ဆယ်ကျော်သက်အရွယ်မှာ လူငယ်ဆန်တဲ့ ဖက်ရှင်မျိုးကို ဝတ်စားဆင်ယင်သင့်ပြီး ဆက်ကျော်သက်အရွယ်ကုန်လွန်လာပြီး လုပ်ငန်းခွင် ဝင်တဲ့အခါမှာတော့ သပ်သပ်ရပ်ရပ်နဲ့ စမတ်ကျကျ ဝတ်ဆင်တတ်ဖို့လိုလာပါပြီ။

ထိုမှတဆင့် သက်လတ်ပိုင်းရောက်လာကာ လူကြီးပိုင်းအရွယ်ထဲ ဝင်လာပြီဆိုရင်တော့ ရင့်ကျက်တည်ငြိမ်တဲ့ ဖက်ရှင်မျိုးကို ဖန်တီးဖို့ လိုအပ်လာပါပြီ။ ဒီဆောင်ပါးလေးထဲမှာတော့ ကိုယ့်အသက်အရွယ်အပိုင်းအခြားအလိုက် ဘယ်လိုဖက်ရှင်မျိုး၊ ဘယ်လိုစတိုင်လ်မျိုးကို ဖန်တီးရမလဲဆိုတာကို ဖော်ပြပေးမှာပဲဖြစ်ပါတယ်။

အသက် ၂၀ အရွယ်

20s fashion style for men

အသက် ၂၀ အရွယ်မှာတော့ သင့်ရဲ့ဖန်တီးကို အမျိုးမျိုး စမ်းသစ်တီထွင်ကြည့်လိုက်ပါ။ ငယ်ရွယ်စဉ်မှာ ငယ်ဂုဏ်ရှိတဲ့အတွက်ကြောင့် ဘာဝတ်ဝတ် တင့်တယ်နေမှာပါ။ အရောင်ရင့်ရင့်တွေ အရောင်အသစ်အဆန်းတွေ ဝတ်ဆင်ဖို့ကိုလည်း မတွန့်ဆုတ်ပါနဲ့။

အဝတ်အစားတစ်ခုတည်းကို ဂရုစိုက်ရမှာမဟုတ်ပါဘူး။ ဆံပင်ပုံစံကိုလည်း သုံးလ တစ်ကြိမ်လောက် ပုံသွင်းပေးရပါမယ်။ အသုံးအဆောင်ပစ္စည်းပိုင်းနဲ့ ပတ်သက်လာရင်တော့ လက်ပတ်နာရီကောင်းကောင်းတစ်လုံး ပိုင်ဆိုင်ထားသင့်ပါတယ်။

အသက် ၃၀ အရွယ်

30s fashion style for men

အသက် ၃၀ အရွယ်မှာတော့ တည်ငြိမ်ရင့်ကျက်တဲ့ အသွင်ကို ဖန်တီရပါတော့မယ်။ အဝတ်အစားဆိုရင်လည်း နန်းဆန်တဲ့ အရောင်မျိုးကို ရွေးချယ်သင့်ပါတယ်။ တောက်ပြောင်တဲ့အရောင်ထက်စာရင် တည်ငြိမ်တဲ့အရောင်ကိုသာ ရွေးချယ်ပါ။

ဝင်ငွေလည်း အတန်အသင့်ရှိလာပြီဆိုတော့ အရည်အသွေးကောင်းမွန်တဲ့ ဖက်ရှင်အသုံးအဆောင်ပစ္စည်းများကို တစ်လနည်းနည်းချင်းစီ ဝယ်စုသင့်ပါတယ်။

အသက် ၄၀ အရွယ်

40s fashion style for men

အသက် ၄၀ အရွယ် ရောက်လာတဲ့အခါ စောစောက ၂၀၊ ၃၀ အရွယ်ထက် ပိုပြီး ဂရုစိုက်ဖို့ လိုလာပါပြီ။ ဖက်ရှင်ပိုင်းသာမက ကျန်းမာရေးကိုလည်း ဂရုစိုက်ရပါတော့မယ်။ ဗိုက်ရွှဲရွှဲကြီး မဖြစ်ချင်ဘူးဆိုရင်တော့ လေ့ကျင့်ခန်း ပုံမှန်ပြုလုပ်ပေးဖို့လိုလာပါပြီ။

နောက်ထပ်အရေးကြီးဆုံးတစ်ချက်ကတော့ သင့်ရဲ့အဝတ်ဘီဒိုကို ပြန်စစ်ကြည့်ပါ။ အသက် ၂၀၊ ၃၀ အရွယ်က ဝတ်ဆင်ခဲ့တဲ့ မလိုအပ်တဲ့ အဝတ်အစားများ၊ ဖက်ရှင်အသုံးအဆောင်များကို သိမ်းမထားပါနဲ့တော့။

အသက် ၅၀ အရွယ်

50s fashion style for men

ဒီနိုင်ငံမှာကတော့ အသက် ၅၀ ကျော်လာပြီဆိုရင် တရားဘာဝနာ ကျင့်ထုတ်ရတော့မယ့်အရွယ်ဆိုပြီး မှတ်ယူကြပါတယ်။ လူငယ်တွေလိုမျိုး အဝတ်အစား ဖက်ရှင်ပိုင်းကို သိပ်ပြီး ဂရုမစိုက်ကြတော့ပါဘူး။

ကိုယ့်ခေတ်အခါရောက်လာရင်တော့ ထိုအယူအဆကို ပြောင်းပြန်လှန်နိုင်ပါတယ်။ အဝတ်အစားကို ၂၀၊ ၃၀၊ ၄၀ အရွယ်က ဂရုစိုက်ခဲ့သလိုပဲ စမတ်ကျကျ ဝတ်ဆင်ပါ။ ရှူးဖိနပ်များ၊ စတိုင်လ်ဘောင်းဘီများနဲ့ ဆက်လက်ရှိုးထုတ်လို့ရပါတယ်။ သင့်ဖက်ရှင်သည် သင့်အပေါ်မှာပဲ မူတည်ပါတယ်။

Source: Healthyoptions.com.ph

Featured Image Source: Healthyoptions.com.ph