လူတစ်ယောက်မှာ စိတ်ရဲ့ကျန်းမာရေးဟာ အရမ်းကို အခရာကျတဲ့အပိုင်းက ပါဝင်ပါတယ်။ ပျော်ရွှင်ခြင်း၊ ဝမ်းနည်းခြင်း စတဲ့ခံစားမှုအားလုံးဟာ ကိုယ်ကြုံတွေ့ရတဲ့ အရာတွေပေါ်မူတည်ပြီး စိတ်ကဖြစ်တည်လာတဲ့ ခံစားမှုတွေဖြစ်ပါတယ်။ ဘဝဇာတ်ခုံအဖုံဖုံမှာ အချိန်တိုင်းပျော်ရွှင်အောင်နေနိုင်ဖို့က အရမ်းကိုခက်ခဲတဲ့ကိစ္စတစ်ခုပါ။

ဒါပေမယ့်လည်း အချိန်တိုင်းပျော်ရွှင်အောင်မနေနိုင်ရင်တောင် အချိန်တိုင်းစိတ်ဓာတ်ကျ စိတ်မပျော်ရွှင်ခြင်းတွေကနေ အတတ်နိုင်ဆုံးကင်းဝေးအောင် အခုပြောပြပေးမယ့် အစားအစာလေးတွေ စားသုံးပေးနိုင်ပါတယ်။

(၁) ပင်လယ်ငါး

Medical News Today

ပင်လယ်ထွက်ငါးတွေဖြစ်တဲ့ တူနာငါးနဲ့ ဆယ်လ်မွန်ငါးတွေမှာ Omega – 3 ဓာတ် ကြွယ်ဝစွာပါဝင်တာကြောင့် ကိုယ်လက်စထရောကို လျော့ကျစေသလို နှလုံးဖိအားကိုလည်း ထိန်းညှိပေးပါတယ်။ ဒါ့အပြင် ပင်လယ်ငါးတော်တော်များများဟာ ဗီတာမင် D ကြွယ်ဝစွာပါဝင်တာကြောင့် စိတ်မပျော်ရွှင်ခြင်း၊ စိတ်ဓာတ်ကျခြင်းတို့ကို အကောင်းဆုံး ကာကွယ်ပေးနိုင်တာဖြစ်ပါတယ်။

(၂) အနက်ရောင်ချောကလက်

Source : Medical News Today

အနက်ရောင်ချောကလက်တွေမှာ စိတ်ကိုတက်ကြွလန်းဆန်းစေတဲ့ ကာဖိန်းဓာတ် အနည်းငယ်ပါဝင်တာကြောင့် စိတ်မပျော်ရွှင်ဖြစ်နေတဲ့အချိန်မှာ စားသုံးပေးသင့်တဲ့ အစားအစာတစ်ခုဖြစ်ပါတယ်။ သင့်အနေနဲ့ စိတ်ဓာတ်ကျနေတယ် စိတ်မပျော်ရွှင် ဖြစ်နေတယ်ဆိုရင်တော့ အနက်ရောင်ချောကလက်အနည်းငယ်စားလိုက်ပါ။ အချိန်ခဏလေးအတွင်းမှာတင် ထူးခြားမှုကို ခံစားရစေမှာ သေချာပါတယ်။

(၃) နနွင်း

Source : Medical News Today

နနွင်းဟာ ဟင်းချက်ရာမှာလည်း မပါမဖြစ်ပစ္စည်းတစ်မျိုးဖြစ်သလို ဆေးဖက်ဝင် အနွယ်တစ်မျိုးလည်းဖြစ်ပါတယ်။ သဘာဝတိုင်း ထုတ်လုပ်ထားတဲ့နနွင်းစစ်စစ်ဟာ အသားအရေးလှပမှုအတွက်လည်း အထောက်အပံ့ကောင်းတွေ ပေးစွမ်းသလို ရောင်ရမ်းနာကျင်မှုတွေကိုလည်း လျော့ကျစေတဲ့ အပြင်စိတ်ပျော်ရွှင်လန်းဆန်းမှုကိုလည်း ပေးနိုင်တာကြောင့် နနွင်းကို ပျားရည်နဲ့ဖြစ်စေ နွားနို့နဲ့ဖြစ်စေတွဲဖက် သောက်သုံးနိုင်မှာဖြစ်ပါတယ်။

(၄) လက်ဖက်စိမ်း

Source : healthfitnessrevolution.com

လက်ဖက်စိမ်းဟာ ဦးနှောက်နဲ့ အာရုံကြောအတွက် ကောင်းစွာအကျိုးပြုပေးတာကြောင့် စိတ်ကြည်လင်လန်းဆန်းစေပါတယ်။ Antioxidants ဓာတ်လည်း ပါဝင်တာကြောင့် ကင်ဆာရောဂါဖြစ်ပွာနိုင်ခြင်းကို လျော့ကျပေးကာ နုပျိုလန်းဆန်းစေမှာ ဖြစ်ပါတယ်။ ဒါ့အပြင် စိတ်ဖိစီးမှုကိုလျော့ချပေးတဲ့ အမိုင်နိုအက်စစ်ဓာတ်လည်း ပါဝင်တာကြောင့် စိတ်မကြည်လင် လန်းဆန်းမှု ပျောက်ဆုံးနေပါက လက်ဖက်စိမ်းဖျော်ရည် (သို့) လက်ဖက်စိမ်းရေနွေးကြမ်းတစ်ခွက် သောက်သုံးလိုက်ပါ။