နေကောင်းကျန်းမာတာက သင့်ရဲ့စိတ်ခံစားပိုကောင်းပြီး အလုပ်လုပ်တဲ့နေရာမှာလည်း ပေါ့ပါးသွက်လက်စေတယ်ဆိုတာကို သင်သိပါသလား။ သင့်ကိုစွမ်းအင်ပြည့်ဝစေပြီး စိတ်ပိုင်းဆိုင်ရာကျန်းမာရေးကိုပါအထောက်အကူပြုတဲ့ ကျန်းမာတဲ့လူနေမှုပုံစံတခုကို စတင်ဖို့ နှစ်သစ်ရောက်တဲ့ အထိစောင့်မနေပါနဲ့။ အခုပဲစလိုက်ကြရအောင်ပါ။

(၁) သင့်ရဲ့အစားအစာထဲမှာ ဟင်းသီးဟင်းရွက်နဲ့ သစ်သီးတွေပါပါစေ

Source : Young Men’s Health

သင့်စားတဲ့အစားအစာထဲမှာ အသီးအရွက်တွေထည့်စားတာဟာ ကောင်းမွန်တဲ့လူနေမှုပုံစံအတွက် အခြေခံလုပ်ရိုး လုပ်စဥ်တခုပါ။ ဟင်းသီးဟင်းရွက်နဲ့ အသီးအနှံတွေမှာ သင့်ရဲ့ကိုယ်ခံစွမ်းအားစနစ်ကိုမြှင့်တင်ရန်နဲ့ခန္ဓာကိုယ် အတွက်အဓိကလိုအပ်တဲ့ ဗီတာမင်၊ သတ္တုဓါတ်တွေပါဝင်တာဖြစ်တဲ့အတွက် ပုံမှန်စားသုံးပေးဖို့ ကမ္ဘာ့ကျန်းမာရေး အဖွဲ့က တိုက်တွန်းထားပါတယ်။

(၂) ရေသောက်ပါ

Source : Stocky

ရေဟာ သဘာဝအတိုင်းခန္ဓာကိုယ်ကို ရေဓါတ်ဖြည့်တင်းခြင်းအပြင် ခန္ဓာကိုယ်တွင်းကအဆိပ်အတောက်တွေ ကိုဖယ်ရှားပေးပါတယ်။ ဦးနှောက်လုပ်ဆောင်မှုကိုတိုးတက်စေသလို ကြွက်သားတွေကိုလဲအားဖြည့်ပေးပါတယ်။ ကိုယ်အလေးချိန်ထိန်းချင်သူတွေအတွက်လဲ တနေ့ကိုရေ၈ခွက် (၆၄အောင်စ)သောက်ဖို့အကြံပြုထားပါတယ်။

(၃) ဆားနဲ့သကြားလျှော့စားပါ

Source : Thanh Niên

ဆားစားသုံးမှုမြင့်မားတာက သွေးပေါင်ချိန်တက်တာ၊ နှလုံးသွေးကြောဆိုင်ရာရောဂါဖြစ်နိုင်ခြေများစေတဲ့အတွက် ဆားစားသုံးမှုကိုလျှော့ပါ။ ဒါ့အပြင် သကြားဓါတ်ပါဝင်မှုများတဲ့ အစားအစာတွေ၊ အချိုရည်နဲ့ သရေစာစားသုံးမှုများတာက ဆီးချိုရောဂါနဲ့တခြားဆက်စပ်ရောဂါတွေဖြစ်စေနိုင်တဲ့အတွက်သကြားစားသုံးမှုကိုလဲ လျှော့သင့်ပါတယ်။

(၄) ကျန်းမာသောကိုယ်အလေးချိန်ကိုထိန်းပါ

Source : Freepik

လူတယောက်ချင်းစီရဲ့မှန်ကန်သောကိုယ်အလေးချိန်က ကျား၊ မ၊ အသက်အရွယ်နဲ့ မျိုးရိုးဗီဇစတဲ့ အချက်တွေပေါ် မှာမူတည်ပါတယ်။ ကယ်လိုရီများတဲ့အစားအစာတွေဖြစ်တဲ့ အသား၊ ကာဗိုဟိုက်ဒရိတ်၊ အယ်ကိုဟောလ်နဲ့ အဆီပါဝင်မှုများတဲ့အစားအသောက်တွေကြောင့် ကိုယ်အလေးချိန်တက်စေပါတယ်။ သင့်လျော်တဲ့ အလေးချိန်ကို ထိန်းထားဖို့ အကောင်းဆုံးနည်းကတော့ ပုံမှန်ကိုယ်လက်လှုပ်ရှားမှုလုပ်ပေးတာပါ။