ကျွန်တော်တို့ဟာ နေ့တိုင်းပဲ ကိုယ့်ကိုယ်ကိုယ် ပြုပြင်နေရတာပါ။ ရုပ်ပိုင်းဆိုင်ရာအရ ပြုပြင်မှုဖြစ်တဲ့ Personal Care နဲ့ ပတ်သက်ပြီး နေ့တိုင်းလုပ်နေကြပေမယ့် တချို့တွေရဲ့ တစ်ကိုယ်ရည်လှပသန့်ရှင်းရေးဆိုင်ရာ အလေ့အထတွေက အားနည်းချက်တွေ ရှိနေကြဆဲပါ။ ဒီတစ်ခေါက်မှာတော့ လှအောင်ပြင်ရင်း လူအထင်သေးသွားကြတဲ့ Grooming အလေ့အထတွေအကြောင်း ပြောပြချင်ပါတယ်။

(၁) မျက်ခုံးကို အလွန်အမင်း ပြုပြင်ခြင်း

Overly Done Eyebrows

Photo: mensxp

မျက်ခုံးထူထူ မျက်လုံးလှလှ အမျိုးသားတွေဆို မိန်းကလေးတွေ ကြွေကြတာ မှန်ပါတယ်။ ဒါပေမယ့်လည်း ယောင်္ကျားတန်ဖို့ မျက်ခုံးထူအောင် မျက်ခုံးရိတ်တာ ၊ မျက်ခုံးဆေးခြယ်တာမျိူးကတော့ မလှတဲ့အပြင် အထင်ပါ သေးတတ်ကြပါတယ်။

(၂) ရေမွှေးဆွတ်လွန်းခြင်း

Too Much Perfume

Photo: mensxp

ဘယ်သူမဆို ရေမွှေးနံ့သင်းသင်းလးကို သဘောကျတတ်ကြပေမယ့် ရေမွှေးတွေ နင်းကန်ဆွတ်ထားပြီး မွှန်ထူနေရင် ဘယ်သူမှ ကြိုက်ကြမှာ မဟုတ်ပါဘူး။ ရေမွှေးနံ့ တထောင်းထောင်း ဆွတ်လာတဲ့လူကို အားလုံးက အထင်အမြင်သေးတာ သဘာဝပါပဲ။

(၃) Gel ပုံနေအောင် လိမ်းခြင်း

Gel-Dripping Hair

Photo: mensxp

ဒီ Grooming အမှားကတော့ ယောင်္ကျားလေး အတော်များများ လုပ်ဖူးကြပါတယ်။ Gel သုံးပြီး Hairstyle ပြင်ရာမှာ အများစုက Gel ကို လိုအပ်တဲ့ပမာဏထက် ပိုသုံးမိတတ်ကြပါတယ်။ ဆံပင်မှာ Gel တွေ ပုံနေအောင် လိမ်းတာဟာ အရုပ်လည်း ဆိုးသလို ဆံပင်လည်း ပျက်စီးစေပါတယ်။

(၄) နှုတ်ခမ်းမွေး ကျိုးတိုးကျဲတဲ ထားခြင်း

Weird Beards

Photo: mensxp

မုတ်ဆိတ်တို့ နှုတ်ခမ်းမွေးတို့ဆိုတာ လူတိုင်းတစ်ပုံစံတည်း လာတာမဟုတ်ပါဘူး။ တချို့တွေကျတော့ မုတ်ဆိတ်နဲ့ နှုတ်ခမ်းမွေးက သဘာဝအတိုင်း ကြည့်ကောင်းတတ်ပြီး တချို့တွေကျတော့ မုတ်ဆိတ်ပေါက်တာ မညီဘဲ ကြည့်ရဆိုးတတ်ပါတယ်။ တကယ်လို့ ကိုယ့်က နှုတ်ခမ်းမွေးပုံစံ သိပ်မလှတဲ့အထဲမှာ ပါနေရင်တော့ သပ်သပ်ရပ်ရပ်သာ ရိတ်သင်ထားတာ အကောင်းဆုံးပါပဲ။

Featured Photo: philips