ယောကျ်ားများအနေနဲ့ မိမိတို့ရဲ့ အသားအရေ ကိုထိန်းသိမ်းဖို့ဆိုတာ တကယ်တော့ အလွန်ခက်ခဲလှပါတယ်။ Beauty Spa တွေနေ့တိုင်းသွားပြီး Skin Care တွေလုပ်ဖိကလည်း မဖြစ်နိုင်ပါဘူး။ ဒါကြောင့် ဒီနေ့မှာတော့ လွယ်ကူပြီး အသားအရေ ကျန်းမာရေးအတွက် နေ့စဉ်သောက်သင့်တဲ့ ဖျော်ရည်တွေကို ဖော်ပြပေးလိုက်ပါတယ်။ အခုဖော်ပြပေးမဲ့ ဖျော်ရည်တွေကို အိမ်မှာ ဈေးသက်သက်သာသာနဲ့ ကိုယ်တိုင်စိတ်တိုင်းကြ ဖျော်သောက်လို့ရပါတယ်။
(၁) ဂရိတ်ဖရုသီး ဖျော်ရည်

Photo : Verywell Health
ကျွန်တော်တို့ရဲ့ ခန္ဓကိုယ် အသားအရေက ဗီတာမင်စီကို မရှိမဖြစ်လိုအပ်ပါတယ်။ ဗီတာမင်စီ ရဖို့ကတော့ ဂရိတ်ဖရုသီးကို သတိရလိုက်ပါ။ ဂရိတ်ဖရုသီးမှာ ဗီတာမင်စီ ကြွယ်ဝတဲ့အတွက်ကြောင့် အသားအရေ တွန့်သွားတာကို လျှော့ချပေးပြီး ငယ်ရွယ်နုပျိုစေပါတယ်။ ပြီးတော့ အသားအရေ ပျက်စီးသွားတာကိုလည်း ပြန်လည် ပြုပြင်ပေးပါတယ် anti-oxidant ပါဝင်ပါသေးတယ်။
(၂) သကြားမုန်လာ ဖျော်ရည်

Photo : NutraIngredients-LATAM
သကြားမုန်လာမှာ ကျန်းမာရေးအတွက် အကျိုးပြုတဲ့ ဒြပ်တွေကြွယ်ဝစွာပါဝင်ပါတယ်။ သကြားမုန်လာမှာပါတဲ့ nitrates က ဦးနှောက်အရှေ့ပိုင်းကို သွေးပို့လွတ်ခြင်းကို အထောက် အကူပြုတဲ့အတွက်ကြောင့် စိတ်ဖောက်ပြန်ခြင်းနဲ့ အသက်အရွယ်ကြီးရင်လာခြင်းကြောင့် အမြင်အာရုံ ကျဆင်းလာခြင်းတို့မှ ကာကွယ်ပေးပါတယ်။
(၃) ရှားစောင်းလက်ပတ်ဖျော်ရည်

Photo : Reflux Away
ရှားစောင်းလက်ပတ်ကိုလူတွေ တော်တော်များများက အသားအရေအတွက် သုံးကြပါတယ်။ရှားစောင်းလက်ပတ်ဖျော်ရည်မှာလည်း အရေးပြားပြန်လည် ဖွံ့ဖြိုးစေတဲ့ antioxidants ပါဝင်တဲ့အတွက် အသားအရေအတွက် သောက်သင့်တဲ့ ဖျော်ရည်ထဲမှာ ပါပါတယ်။
(၄) အုန်းရေ

Photo : Adobe Stock
အုန်းရေမှာ ကျန်းမာရေးအတွက် လိုအပ်တဲ့ သတ္တုဓာက်နဲ့ electrolytes များစွာပါဝင်ပါတယ်။ ဒါတွေက ခန္ဓာကိုယ်တွင်း ဇီဝဖြစ်ပျက်မှု နဲ့ စားလိုက်တဲ့အစားအစာတွေကနေ ရရှိတဲ့ အာဟာရဓာတ်တွေကို ဖြန့်ဝေပေးတဲ့နေရာမှာ အထောက်အကူပြုပါတယ်။ ပြီးတော့ အုန်းရေမှာ ဆဲလ်တွေ ကြီးထွားမှုကို အကျိုးပြုတဲ့ cytokinin ဆိုတဲ့ အပင် ဟော့မုန်းတမျိုးပါဝင်ပါသေးတယ်။ ဈေးသက်သာပြီး အရသာရှိတဲ့အပြင် အသားအရေအတွက်ပါအကျိုးများစေဖို့အုန်းရေကို သောက်ပေးသင့်ပါတယ်နော်။
