ဘဝကို ပျော်ရွှင်စွာနေထိုင်တက်ခြင်းဟာ အသက်ရှည်စေမယ့် နည်းတစ်မျိုးပါပဲ။ ကျွန်တော်တို့ ပတ်ဝန်းကျင်မှာလည်း အမြဲပျော်ပျော်နေတက်တဲ့သူတချို့ကို မြင်တွေ့ရလေ့ရှိပါတယ်။ ပျော်ပျော်နေတက်သူတွေဟာ စိတ်ရောကိုယ်ပါ အမြဲကျန်းမာဖျက်လတ်ကြသလို ပတ်ဝန်းကျင်ကလူတွေကိုလည်း အပျော်တွေကူးစက်စေပါတယ်။

ဒီတစ်ခေါက်တော့ စိတ်ဖိစီးမှုတွေ သောကတွေများတဲ့ ခေတ်သစ်လူမှု့အသိုင်းအဝိုင်းထဲမှာ နေထိုင်သူတွေအနေနဲ့ ပျော်ရွှင်မှုခံစားရစေဖို့ ပျော်ပျော်နေတက်သူတွေရဲ့အလေ့ကျင့်ကောင်းလေးတွေကို လေ့လာကြည့်ရအောင်ပါ။

(၁) ကိုယ်ပိုင်ဆိုင်တဲ့ အရာတွေအတွက် ကျေးဇူးတင်စိတ်ရှိတယ်

man Show Gratitude

Photo : Randy Clark Leadership

ပြောရရင် ဒါဟာ ကိုယ့်ရဲ့လက်ရှိဘဝကို ရောင့်ရဲကျေနပ်ခြင်း ဖြစ်ပါတယ်။ ဘဝမှာ အမှန်တကယ်ပျော်ရွှင်စွာနေထိုင်နိုင်ဖို့ဆိုတာ ကိုယ်ပိုင်ဆိုင်တဲ့အရာတွေအပေါ် တန်ဖိုးထားပြီး ကျေနပ်စွာရှင်သန်နေထိုင်သွားရမှာ ဖြစ်ပါတယ်။ ကိုယ်မပိုင်ဆိုင်တဲ့အရာကို လိုချင်တပ်မက်နေမယ့်အစား ကိုယ်ပိုင်တဲ့အရာတွေအတွက်သာ ကျေးဇူးတင်စိတ်မွေးလိုက်ပါ။

(၂) ပေးကမ်းစွန့်ကြဲကြတယ်

Charity Man Encouraging Other People Giving Food for Homeless

Photo : LatinX

တခြားသူတွေကို ကူညီခြင်း ပေးကမ်းစွန့်ကြဲခြင်းဟာ လက်ခံသူတွေကို ပျော်ရွှင်စေရုံသာမက ပေးကမ်းတဲ့သင်ကိုယ်တိုင်ပါ ပျော်ရွှင်မှုခံစားရစေပါတယ်။ သို့သော် မျှော်လင့်ချက် မပါတဲ့ ပေးကမ်းမှု ကူညီမှုဖြစ်ဖို့တော့အရေးကြီးပါတယ်။ စေတနာမှန်ရင် ရောင်ပြန်မယ်ဆိုတာသာ ယုံကြည်ထားပြီး စိတ်ရှင်းရှင်းနဲ့လှူပါ ပေးကမ်းပါ ကူညီပါ။

(၃) ပြဿနာတွေကို စိန်ခေါ်မှုတွေလို့မြင်တယ်

 Data Management Platform to Drive Digitalization

Photo : The Media Bulletin

ပျော်ရွှင်နေတဲ့သူတွေဟာ ပြဿနာတစ်စုံတစ်ရာကြုံလာတိုင်း ပြဿနာကို ပြဿနာလို့မမြင်ပဲ သူတို့အတွက်စိန်ခေါ်မှုအသစ်တွေလို့ ယူဆထားကြပါတယ်။ ဘဝဆိုတာ မထင်ရင်မထင်သလို မျိုးစုံသော ပြဿနာတွေကြုံတွေ့လာနိုင်တာပဲ မဟုတ်လား။ ပြဿနာတွေနဲ့ကြုံ လာတိုင်းမှာ အကောင်းဆုံးရင်ဆိုင်ပြီး ဖြေရှင်းရမယ့်နည်းလမ်းကိုရှာဖွေဖို့သာ လိုအပ်တာဖြစ်ပါတယ်။

(၄) ရည်မှန်းချက်နဲ့ ရှင်သန်ကြတယ်

 man holding a bottle catching cloud

Photo : New Idea

အိပ်မက်တွေ ရည်မှန်းချက်တွေရှိတဲ့ဘဝဟာ သေချာပေါက်ပျော်စရာကောင်းတဲ့ ဘဝတစ်ခုဖြစ်ပါတယ်။ ပျော်ပျော်နေတက်တဲ့သူတွေဟာ ဘဝမှာဖြစ်ချင်တဲ့ ရည်မှန်းချက်ပန်းတိုင်တွေဆီကို ပျော်ပျော်ကြီးလျှောက်လှမ်းနေကြသူတွေ ဖြစ်ပါတယ်။ တစ်နေ့ထက် တစ်နေ့ ပိုကောင်းအောင် တိုးတက်အောင်ကြိုးစားရင်း ဘဝကိုပိုပြီး အဓိပ္ဗါယ်ရှိရှိဖြတ်သန်းနေကြတာပါ။

Featured Photo : Free Coupon Discount