တစ်ချို့လူတွေရဲ့ ဘဝဟာ တောက်ပတဲ့ ကြယ်တစ်လုံးလို လူ့သမိုင်းနံရံမှာ လင်းပြီး ကျန်ခဲ့တယ်။ တစ်ချို့သူတွေကတော့ မှုန်မှုန်မွှားမွှားနဲ့ မထင်ရှားတဲ့ ဘဝနဲ့ ရှင်သန်နေကြပါတယ်။ လူတွေဟာ နေ့တိုင်းမှာ ရွေးချယ်မှုတွေ လုပ်နေကြတဲ့ သတ္တဝါတစ်မျိုး ဖြစ်တဲ့အတိုင်း ကိုယ့်ဘဝကို ထင်ရှားဝင်းပတဲ့ ကြယ်တစ်လုံးလို ရှင်သန်မလား ၊ သူလိုကိုယ်လို Average Life နဲ့ပဲ ရပ်နေမလားဆိုတာ ရွေးချယ်လို့ ရပါတယ်။
ဒီဆောင်းပါးမှာတော့ သာမန်ဘဝမှာ မနေချင်သူတွေ လုပ်သင့်တဲ့ အချက်တစ်ချို့ကို အကြံပြုထားပါတယ်။

(၁) သင့်စွမ်းအားကို ပြန်ယူပါ

Photo: Pexels

လူတွေ သူတို့လုပ်ခဲ့တဲ့ အဆိုးဝါးဆုံးအရာတစ်ခုက ကိုယ့်ရဲ့ Power ကို တစ်ခြားသူ လက်ထဲ ထိုးထည့်ထားတာပဲ ဖြစ်ပါတယ်။ တစ်ချို့လူတွေရဲ့ စွမ်းအားဟာ အံ့မခန်းထူးခြားပေမယ့် အသုံးမချဖြစ်တာကြောင့် ဖြစ်သင့်သလောက် မဖြစ်ထွန်းလာခဲ့တာ အများကြီးပါပဲ။ သင့်ရဲ့ ပင်ကိုယ်စွမ်းရည်ကို သင်ကိုယ်တိုင် သိအောင် လုပ်ဖို့နဲ့ အဲ့ဒီစွမ်းရည်ကို နေရာမှန် အသုံးချပြီး Average Life ကနေ ရုန်းထွက်ဖို့ ကြိုးစားရမှာပါ။

(၂) သင့်ကိုယ်သင် ယုံကြည်ပါ

Photo: Pexels

ကိုယ်စွမ်းကိုယ်စ ပြရမယ့်အချိန်မှာ အရေးကြီးတာက အဲဒီလို လုပ်ပြနိုင်ဖို့ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိခြင်းပဲ ဖြစ်ပါတယ်။ ယုံကြည်မှုတစ်ခုတည်းကပဲ သင်မထင်ထားတာတွေကို အောင်အောင်မြင်မြင် လုပ်ပြနိုင်တဲ့ အစွမ်း ရှိပါတယ်။ ဒီတော့ သာမန်ဘဝက ခုန်ထွက်ဖို့ ယုံကြည်မှု ရှိပါ။ ယုံကြည်တဲ့အတိုင်း လုပ်ရင် မဖြစ်မြောက်နိုင်စရာ မရှိပါဘူး။

(၃) ကိုယ်ပိုင်မြေပုံရေးဆွဲပါ

Photo: Pexels

အခုဆို ကိုယ်ရဲ့ အားသာချက် ၊ ပင်ကိုယ်အစွမ်းအစကိုလည်း သိထားပြီ ၊ သမရိုးကျ သူလိုကိုယ်လို ဘဝက ခုန်ထွက်ဖို့လည်း ကိုယ့်ကိုယ်ကို ယုံကြည်မှု ရှိထားပြီဆိုရင် အတော်လေး ခရီးရောက်လာပြီ ပြောရမှာပါ။ အခုတစ်ခါမှာတော့ သင်သွားချင်တဲ့ ပန်းတိုင်ကို ရောက်ဖို့အတွက် ကိုယ်ပိုင်မြေပုံ ရေးဆွဲရမယ့် အချိန်ရောက်ပြီ ဖြစ်ပါတယ်။ဒီမြေပုံဟာ သင့်ဘဝနောက်တစ်ဆင့်ကို ဆွဲခေါ်သွားမယ့် လမ်းကြောင်းပဲ ဖြစ်ပါတယ်။ ဒီလမ်းကြောင်းအတိုင်း ယုံကြည်တဲ့ စိတ်နဲ့ လျှောက်လှမ်းသွားရင် သင်ဟာ မထင်မရှားဘဝကနေ ရုန်းထွက်သွားနိုင်မှာပါ။

(၄)သင့်အခွံထဲက ခွဲထွက်ပါ

Photo: Success Magazine

အကောင်ဖြစ်ချင်ရင် အခွံထဲက ခွဲထွက်လာဖို့ လိုပါတယ်။ အခွံဆိုရာမှာ သက်တောင့်သက်သာရှိတဲ့ နေရာ ၊ ဘာမှ စွန့်စားစရာမလိုဘဲ ပေါ့ပေါ့ပါးပါးနဲ့ သာသာလေး ဖြတ်သွားလို့ရတဲ့ အရာကို ဆိုတာပါ။ သူလိုကိုယ်လို Average Life ကနေ ရုန်းထွက်မယ်ဆိုရင် အရင်ဆုံးသင့်ကို အသစ်အသစ်တွေ မစွန့်စားချင်အောင် ချုပ်ထားတဲ့ Comfort Zone ထဲကနေ ရုန်းထွက်ဖို့ လိုပါတယ်။ပုံမှန်လုပ်ရိုးလုပ်စဉ်အတိုင်း နေမြဲအတိုင်း ဘဝကနေ အတွေ့အကြုံသစ်တွေ ကြုံရတာနဲ့အမျှ ဦးနှောက်ဟာ Pattern သစ်တွေ ဖန်တီးရတာ မွေ့လျော်ပြီး ဆန်းသစ်တီထွင်တဲ့ အတွေးတွေ ပိုတွေး ဖြစ်လာမှာပါ။ ဒီနည်းနဲ့ လူဟာ တိုးတက်တဲ့ အတွေးအမြင်ရှိတဲ့ သာမန်ထက် ထူးခြားတဲ့သူ ဖြစ်လာမှာပါ။