စီးပွားရေးလုပ်ငန်းတစ်ခု အောင်အောင်မြင်မြင်နဲ့ ထွန်းပေါက်ဖို့ဆိုရင် အချိန်တွေများစွာရင်းနှီးမြုပ်နှံရသလို ထင်မှတ်မထားတဲ့ အခက်အခဲတွေ ကျရှုံးမှုတွေလည်း ကြုံရနိုင်တာပဲ မဟုတ်လား။ ဒီလိုအရာတွေကို ကျော်ဖြတ်ပြီး ဇွဲရှိရှိနဲ့ စိတ်အားထက်သန်စွာ ကြိုးစားမှလည်း အောင်မြင်တဲ့ လုပ်ငန်းတစ်ခုထူထောင်နိုင်မှာ ဖြစ်ပါတယ်။

သင့်အနေနဲ့ တစ်ချိန်မှာအောင်မြင်တဲ့ စီးပွားရေးလုပ်ငန်းတစ်ခုကို ဦးစီးဦးဆောင်ရတဲ့ လုပ်ငန်းရှင်တစ်ယောက်ဖြစ်ချင်တဲ့ စိတ်ကူးအိပ်မက်မျိုးရှိတယ်ဆိုရင်တော့ အခုပြောပြမယ့် ဖြစ်ရပ်မှန် ရုပ်ရှင်ဇာတ်ကားတွေက သင့်အတွက် စိတ်ခွန်အားတွေ များစွာပေးစွမ်းနိုင်မယ်ဆိုတာ ယုံကြည်ပါတယ်။ ကဲဒါဆို ရုပ်ရှင်ဇာတ်ကားတွေအကြောင်း ဆက်ကြည့်လိုက်ရအောင်ပါ။

(၁) The Social Network

Source : Sony Pictures Entertainment

ဒီဇာတ်ကားကတော့ အားလုံးရဲ့အချစ်တော်ကြီး Facebook တည်ထောင်သူ ကမ္ဘာ့အသက်အငယ်ဆုံးဘီလီယံနာ ဇူဇူရဲ့ အကြောင်းရိုက်ကူးတင်ဆက်ထားတဲ့ ဖြစ်ရပ်မှန် ရုပ်ရှင်ဖြစ်ပါတယ်။ Mark Zuckerberg ရဲ့ ကောလိပ်ကျောင်းသားဘဝဖြတ်သန်းပုံတွေ ၊ Facebook စတင်တည် ထောင်ချိန်မှာ ကြုံတွေခဲ့ရတဲ့ ရုန်းကန်ရမှုတွေ ၊ ကမ္ဘာ့ရေပန်းအစားဆုံး လူမှုကွန်ရက်စာမျက်နှာတစ်ခုဖြစ်လာတဲ့ Facebook ရဲ့နောက်ကွယ် ကြိုးစားဖန်တီးခဲ့ရပုံတွေကို စိတ်ဝင်စားဖွယ်ကြည့်ရှုရမှာ ဖြစ်ပါတယ်။

(၂) Jobs

Source : Movieclips Trailers

Jobs ဆိုတဲ့ရုပ်ရှင်ဇာတ်ကားကတော့ Apple ဖခင်ကြီး Steve Jobs ရဲ့ အတ္ထုပ္ပတ္တိကို ရိုက်ကူးထားတဲ့ ရုပ်ရှင်ကားကောင်းတစ်ကားပဲ ဖြစ်ပါတယ်။ Jobs ဟာ Apple Inc. ဖြစ်လာဖို့ သူငယ်ချင်းဖြစ်သူနဲ့အတူ မိဘတွေရဲ့ကားဂိုထောင်လေးကနေ စတင်ခဲ့ရတာဖြစ်ပြီး ကြိမ်ဖန်များစွာကျရှုံးမှုတွေ ၊ စွန့်လွတ်စွန့်စားမှုတွေနဲ့ ၂၀ ရာစုရဲ့ အလေးစားဖို့အကောင်းဆုံး ၊ ဖန်တီးမှုအရှိဆုံး စွန့်ဦးတီထွင်သမား တစ်ယောက်ဖြစ်လာခဲ့ပုံတွေကို ကြည့်ရှုခံစားရမယ့် ဇာတ်ကားကောင်းတစ်ကား ဖြစ်ပါတယ်။

(၃) The Founder

Source : Movieclips Trailers

ဒီဇာတ်ကားဟာဆိုရင် McDonald’s တည်ထောင်သူရဲ့ အတ္ထုပ္ပတ္တိကို အခြေခံပြီး ပြန်လည်ရိုက်ကူးထားတဲ့ ဖြစ်ရပ်မှန်ဇာတ်ကားပဲ ဖြစ်ပါတယ်။ McDonald’s တည်ထောင်သူ Ray Kroc အနေနဲ့ McDonald’s ကို ကမ္ဘာပေါ်မှာနာမည်အကြီးဆုံး Fast food စားသောက်ဆိုင်ဖြစ်လာအောင် ကြိုးပမ်းခဲ့ပုံတွေ ၎င်းရဲ့ ဖြတ်ထိုးဉာဏ်ရှိမှု ၊ တီထွင်ဖန်တီးနိုင်စွမ်း ၊ ရည်မှန်းချက်၊ ဇွဲနပဲနဲ့ စီးပွားရေးနဲ့ ပတ်သတ်ရင် ပြတ်သားတဲ့ ခံယူချက် ၊ အကြင်နာတရားကင်းမဲ့စွာ အလုပ်လုပ်ပုံတွေကို လေ့လာကြည့်ရှုရမှာ ဖြစ်ပါတယ်။

(၄) Money Ball

Source : Movieclips Trailers

Money Ball ဇာတ်ကားကတော့ Oakland A ဘေ့စ်ဘောအသင်းနဲ့ အသင်းနည်းပြ Billy တို့အကြောင်း ရိုက်ကူးထားတဲ့ ဖြစ်ရပ်မှန်ဇာတ်ကားကောင်းတစ်ကားပဲ ဖြစ်ပါတယ်။ ဒီဇာတ်ကားဟာ တိုးတက်ပြောင်းလဲဖို့ အိပ်မက်ရှိသူတိုင်း ကြည့်သင့်တဲ့ ဇာတ်ကားကောင်း တစ်ကားပါ။ အောင်မြင်တဲ့ အသင်းတစ်သင်းဖြစ်လာဖို့ အကောင်းဆုံးတည်ဆောက်ခဲ့တဲ့ နည်းပြ Billy ရဲ့ အားထုတ်ကြိုးပမ်းခဲ့မှုတွေ ၊ အတိုက်အခံအတားအဆီးတွေကြားက ရုန်းကန်ခဲ့ရပုံတွေ စိတ်ခွန်အားတက်ဖွယ် ကြည့်ရှုခံစားရမယ့် ဇာတ်ကားကောင်းတစ်ကားပဲ ဖြစ်ပါတယ်။

Featured Photo : NEON