လူတစ်ယောက်ရဲ့ မျက်နှာဟာ တလောကလုံးက လူတွေကို အရင်ဆုံးပြတဲ့ ကိုယ်အင်္ဂါအစိတ်အပိုင်းတစ်ခုပါပဲ။ ရုပ်ချောမှ လှတာမဟုတ်ပါဘူး။ အညစ်အကြေး ၊ မှဲ့ခြောက် ၊ ဝက်ခြံတွေ ကင်းစင်တဲ့ မျက်နှာကလည်း လူရဲ့ ရုပ်ခံကို ရှင်းသန့်အောင် ပြုပြင်ပေးနိုင်ပါတယ်။ ဒီတော့ ပြီးပြည့်စုံတဲ့ မျက်နှာတစ်ခု ဖြစ်လာဖို့ ဘာတွေလုပ်ပေးဖို့ လိုသလဲဆိုတာကို ပြောပြပေးချင်ပါတယ်။

(၁) နေ့တိုင်းမှာ သန့်ရှင်းပါ

Source: Shutterstock

မျက်နှာဟာ ခန္ဓာကိုယ်ရဲ့ တစ်ခြား အစိတ်အပိုင်းတွေထက် ပိုပြီး နုနယ်ပါးလွှာပါတယ်။ မျက်နှာကို Cleanser တစ်မျိုးမျိုးနဲ့ သန့်ရှင်းပေးတာဟာ အသားအရေ အစိုဓါတ်ကို ထိန်းသိမ်းတဲ့အပြင် အညစ်အကြေးတွေလည်း ဖယ်ရှားပြီ ဖြစ်စေပါတယ်။

(၂) နေ့စဉ် Moisturizer သုံးပါ

Source: Men’s Journal

မျက်နှာသစ်တာဟာ အညစ်အကြေးတွေ ရှင်းထုတ်ပေးရာ ရောက်ပြီး အစိုထိန်းခရမ်လိမ်းတာက နေရောင်ကြောင့် အသားအရေအက်တာ ၊ အသားခြောက်တာတွေကို ကာကွယ်ပေးနိုင်ပါတယ်။ နေ့စဉ် Moisturizer သုံးမယ်ဆိုရင် မျက်နှာဟာ ချောမွေ့ကြည်လင်လာပါလိမ့်မယ်။

(၃) တစ်ပတ်တစ်ခါ ဂျီးချွတ်ပါ

Source: Best Face Scrub for Oily Skin

ဖြစ်နိုင်ရင် တစ်ပတ်ကို တစ်ခါ မျက်နှာဂျီးချွတ်သင့်ပါတယ်။ Scrub လုပ်တဲ့ ကောင်းကျိုးကတော့ ဆဲလ်အသေတွေ ဖယ်ရှားနိုင်ပြီး အသားအရေ စိုလက်တောက်ပလာစေသလို ရုပ်ကိုလည်း ပိုနုသွားစေမှာပါ။

(၄) နှစ်ပတ်တစ်ခါ Cleansing Mask သုံးပါ

Source: SPY

အိမ်မှာ နေရင်း Face Mask သုံးတဲ့ အကျင့်ရှိတာ ကောင်းပါတယ်။ ၁၀ – ၁၅ မိနစ်လောက်ပဲ ကြာပေမယ့် မျက်နှာအတွက် ကောင်းကျိုးအများကြီး ရှိပါတယ်။ နှစ်ပတ်တစ်ခါ ညတိုင်း Face Mask သုံးမယ်ဆိုရင် အသားအရေသန့်ရှင်းကြည်လင်လာပါလိမ့်မယ်။