COVID-19 ကာလမှာ Gym ရုံတွေလည်း ပိတ်ထားရသလို တစ်ချို့မြို့တွေမှာဆို အဝင်အထွက်ပိတ်တဲ့အနေနဲ့ Lockdown ပါ လုပ်ထားပါတယ်။ အားကစားခန်းမနဲ့ ဝေးပြီး Stay Home အနေများတဲ့ ကာလတွေလည်း ဖြစ်ပါတယ်။ အိမ်ထဲမှာပဲ အချိန်တွေ ကုန်နေရတော့ Gym ကစားပြီး အားကစားလုပ်ထားတဲ့ ဘော်ဒီတွေ ပုံပျက်သွားနိုင်ပါတယ်။ လပေါင်းများစွာ ပင်ပင်ပန်းပန်း မွေးယူထားတဲ့ Six Pack ပိုင်ရှင်တွေဆို ပိုပြီး စိတ်ဓါတ်ကျစရာ ဖြစ်နေမှာပါ။ ဒီလိုမဖြစ်ရလေအောင် ကူညီပေးမယ့် အလွယ်ကူဆုံး အိမ်တွင်းလေ့ကျင့်ခန်းတစ်ချို့ကို မျှဝေလိုက်ပါတယ်။
(၁) Plank

Photo: Freepik
တံတောင်ထောက်လေ့ကျင့်ခန်းက အထင်သေးလို့မရတဲ့ လေ့ကျင့်ခန်းပါ။ ဘာပစ္စည်းအကူအညီမှလည်း မလိုဘဲနဲ့ လုပ်ဆောင်နိုင်ပါတယ်။ ကြမ်းပေါ်မှာ လက်မောင်းအားပြုပြီး ခန္ဓာကိုယ် တစ်ဖြောင့်တည်း အနေအထားနဲ့ စက္ကန့် ၃၀ ကြာအောင် နေရမှာပါ။ ခါးကုန်းမနေဖို့ သတိပြုဖို့ လိုပါတယ်။ အနည်းဆုံး ၃ ကြိမ် ကစားပေးသင့်ပါတယ်။
(၂) Sit-Ups

Photo: MensHealth
Belly ကစားတဲ့ အားကစားနည်းတွေထဲမှာ Sit-Ups ကစားတာဟာ အခြေခံကျပြီး ထိရောက်မှုရှိလို့ လူကြိုက်များပါတယ်။ ကြမ်းပြင်ပေါ်မှာ ဒူးနှစ်ဖက်ကွေးထောင်ပြီး ကိုယ်ကို ကြမ်းနဲ့ တစ်ပြေးတည်း လှဲထားရမှာပါ။ လက်နှစ်ဖက်ဟာ နားနှစ်ဖက်နောက်မှ ထားပြီး ကြမ်းပေါ်လှဲချထားတဲ့ ကိုယ်အပေါ်ပိုင်းကို ဆွဲတင်ဆွဲချပြီး အိပ်ထမတင် လုပ်ရမှာ ဖြစ်ပါတယ်။ ၁၅ မိနစ် တစ်ကြိမ်နှုန်းနဲ့ နေ့တိုင်း အနည်းဆုံး ၃ ကြိမ် လုပ်ပေးသင့်ပါတယ်။
(၃) Mountain Climbers

Photo: WorkoutBox
Mountain Climbers ကစားဖို့အတွက် အားကစားဖျာတစ်ချပ် ရှိရင် ရပါတယ်။ ဒိုက်ထိုးမယ့်ပုံစံမျိုး လက်နဲ့ ခြေတွေ ထောက်ထားပြီး ဘယ်ခြေထောက် ဖြောင့်ထားချိန်မှာ ညာခြေက ရင်ဘတ်ဆီ လှမ်းတာပါ။ ပြီးရင် ညာခြေကို တစ်ဖြောင့်တည်း ထားပြီး ဘယ်ခြေက ရင်ဘတ်ဆီ ပြေးနေရမှာပါ။ ဒီအတိုင်း ၁၅ ခါ တစ်ကြိမ်နှုန်းနဲ့ အနည်းဆုံး ၃ကြိမ် လုပ်သွားဖို့ လိုပါတယ်။
(၄) Flutter Kicks

Photo: Fit Father Project
ဒီကစားနည်းက သိပ်လွယ်ပါတယ်။ ပက်လက်အနေအထား လက်ကို ဘေးနှစ်ဖက် အသာအယာချထား။ ပြီးရင် ခြေထောက်နှစ်ဖက်စလုံးကို မြှောက်ပြီး အထက်အောက် ဘေးဘယ်ညာ မထိအောင် ကစားပေးရမှာပါ။ ခြေထောက်တွေကို ကြမ်းပြင်နဲ့ မထိအောင် သတိထားပါ။ စက္ကန့် ၃၀ ကြာအောင် ကစားပြီး ၁၅ ကြိမ် ၃ ကျော့ နေတိုင်း ကစားပေးရမှာ ဖြစ်ပါတယ်။
