တချို့သောအစားအစာတွေဟာ ပုံမှန်တိုင်းဆို သင့်ခန္ဓာကိုယ်အတွက် လိုအပ်တဲ့အာဟာရဓာတ်ကိုပေးစွမ်းနိုင်ပေမယ့် တစ်ခါတစ်လေသင့်ရဲ့အစာအိမ်မှာ အစာမရှိပဲစားလိုက်မိရင်တော့ ခန္ဓာကိုယ်ဆိုးကျိုးတွေဖြစ်စေတဲ့ အစားအစာတွေအဖြစ်ပြောင်းလဲသွားတက်ပါတယ်။ သင့်အနေနဲ့ ကျန်းကျန်းမာမာနေချင်တယ်ဆိုရင် အခုပြောပြမယ့်အစားအစာတွေကို သင့်အနေနဲ့ အစာအိမ်ထဲ အစာတစ်ခုခုမရှိသေးခင်မှာ လုံးဝမစားမိပါစေနဲ့။
(၁) ငှက်ပျောသီး

ဝိတ်ချသူအများစုလုပ်တက်တာက Morning Banana Diet လို့ခေါ်တဲ့ မနက်ခင်းမှာငှက်ပျောသီးကို မနက်စာအဖြစ်စားသုံးတာဖြစ်ပါတယ်။တကယ်တော့ဒါဟာကောင်းတဲ့အလေ့အထတစ်ခုမဟုတ်ပါဘူး။ ငှက်ပျောသီးမှာ ပိုတက်စီယမ်ဓာတ် အမျှင်ဓာတ်နှင့်မဂ္ဂနီဆီယမ်ဓာတ်များပြည့်ဝစွာပါဝင်သော်လည်း အလားတူ အက်ဆစ်ဓာတ်များ သကြားဓာတ်များစွာလည်းပါဝင်ပါတယ်။ ဗိုက်ထဲအစာမရှိသေးခင် သကြားဓာတ်များစွာစားသုံးမိခြင်းက ခန္ဓာကိုယ်စွမ်းအင်ကိုလျော့ကျစေပြီး ပင်ပန်းနွမ်းနယ်စေပါတယ်။ဒါကြောင့်ငှက်ပျောသီးစားမယ်ဆိုရင်တောင် တခြားသော ကြက်ဥ နွားနို့စတဲ့ အစားအစာတွေနဲ့ တွဲဖက်စားတာ ပိုသင့်တော်ပါတယ်။
(၂) ဒိန်ချဉ်

နံနက်စာအတွက် လတ်ဆတ်တဲ့သစ်သီးတစ်မျိုးနဲ့ ဒိန်ချဉ်ကိုရောစပ်ပြီးသောက်ပေးတာက ကျန်းမာပြီးကိုယ်အလေးချိန်ကျစေတယ်လို့ လူအများသိထားကြပါတယ်။ သို့သော်ဒိန်ချဉ်တိုင်းကတော့ ဒီလိုကောင်းတွေပေးမှာမဟုတ်ပါဘူး။ တချို့သောဒိန်ချဉ်တွေဟာ သကြားပါဝင်မှုအရမ်းကိုများတာကြောင့် ဆိုးကျိုးတွေရှိပါတယ်။အကောင်းဆုံးက ဂရိဒိန်ချဉ်လိုသဘာဝတိုင်းထုတ်လုပ်ထားတဲ့ ဒိန်ချဉ်ကိုမှ ပျားရည် သစ်သီးတွေနဲ့ရောစပ်ပြီး မနက်စာအဖြစ်စားသင့်ပါတယ်။
(၃) ခရမ်းချဉ်သီး

ခရမ်းချဉ်သီးတွေဟာ ကယ်လိုရီပါဝင်မှုနည်းတဲ့အပြင် ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ ဗီတာမင်ဓာတ်တော်တော်များများကို ရရှိစေပါတယ်။ သို့သော်လည်း အစာအိမ်ထဲမှာ အစာတစ်ခုခုမရှိသေးပဲနဲ့တော့ ခရမ်းချဉ်သီးကိုမစားသင့်ပါဘူး။ ခရမ်းချဉ်သီးအပါအဝင် တချို့သောအစိမ်းစားလို့ရတဲ့ ဟင်းသီးဟင်းရွှက်တွေကို အစာမရှိပဲစားမိတဲ့အခါ အစာအိမ်မှာရှိတဲ့ အက်စစ်ဓာတ်နဲ့ ဓာတ်ပြုပြီး ဗိုက်အောင့်ခြင်းကိုဖြစ်စေနိုင်ပါတယ်။
(၄) အအေးများ

ဗိုက်ထဲအစာလုံးဝမရှိသေးတဲ့ မနက်ခင်းလိုအချိန်တွေမှာ ရေခဲရေနှင့်တခြားသောအအေးများ သောက်သုံးခြင်းကိုလုံးဝရှောင်သင့်ပါတယ်။ အထူးသဖြင့်ရေခဲနှင့် ကာဗွန်နိတ်အချိုရည်တွေဟာ အစာမရှိတဲ့အချိန်သောက်မိရင် အစာအိမ်ရောင်ခြင်း အူရောင်ခြင်းများကိုဖြစ်စေနိုင်ပါတယ်။ ဒါကြောင့်ဗိုက်ထဲအစာမရှိတဲ့အချိန်မှာ အေးတဲ့သောက်စရာတွေအစား ရိုးရိုရေကိုသာသောက်သင့်ပါတယ်။
Source : Brightside
