ကျွန်တော်တို့အားလုံးမှာ ဝါသနာလေးတွေ ကိုယ်စီရှိကြပါတယ်။ တချို့ဝါသနာလေးတွေက ကွီးတို့ဘဝအတွက်တစ်လျောက်လုံးအတွက် မိတ်ဆွေကောင်းတစ်ယောက်လို အမြဲအတူရှိနေပြီး ပျော်ရွှင်မှုတွေ အပြုသဘောဆောင်တဲ့ ကောင်းကျိုးတွေ ပေးတက်ပါတယ်။ ဒီတစ်ခေါက်ပြောပြပေးမယ့် ဝါသနာလေးတွေကတော့ ကွီးတို့အတွက် ကိုယ်ရောစိတ်ပါ ကောင်းကျိုးတွေပေးစွမ်းနိုင်မယ့် ဝါသနာလေးတွေဖြစ်ပါတယ်။
(၁) စာဖတ်ခြင်း

Photo : Baamboozle
ဗဟုသုတများစွာ စာအုပ်တွေထဲမှာ ရှာတွေ့နိုင်ပါတယ်။ စာဖတ်တဲ့ဝါသနာဟာ အတွေးအခေါ် ၊ အသိဉာဏ် ရင့်သန်စေပြီး စဉ်းစားဆင်ခြင်နိုင်စွမ်းတွေ တိုးစေပါတယ်။ စာဖတ်ခြင်း ဝါသနာကနေ စိတ်ပိုင်းဆိုင်ရာ ကောင်းမွန်တဲ့အကျိုးကျေးဇူးတွေရစေတာကြောင့် သင့်ဘဝတစ်သက်တာမှာ စာအုပ်တွေနဲ့ မိတ်ဆွေဖွဲ့ဖို့ အကြံပြုချင်ပါတယ်။
(၂) ခြေလျင်ခရီးထွက်ခြင်း

Photo : CleverHiker
သဘာဝတရားနဲ့ ရင်းနှီးကျွမ်းဝင်မှုရှိစေမယ့် ဝါသနာကောင်းတစ်ခုလို့ ပြောလို့ရပါတယ်။ စိမ်းစိုတဲ့ တောတောင်သဘာဝရှု့ခင်းတွေ ၊ လှပတဲ့တောင်တန်းတွေနဲ့ ပုံသဏ္ဍာန်မျိုးစုံပြောင်းလဲရွေ့လျားနေတဲ့ တိမ်ပန်းချီကားတွေကို အနီးကပ်ခံစားကြည့်ရှု့နိုင်မှာပါ။ ခြေလျင်ခရီးထွက်ခြင်းဟာ ခန္ဓာကိုယ်ကိုကြံ့ခိုင်သန်မာစေမယ့်အပြင် စိတ်ပိုင်းဆိုင်ရာကျန်းမာရေးကို တိုးတက်စေမယ့် ဝါသနာကောင်းတစ်ခုဖြစ်ပါတယ်။
(၃) အားကစားလုပ်ခြင်း

Photo : Inspirationfeed
အားကစားလုပ်ခြင်းအပေါ် ဝါသနာပါပြီဆိုတာနဲ့ သင့်ဟာတစ်နေ့ထက်တစ်နေ့ ကျန်းမာကြံ့ခိုင်လာပြီး စိတ်ရောကိုယ်ပါ နုပျိုလန်းဆန်းလာပါလိမ့်မယ်။ အားကစားပြုလုပ်ခြင်းဆိုတာ ဝါသနာတစ်ခုအနေနဲ့ သာမက လူတိုင်းနေ့စဉ်ပုံမှန်လုပ်သင့်တဲ့ လုပ်ရိုးလုပ်စဉ်တစ်ခုလို့တောင် ပြောလို့ရပါတယ်။ ရွေးချယ်စရာ အားကစားနည်းတွေကလည်း အများကြီးရှိပြီး အားကစားနည်းတိုင်းက ကိုယ်ရောစိတ်ပါကျန်းမာဖို့ အထောက် အပံ့ဖြစ်စေမှာပါ။
(၄) ပန်းချီဆွဲခြင်း

Photo : Ipswich First
ပန်းချီဆွဲခြင်းဟာ သင့်ကို ကိုယ်ပိုင်ကမ္ဘာသစ်တစ်ခုစီ ခေါ်ဆောင်သွားနိုင်တဲ့ ဝါသနာကောင်းတစ်ခုလို့ ပြောရမှာပါ။ တွေးခေါ်ဖန်တီးမှု စွမ်းရည်တွေ တိုးတက်စေပြီး စိတ်နှလုံးအေးချမ်းစေတဲ့ ဝါသနာကောင်းတစ်ခုလည်း ဖြစ်ပါတယ်။ နေ့စဉ်ဘဝရဲ့မွန်းကြပ်မှုတွေ ပင်ပန်းမှုတွေကနေ စိတ်ရောကိုယ်ပါ အေးအေးဆေးဆေး အနားယူချင်သူတွေအတွက်လည်း ပန်းချီဆွဲခြင်းအကောင်းဆုံးဝါသနာတစ်ရပ် ဖြစ်ပါတယ်။
Featured Photo : iStock
