အချိန်တွေသာ တရွေ့ရွေ့ပြောင်းသွားတယ် ကွီးတို့ဘဝမှာ ကောင်းမွန်တဲ့တိုးတက်ပြောင်းလဲတွေမရှိပဲ ဒုံရင်းကဒုံရင်းအတိုင်းပဲ ရပ်တန့်နေလို့ ကိုယ့်ကိုယ်ကို စိတ်ပျက်မိနေပြီလား။ ဒါဆိုရင်တော့ ကွီးတို့ဘဝထဲက တချို့အလေ့အကျင့်တွေကို ပြန်သုံးသပ်ဆင်ခြင်ဖို့လိုပါပြီ။ ကျွန်တော်တို့ဘဝထဲက တစ်ချို့သောအကျင့်တွေက မိမိဘဝတိုးတက်အောင်မြင်မှုကို ကိုယ်တိုင်ဟန့်တားနေတက်ပါတယ်။ ဒါကြောင့်ဒီတစ်ခေါက်တော့ ဒီလို ကိုယ့်ဘဝတိုးတက်အောင်မြင်မှုတွေကို ပိတ်ပင်တားဆီးနေတဲ့အရာတွေကို ပြောပြပေးချင်ပါတယ်။

(၁) ကိုယ့်ကိုယ်ကို သံသယဝင်တာ

man Self Doubt

Photo : Unsplash

မိမိကိုယ်ကို သံသယဝင်နေမယ်ဆိုရင် ကိုယ့်အရည်အချင်းတွေအပေါ် ယုံကြည်မှုကင်းမဲ့လာပြီး လုပ်နိုင်ကိုင်နိုင်စွမ်းတွေ ကျလာပါလိမ့်မယ်။ တစ်စုံတစ်ခုကို တိုးတက်အောင်မြင်အောင်လုပ်ဖို့ဆိုတာ ယုံကြည်ချက်နဲ့ ရှေ့ဆက်ရတာပါ။ ကိုယ့်ကိုယ်ကို သံသယဝင်ပြီး အရာရာမှာ ခြေတုံချတုံဖြစ်နေရင် တိုးတက်အောင်မြင်ခြင်းဆိုတာလည်း ရှိလာနိုင်မှာမဟုတ်ပါဘူး။

(၂) စီမံခန့်ခွဲမှုအားနည်းတာ

business man headace at coffee shop
Photo : Yazeedh Ahmed

စီမံခန့်ခွဲမှုဆိုတာ သင့်ဘဝတိုးတက်အောင်မြင်ရေးအတွက် အခြေခံအုတ်မြစ်လို့ပြောလို့ရပါတယ်။ ဘဝမှာစီမံခန့်ခွဲမှုမရှိရင် ကိစ္စတိုင်းကအစီစဉ်တကျမရှိပဲ ပရမ်းပတာနိုင်နေပါလိမ့်မယ်။ အချိန်တွေ ၊ လုပ်ငန်းတာဝန်တွေ စတဲ့မိမိဘဝထဲက အရာအားလုံးကို စည်းစနစ်တကျဖြစ်အောင် အစီစဉ်ချ စီမံခန့်ခွဲနိုင်မှသာလျှင် ကောင်းမွန်တဲ့ရလဒ်နဲ့ တိုးတက်အောင်မြင်မှုကိုရမှာပါ။

(၃) အဆိုးမြင်စိတ်များနေတာ

Depression man sitting alone
Photo : The Right Step Houston

အဆိုးမြင်စိတ်တွေဟာ သင့်ဘဝတိုးတက်အောင်မြင်မှုတွေကို ဟန့်တားနေတဲ့ အတားအဆီးတစ်ခုပဲဖြစ်ပါတယ်။ အခြေအနေ၊ ပတ်ဝန်းကျင်အရာအားလုံးကို အဆိုးဘက်အမြင်နဲ့ရှု့မြင်မယ်ဆိုရင် စိတ်ဖိစီးမှုတွေ စိတ်ပိုင်းဆိုင်ရာခံစားချက်တွေများပြီး တဖြေးဖြေးခြေကုန်လက်ပန်းကျလာပါလိမ့်မယ်။ ထိုအခါ ဘဝမှာ ဆန်းသစ်တီထွင်မှု ၊ တိုးတက်အောင်မြင်မှုဆိုတာတွေလည်း ရှိမလာနိုင်ပါဘူး။

(၄) သမားရိုးကျနေထိုင်တာ

man Looking Out Window

Photo : Unsplash

ဘဝမှာ အပြောင်းအလဲတွေလုပ်ဖို့ ဝန်မလေးပါနဲ့။ လက်ရှိအခြေအနေထက် တိုးတက်အောင်မြင်ချင်ရင် အပြောင်းအလဲတွေလုပ်ဖို့ သေချာပေါက် လိုအပ်ပါလိမ့်မယ်။ ပြောင်းလဲမှုအသစ်တွေ စိန်ခေါ်မှုအသစ်တွေကိုမကြိုဆိုပဲ ရောက်နေတဲ့နေရာမှာ ပုံသေကားချပ် ရပ်တန့်နေမယ်ဆိုရင် အောင်မြင်တိုးတက်မှုဆိုတာလည်း ရှိလာနိုင်မှာမဟုတ်မပါဘူး။

Featured Photo : Gurni.ru