် ချယ်ရီသီးလေးနဲ့အလှဆင်ပြီး အရသာခံ သောက်သုံးနိုင်မှာပါ။

(၃) Sazerac

Classic Whisky Cocktails

Photo: The Manual

Absinthe အရက်ပျော့ ၀.၂၅ အောင်စကို ခွက်ထဲ ထည့်လှုပ်ပေးထားပြီး ခွဲထားတဲ့ ရေခဲလေးကို ခွက်တစ်ခွက်ထဲ သီးသန့် ထည့်ပေးထားပါ။ ခွက်တစ်ခွက်မှာ Peychaud’s Bitters ၃ စက် ၊ သကြား တစ်ခဲ နဲ့ ရေအနည်းငယ်ကို ရောမွှေပါ။ Rye ဝီစကီ၁.၅ အောင်စနဲ့ ‌ရေခဲလေးလည်း ထည့်ပြီး မွှေလှုပ်ပေးနေပါ။ ပြီးရင် သောက်မယ့် ဖန်ခွက်တစ်ခွက်ထဲမှာ Absinthe နဲ့ ဝီစကီစပ်ထားတာလေးရောထည့်လိုက်ရုံပါပဲ။ ကြိုက်တတ်ရင် လီမွန်ခွံလေးပါ ခွက်မှာ တင်ထားလို့ ရပါတယ်။

(၄) Rob Roy

Rob Roy Cocktail

Photo: The Manual

Rob Roy ကော့တ်တေးအတွက် စကော့ဝီစကီ ၂ အောင်စ ၊ Sweet Vermouth ၀.၇၅ အောင်စ ၊ Angostura Bitters ၃/၄ စက်လောက်နဲ့ ချယ်ရီသီးတစ်လုံး လိုပါတယ်။ ပါဝင်ပစ္စည်းအားလုံးကို ရေခဲနဲ့ ရောမယ့် ဖန်ခွက်ထဲ ထည့်ပြီး မွှေနေပါ။ ပြီးရင် Rob Roy ကော့တေးအေးအေးထဲ ချယ်ရီသီးလေး ထည့်ပြီး ကော့တေးလ်ချယ်ရီအဖြစ် သောက်သုံးနိုင်မှာ ဖြစ်ပါတယ်။