အိမ်တွင်းအောင်းပြီး ဝိတ်တွေတက်လာလို့ စိတ်ညစ်နေပြီလား။ စိတ်မပူပါနဲ့ Kwee စာဖတ်ပရိသတ်တွေအတွက် ဝိတ်ကျဖို့အတွက် ထိရောက်တဲ့ အိမ်တွင်းလေ့ကျင့်ခန်းတချို့ပြောပြပေးချင်ပါတယ်။ အိမ်မှာပဲ ၁နာရီလောက်နေ့စဉ်အချိန်ပေးရုံနဲ့ အဆီပိုတွေအလျင်အမြန်လောင်ကျွမ်းစေမယ့် လေ့ကျင့်ခန်းလေးတွေဖြစ်တာကြောင့် ဒီနေ့ပဲစလုပ်ကြည့်လိုက်ပါနော်။

(၁) Jumping Rope

Source : Runner’s World

ကယ်လိုရီများများလောင်ကျွမ်းစေတဲ့ လေ့ကျင့်ခန်းတွေထဲမှာ ကြိုးခုန်ခြင်းကလည်းတစ်ခုအပါအဝင်ဖြစ်ပါတယ်။ အထူးသဖြင့် ဘောက်ဆင်ကစားသူတွေ အားကစားသများတွေပြုလုပ်လေ့ရှိကြပြီး နာရီဝက်ခန့်ကြိုးခုန်ပေးရုံနဲ့ ကယ်လိုရီ ၅၀၀ အထက်လောင်ကျွမ်းစေမှာဖြစ်ပါတယ်။ ကြိုးခုန်ခြင်းက အဆီပိုတွေလောင်ကျွမ်းစေတဲ့အပြင် ခြေထောက်ကြွက်သားများ ပခုံးနှင့် ပခုံးနောက်ဘက်ကြွက်သားတွေသန်မာလာစေပါတယ်။

(၂) Jumping Jacks

Source : LightWorkers

Jumping Jacks လေ့ကျင့်ခန်းက အကောင်းဆုံး Cardio လေ့ကျင့်ခန်းတစ်ခုအဖြစ် လူသိများပါတယ်။ Jumping Jacks လေ့ကျင့်ခန်းဟာ ခန္ဓာကိုယ်တစ်ခုလုံးကကြွက်သားတွေအပေါ် အကျိုးသက်ရောက်မှုရှိပြီး နှလုံးခုန်နှုန်းကိုတိုးတက်ကောင်းမွန်စေကာ ကယ်လိုရီနဲ့ အဆီတွေကို များများလောင်ကျွမ်းစေမှာပဲဖြစ်ပါတယ်။ Jumping Jacks လေ့ကျင့်ခန်းကို အကြိမ် (၂၀) ၅ ခေါက်ပြုလုပ်ပေးပါ။

(၃) Mountain Climbers

Source : Medium

တောင်တက်လေ့ကျင့်ခန်းကတော့ လူတိုင်းနီးပါးရင်းနှီးပြီးသားဖြစ်တဲ့ လေ့ကျင့်ခန်းတစ်ခုဖြစ်ပါတယ်။ အဓိကအားဖြင့် ဝမ်းဗိုက်တစ်ဝိုက်အဆီပိုတွေကို လောင်ကျွမ်းစေပြီး အဆီကင်းတဲ့ ဝမ်းဗိုက်ကြွက်သားတွေကိုရရှိလာစေမှာဖြစ်ပါတယ်။ တောင်တက်လေ့ကျင့်ခန်းက တင်ပါးနှင့် ပခုံးကြွက်သားတွေအပေါ်လည်း သက်ရောက်မှုရှိစေပြီး အကြိမ်အရေအတွက် များများလုပ်နိုင်လေ ကယ်လိုရီများများပိုလောင်ကျွမ်းလေဖြစ်ပါတယ်။

(၄) Push-ups

Source : Easy Branches

ကယ်လိုရီလောင်ကျွမ်းစေမယ့် လေ့ကျင့်ခန်းတွေထဲမှာ ဒိုက်ထိုးခြင်းကလည်း မပါမဖြစ်ပါပဲ။ ဒိုက်ထိုးလေ့ကျင့်ခန်းကို နေရာမရွေးအချိန်မရွေးပြုလုပ်နိုင်ပြီး တခြားသော ပစ္စည်းကိရိယာတွေလည်း မလိုအပ်ပဲလွယ်ကူစွာပြုလုပ်နိုင်မှာဖြစ်ပါတယ်။ ဒိုက်ထိုးလေ့ကျင့်ခန်းက ရင်ဘတ် ပခုံးနှင့်နောက်ကျောဘက်ကြွက်သားတွေကို သန်မာကြံ့ခိုင်စေပြီး အဆီပိုတွေလောင်ကျွမ်းကာ ကြွက်သားတည်ဆောက်ခြင်းအတွက် အထိရောက်ဆုံးလေ့ကျင့်ခန်းတစ်ခုဖြစ်ပါတယ်။

အိမ်တွင်းလေ့ကျင့်ခန်းတွေအပြင် သဘာဝနဲ့ ထိတွေ့ပြီး အိမ်အပြင်ဘက်ထွက်ကာလေ့ကျင့်ခန်းလုပ်ချင်ပါတယ်ဆိုသူတွေအတွက်တော့ ပြေးခြင်း စက်ဘီးနင်းခြင်း လှေကားတက်ခြင်း စက်ဘီးနင်းခြင်းစတဲ့လေ့ကျင့်ခန်းတွေက အဆီပိုတွေမြန်မြန်လောင်ကျွမ်းစေဖို့ ကူညီပေးမှာဖြစ်ပါတယ်။ အဓိကအားဖြင့် အစားအသောက်နှင့် နေထိုင်မှုပုံစံမှန်ကန်ဖို့ လိုအပ်ပြီး လေ့ကျင့်ခန်းနေ့စဉ်ပုံမှန်လုပ်မယ်ဆိုရင် အချိန်တိုတွင်းမှာ ပြေပြစ်လှပ အဆီပိုကင်းတဲ့ခန္ဓာကိုယ်ကိုရရှိစေမှာဖြစ်ပါတယ်။