ချစ်သူစုံတွဲတွေအနေနဲ့ အမြဲတမ်း အဆင်ပြေနေဖို့ဆိုတာတော့ မလွယ်ပါဘူး။ တစ်ခါတစ်လေမှာ ကတောက်ကစလေးတွေဖြစ်တက်ကြတာပဲမဟုတ်လား။ ဒါပေမယ့် တစ်ခါတစ်လေထက်ပိုပြီး အမြဲတမ်းအဆင်မပြေဖြစ်နေပြီဆိုရင်တော့ အမှားအယွင်းတစ်ခုခုရှိနေလို့ဖြစ်ပါတယ်။ ဒီဆောင်းပါးလေးမှာပြောပြမယ့် အကြောင်းအရင်းလေးတွေက စုံတွဲကြားမှာအဆင်မပြေမှုတွေကိုဖြစ်စေနိုင်တဲ့အရာလေးတွေပါ။ အကယ်၍ဒီလိုအရာလေးတွေကြောင့် သင့်တို့အချစ်ရေးမှာ အဖုအထစ်လေးတွေဖြစ်နေရတယ်ဆိုရင် အခုကစပြီးပြောင်းလဲဖို့ အကြံပြုချင်ပါတယ်။ ဘယ်လိုအကြောင်းအရာတွေဖြစ်မလဲဖတ်ကြည့်ရအောင်။
(၁) တစ်ယောက်နဲ့ တစ်ယောက်ပွင့်လင်းမှုမရှိဘူးဆိုရင်

Source : Riverside Counselling
ချစ်သူစုံတွဲဆိုတာ တစ်ယောက်အပေါ် တစ်ယောက်ပွင့်လင်းမှုရှိဖို့ အရမ်းကိုအရေးကြီးပါတယ်။ အကယ်၍တစ်ယောက်နဲ့တစ်ယောက်မှာ လျို့ဝှက်ချက်တွေများနေမယ် ဖုံးကွယ်ထားတဲ့အရာတွေများနေမယ် ခံစားချက်တွေထုတ်မပြောဘူးဆိုရင် ဘယ်လိုမှ အဆင်ပြေတဲ့ဆက်ဆံရေးတစ်ခုဖြစ်နိုင်မှာမဟုတ်ပါဘူး။
(၂) နားလည်မှုမတည်ဆောက်ဘူးဆိုရင်

Source : Life 88.5
နားလည်မှုဆိုတာအချိန်ယူပြီး တည်ဆောက်ဖို့လိုအပ်ပါတယ်။ တစ်ယောက်ကိုတစ်ယောက်နားလည်မှု မရှိရင် အဆင်မပြေမှုတွေများနေမှာအသေအချာပါပဲ။ ဒါ့ကြောင့် အရင်ဆုံး သင့်တို့ချစ်သူနှစ်ယောက်ကြားမှာ တစ်ယောက်အကြောင်းတစ်ယောက်ကို သေချာလေ့လာဆန်းစစ်ပြီး ကောင်းမွန်တဲ့နားလည်မှုတစ်ခုတည်ဆောက်သင့်ပါတယ်။
(၃) သံသရတွေများနေမယ်ဆိုရင်

Source : ZYTO
နားလည်မှုနဲ့ ထပ်တူ ယုံကြည်မှုကလည်း အချစ်ရေးအဆင်ပြေချောမွေ့ဖို့ရာမှာ အရေးပါတဲ့အရာတစ်ခုဖြစ်ပါတယ်။ တစ်ယောက်အပေါ်တစ်ယောက် မယုံကြည်နိုင်ဘူး သံသရာတွေများနေမယ်ဆိုရင် အနှေးနဲ့အမြန်ဆက်ဆံရေး ပြတ်တောက်သွားနိုင်ပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် ယုံကြည်စိတ်ချမှု Level မြင့်တက်လာတာနဲ့ သံသရစိတ်တွေလျော့နည်းလာမှာဖြစ်တာကြောင့် တစ်ယောက်ရဲ့ ယုံကြည်မှုကိုတစ်ယောက်က အလွဲသုံးစားလုပ်တာမျိုး ယုံကြည်မှုပျက်စီးစေတဲ့အရာတွေလုပ်တာမျိုးရှောင်သင့်ပါတယ်။
(၄) ကိုယ်ပိုင်အချိန်မရှိတော့ဘူးဆိုရင်

Source : Her Norm
လူတိုင်းလူတိုင်းမှာ ကိုယ်ပိုင်အားလပ်ချိန်ဆိုတာ မဖြစ်မနေလိုအပ်ပါတယ်။ ချစ်သူစုံတွဲတွေမှာလည်းလိုအပ်ပါတယ်။ အချိန်တိုင်းင့ါအတွက်ရှိနေပေးရမယ့် အချိန်တိုင်းငါနဲ့စကားပြောရမယ် ဆိုတာမျိုးတွေက တစ်ဖက်လူရဲ့ ကိုင်ပိုင်အချိန်တွေကို ဖျက်စီးရာရောက်ပြီး အချစ်ရေးမှာ အဆင်မပြေဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် တစ်ယောက်နဲ့ တစ်ယောက်ကိုယ်ပိုင်အချိန်ပေးပါ။ တစ်ယောက်ရဲ့ ကိုယ်ပိုင်အချိန်တွေကို ကိုယ့်ကြောင့်အနှောက်ယှက်မဖြစ်ပါစေနဲ့။
