ဆေးလိပ်သောက်တတ်သူတိုင်းမှာ ဆေးလိပ်ဖြတ်ချင်တဲ့ ဆန္ဒရှိတယ်ဆိုတာ မယုံမရှိပါနဲ့။ ဆေးလိပ်ဆိုတာ တကယ်တော့ အသည်းခွဲခဲ့တဲ့ အချစ်ဦးလိုပါပဲ အရမ်းမုန်းပေမယ့် မေ့လို့မရတဲ့ ခံစားချက်မျိုးပါ။

ဒါကြောင့် ဆေးလိပ်မဖြတ်နိုင်သေးရင်တောင်မှ ဆေးလိပ်သောက်ချင်တဲ့ စိတ်ကို လျော့ချပေးနိုင်မယ့် ဖြည့်စွက်စာလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

(၁) ဟင်းသီးဟင်းရွက်နဲ့ သစ်သီးဝလံများ

Source : door2door.co.in

စီးကရက်သောက်သုံးခြင်းဟာ ခန္ဓာကိုယ်တွင်းရှိ ကယ်လ်ဆီယမ်နဲ့ ဗီတာမင်စီ ကဲ့သို့သော အာဟာရဓာတ်တွေကို ဆုံးရှုံးစေနိုင်ပါတယ်။ လေ့လာတွေ့ရှိချက်များအရ ကယ်လ်ဆီယမ်နဲ့ ဗီတာမင်ဓာတ်ကြွယ်ဝတဲ့ ဟင်းသီးဟင်းရွက်နဲ့သစ်သီးဝလံတွေကို ဖြည့်စွက်စားသုံးပေးခြင်းက ဆေးလိပ်သောက်ချင်စိတ်ကို လျော့ကျလာစေနိုင်သလို အစားစားချင်စိတ်ကိုလည်း ပိုမိုဖြစ်ပေါ်စေနိုင်ပါတယ်။

ဒါကြောင့် ဆေးလိပ်သောက်ချင်လာတဲ့အခါတိုင်းမှာ ဟင်းသီးဟင်းရွက်နဲ့ သစ်သီးဝလံတွေ စားသုံးပေးပါ။

(၂) ဂျင်ဆင်းလက်ဖက်ရည်

Source : southafricatoday.net

ဆေးလိပ်စွဲတယ်ဆိုတာ ဆေးလိပ်မှာတဲ့ နီကိုးတင်းဓာတ်ကို စွဲလန်းခြင်းသာဖြစ်ပါတယ်။ ဂျင်ဆင်းလက်ဖက်ရည်သောက်သုံးခြင်းက ဆေးလိပ်ထဲမှာပါတဲ့ နီကိုတင်းဓာတ် စွဲလမ်းမှုကို လျော့ကျစေနိုင်ပါတယ်။ ဘာကြောင့်လဲဆိုရင် ဂျင်ဆင်းလက်ဖက်ရည်သောက်သုံးခြင်းက ဆေးလိပ်သောက်ချင်တဲ့ စိတ်ရဲ့တောင့်တမှု အာသီသကို ဖြစ်ပေါ်စေတဲ့ ဒိုပါမင်းဟောမုန်းဓာတ်ကို လျော့ကျစေနိုင်တာကြောင့်ပဲ ဖြစ်ပါတယ်။

(၃) နို့နှင့်နို့ထွက်စားသောက်ကုန်များ

Source : Harvard Health – Harvard University

သုတေသနပညာရှင်တွေရဲ့ လေ့လာတွေ့ရှိချက်များအရ နွားနို့သောက်သုံးခြင်းဟာ ဆေးလိပ်ရဲ့အရသာကို ဆိုးရွားစေတယ်လို့ ဆေးလိပ်သောက်သူတွေ ကိုယ်တိုင်ဝန်ခံ ထွက်ဆိုထားကြောင်း သိရပါတယ်။ နွားနို့နှင့် နို့ထွက်ပစ္စည်းတွေကို ဖြည့်စွက်စာအဖြစ် စားသုံးခြင်းကလည်း ဆေးလိပ်သောက်ချင်စိတ်ကို ပုံမှန်ထက် လျော့ချတားဆီးပေးနိုင်မှာဖြစ်ပါတယ်။

(၄) သကြားမပါတဲ့ ပီကေနှင့်ငုံဆေးများ

Source : Pediatric Dentist in Grand Prairie, TX

ပီကေနှင့်ငုံဆေးများစားပေးခြင်းကလည်း ဆေးလိပ်သောက်ချင်စိတ်ကို လျော့ကျစေနိုင်တဲ့ နည်းလမ်းတစ်ခုမှာ ပါဝင်ပါတယ်။ တစ်နည်းအားဖြင့် ပီကေကို အချိန်အတန်ကြာဝါးနေရခြင်းဟာ ဆေးလိပ်သောက်ဖို့ကို ခဏတာ မေ့ပျောက်ထားနိုင်မှာဖြစ်ပါတယ်။ ဒါ့အပြင် ဆေးလိပ်သောက်ချင်တဲ့အခါ ဖြစ်ပေါ်တတ်တဲ့ ပါးစပ်ချဉ်တဲ့ဝေဒနာကိုလည်း လျော့ကျစေမှာဖြစ်ပါတယ်။

သင့်အနေနဲ့ ဆေးလိပ်ဖြတ်တော့မယ်ဆိုရင် အဓိက ရှောင်သင့်တဲ့အစားအသောက်တွေကိုလည်း သိထားဖို့လိုပါတယ်။ အရက်၊ ကဖိန်းဓာတ်ပါတဲ့ ကော်ဖီကဲ့သို့ အစားအစာများ၊ အသားနှင့် အချိုလွန်ကဲသော အစားအစာတွေကို အဓိကထားရှောင်ကြဉ်ရမှာပဲဖြစ်ပါတယ်။