Relationship တစ်ခုတည်ဆောက်ရာမှာ အချစ်တစ်ခုတည်းနဲ့ လေးနက်ပြည့်စုံတဲ့ အချစ်ရေးမျိုး ဖြစ်မလာနိုင်ပါဘူး။ အချိန်ကြာလာတာနဲ့အမျှ တစ်စထက်တစ်စပိုမိုခိုင်မြဲတဲ့ ဆက်ဆံရေးကိုတည်ဆောက်ချင်တဲ့ဆိုရင် အခုပြောမယ့်အရာတွေက မဖြစ်မနေလိုအပ်ပါတယ်။ ဒီဆောင်းပါးလေးမှာတော့ ရေရှည့်တည်တန့်ပြီး လေးနက်တဲ့အချစ်ရေးတစ်ခု ပိုင်ဆိုင်ချင်တဲ့ ကွီးတို့သိထားရမယ့်အရာလေးတွေကို မျှဝေပေးသွားပါမယ်။

(၁) အပြန်အလှန်လေးစားမှုရှိရမယ်

Couple sitting and laughing together

Photo : Good Housekeeping

ချစ်သူစုံတွဲတွေကြားမှာ တစ်ဦးအပေါ်တစ်ဦးအပြန်အလှန်လေးစားမှုက သိပ်ကိုအရေးပါပါတယ်။ ရေရှည်တည်တန့်တဲ့အချစ်ရေးတစ်ခုအတွက် လေးစားမှုရှိဖို့က မဖြစ်မနေလိုအပ်ချက်တစ်ခုပါ။ တစ်ယောက်ရဲ့ ခံစားချက်တွေ ၊ အချိန်တွေ ၊ ထင်မြင်ယူဆမှု အတွေးအခေါ်တွေနဲ့ လိုအပ်ချက်အားလုံးကို တစ်ယောက်က အပြန်အလှန်လေးစားမှုရှိမှလည်း အချစ်ရေးကရေရှည်ခရီးတွင်မှာ ဖြစ်ပါတယ်။

(၂) ရင်းနှီးတဲ့ဆက်ဆံရေးတည်ဆောက်နိုင်ရမယ်

Couple sitting on beach send

Photo : Live Bold and Bloom

ရင်းနှီးမှုဆိုရာမှာ တစ်ယောက်နဲ့တစ်ယောက်ကြားက ရုပ်ပိုင်းဆိုင်ရာ ဆက်ဆံရေးရင်းနှီးမှုရှိဖို့သာမက စိတ်ချင်းလည်း ရင်းနှီးမှုရှိ ဖို့လိုအပ်ပါတယ်။ ဒါမှလည်း တစ်ယောက်စိတ်ကိုတစ်ယောက်က နားလည်နိုင်ပြီး လေးနက်တဲ့အချစ်ရေးမျိုး တည်ဆောက်နိုင်မှာပါ။ ရုပ်ပိုင်းဆိုင်ရာ စိတ်ပိုင်းဆိုင်ရာ ရင်းနှီးမှုရှိမှလည်း တစ်ယောက်အကြောင်းတစ်ယောက်ပိုနားလည်လာပြီး အသေးအမွှား ကိစ္စလေးတွေကအစ အများကြီးညှိနှိုင်းစရာမလိုတဲ့ အခြေအနေမျိုး ရရှိလာမှာပါ။

(၃) လွတ်လပ်စွာရှင်သန်ခွင့်ရှိရမယ်

Happy Couples Talking and laughing together

Photo : Leah Flores

ကျွန်တော်တို့ အားလုံးဟာ ထိန်းချုပ်မှုတွေအောက်မှာ ကြာကြာရပ်တည်နိုင်ဖို့ ခက်ခဲကြပါတယ်။ လွတ်လပ်မှုကိုမြတ်နိုးပြီး လွတ်လပ်စွာရှင်သန်နိုင်ခြင်းကလည်း လူသားဆန်ခြင်းတစ်မျိုးပဲမဟုတ်လား။ ချစ်သူစုံတွဲတွေကြားမှာလည်း ဒါကိုနားလည်ထားဖို့လိုအပ်ပါတယ်။ ဖိအားတွေ ထိန်းချုပ်မှုနဲ့အတင်းအကျပ်ဆုပ်ကိုင်ထားတဲ့မျိုးမရှိပဲ ကိုယ့်ရဲ့ဝါသနာတွေ ကိုယ်ပိုင်အချိန်တွေကို လွတ်လပ်စွာရှင်သန်ခွင့်ရှိမှလည်း အမှန်တကယ်လေးနက်ပြည့်စုံတဲ့အချစ်ရေးမျိုး ဖြစ်လာနိုင်မှာပါ။

(၄) လေးလေးနက်နက်ရှိဖို့လိုတယ်

Young couple hugging

Photo : Lifehack

သက်ဆုံးတိုင်လက်တွဲသွားချင်တယ်ဆိုရင် တစ်ယောက်အပေါ်တစ်ယောက် လေးလေးနက်နက် နှစ်နှစ်ကာကာချစ်တက်ဖို့လည်း အရေးကြီးပါတယ်။ အချိန်တွေ တဖြေးဖြေးကြာလာတာနဲ့အမျှ ပေါ့ရွတ်တဲ့ချစ်ခြင်းမျိုး ဖြစ်မသွားစေပဲ တစ်ယောက်ကိုတစ်ယောက် ချစ်ခင်တွယ်တာမှု ၊ ခံစားမှု ၊ ဂရုစိုက်ကြင်နာမှု ၊ တန်ဖိုးထားမှုတွေဟာ နက်ရှိုင်းနေဖို့လိုပြီး တစ်ယောက်နဲ့တစ်ယောက်အပေးအယူမျှတတဲ့ ချစ်ခြင်းမျိုးဖြစ်ရမှာပါ။ ဒါမှလည်း ပိုကောင်းတဲ့ဆက်ဆံရေး ပိုပြီးပြည့်စုံတဲ့ချစ်ခြင်းတွေနဲ့ နှစ်ပေါင်းများစွာ ခိုင်မြဲစွာလက်တွဲသွားနိုင်မှာပါ။

Featured Photo : Healthline