အိပ်ချိန်ပုံမှန်မရှိခြင်း အိပ်ရေးပျက်ခြင်းတွေဟာ ဒီနေ့ခေတ်လူတွေနဲ့ရင်းနှီးပြီးသားလို့တောင် ပြောရမှာပါ။ ဒါဟာရေရှည်အတွက်တော့ ကောင်း တဲ့လက္ခဏာတော့မဟုတ်ပါဘူး။ ဘာလို့ဆို အိပ်စက်ခြင်းဟာ ကျွန်တော်တို့ရဲ့အသက်ရှင်သန်နိုင်ရေးအတွက် အခြေခံလိုအပ်ချက်တစ်ခုဖြစ်နေလို့ပါပဲ။

ဒီတစ်ခေါက်မှာတော့ အိပ်ချိန်မှန်မှန်ရှိဖို့နဲ့ အိပ်ရေးဝဝ အိပ်စက်နိုင်ဖို့ အကျိုးပြုပေးမယ့် ထိရောက်တဲ့နည်းလမ်း (၄) ခုကိုပြောပြပေးမှာပါ။

(၁) အိပ်ရာဝင်ချိန်/အိပ်ရာထချိန် သတ်မှတ်ပါ

The Man Sleeping In The Bed Night Time

Photo : Freepik

အိပ်စက်မှုပုံစံနဲ့ ပတ်သတ်ပြီး ခန္ဓာကိုယ်ဟာ စည်းချက်ညီညီ rhythm မှန်နေဖို့အရေးကြီးပါတယ်။ ဘယ်လိုလဲဆိုတော့ အိပ်ရာဝင်ချိန် / အိပ်ရာထချိန်တွေဟာ စနစ်တကျနဲ့ ပုံမှန်ရှိဖို့ပါ။ နေ့တိုင်းမှာ သတ်မှတ်ထားတဲ့အချိန်တစ်ခုအတွင်း အိပ်ရာဝင် / အိပ်ရာထတဲ့အကျင့်ကို မွေးမြူမယ်ဆိုရင် အိပ်ချိန်မှန်ပြီး အိပ်စက်မှုအရည်အသွေးဟာလည်း တိုးတက်လာစေမှာပါ။

(၂) အတွေးတွေ ရှင်းထုတ်ထားပါ

The Man Sleeping In The Bed Night Time

Photo : Freepik

အိပ်ရာဝင်ချိန်ညဘက်တွေမှာ တက်နိုင်သလောက် စိတ်ဖိစီးစေမယ့်အကြောင်းအရာတွေ ၊ အတွေးတွေကို ရှင်းထုတ်ထားဖို့ လိုအပ်ပါတယ်။ အတက်နိုင်ဆုံး စိတ်ကိုအရှင်းလင်းဆုံးထားမယ်ဆိုရင် ပိုပြီးမြန်မြန်အိပ်ပျော်စေမှာဖြစ်သလို နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားစေမှာပါ။

(၃) လေ့ကျင့်ခန်း ပုံမှန်လုပ်ပါ

Young man exercising outside. picture of guy keeping in abs exercise position

Photo : Freepik

လေ့ကျင့်ခန်းပုံမှန်လုပ်ခြင်းဟာ သိပ္ပံနည်းကျလေ့လာမှုများအရပါ အိပ်စက်ခြင်းအရည်အသွေးကို တိုးတက်စေတဲ့ သက်သေတွေရှိကြောင်း သုတေသီတွေက ဆိုထားပါတယ်။ နေ့တိုင်းကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းပြုလုပ်မယ်ဆိုရင် ညဘက်အိပ်ချင်စိတ်ကိုပိုဖြစ်စေပြီး ကောင်းစွာအိပ်ပျော်သွားစေ နိုင်ပါတယ်။ သတိထားရမှာတစ်ခုကတော့ အိပ်ရာဝင်ချိန်နဲ့နီးကပ်စွာ လေ့ကျင့်ခန်းမလုပ်မိဖို့ပါပဲ။

(၄) ပုံမှန်မဟုတ်တဲ့အိပ်ချိန်တွေ ကန့်သတ်ပါ

Handsome man sleeping on the couch with a book

Photo : Freepik

နေ့ခင်းနေ့လည် ခဏတဖြုတ်အိပ်စက်တာကောင်းပါတယ်။ ဒါပေမယ့်နာရီဝက်ထက်ပိုအိပ်မိနေတယ် ညနေခင်းလို အချိန်မျိုးတွေမှာ အိပ်ဖို့ပြင်နေတယ်ဆိုရင် ညဘက်အိပ်ချိန်ဟာ ကမောက်ကမဖြစ်ပြီး အိပ်ချိန်မှန်မှန်ရှိနိုင်မှာ မဟုတ်ပါဘူး။ ညဘက်ကောင်းစွာအိပ်ပျော်နိုင်ဖို့ ဒီလိုပုံမှန်မဟုတ်တဲ့အိပ်ချိန်တွေကို ကန့်သတ်လိုက်ဖို့အကြံပြုချင်ပါတယ်။

Featured Photo : Men’s Health