ယောင်္ကျားတစ်ယောက်ဟာ ပညာစုံတတ်ထားတာ ကောင်းပါတယ်။ ဘဝမှာ ဘယ်လို အခြေအနေနဲ့ ကြုံကြုံ ရင်ဆိုင်ဖြေရှင်းနိုင်တဲ့ Life Skills ကောင်းသူတွေဟာ အောင်မြင်မှုသုခကို ခံစားရမှာ ဖြစ်ပါတယ်။ Life Skills လို့ ပြောရင် နယ်ပယ် ကျယ်ဝန်းလွန်းလို့ ပြောစရာကုန်မှာကို မဟုတ်ပါဘူး။ ဒါကြောင့် ယောင်္ကျားတိုင်းနဲ့ အကျုံးဝင်တဲ့ ကျွမ်းကျင်မှုနယ်ပယ်ထဲက သိသင့်တဲ့ Skills တချို့အကြောင်းပဲ ဖော်ပြလိုက်ပါတယ်။
(၁) အိမ်မှာ
Photo: Freepik
ယောင်္ကျားတစ်ယောက်ဟာ အမျိုးသမီးတစ်ယောက်လိုတော့ အိမ်မှုကိစ္စနဲ့ သန့်ရှင်းရေးပိုင်း ဘယ်စိတ်ဝင်စားပါ့မလဲ။ ဒါပေမဲ့လည်း ကိုယ့်အိပ်ရာခင်း ကိုယ်လဲတာ ၊ မီးလုံး ဆင်တာ ၊ အိမ်ဆေးသုတ်တာနဲ့ အိမ်မှုကိစ္စ ဝိုင်းကူညီပေးတာတို့တော့ လုပ်နိုင်ရပါမယ်။ ဒီအတွက် ဟိုစပ်စပ် ဒီစပ်စပ် ပြင်တတ်တဲ့ Skills တို့ လိုပါတယ်။
(၂) လူမှုဆက်ဆံရေးမှာ
Photo: Freepik
Relationship တစ်ခုမှာ သဘောထားကြီးပြီး အမြင်ကျယ်တဲ့သူဖြစ်အောင် လူမှုဆက်ဆံရေးပညာတတ်ထားဖို့ လိုပါတယ်။ ဥပမာ- တခြားသူတစ်ယောက် စကားပြောချိန်မှာ ဖြတ်မပြောတာ ၊ သူတစ်ပါး စကားကို နားထောင်တတ်တာ နဲ့ ကိုယ်အမူအရာ နှုတ်အမူအရာ ယဉ်ကျေးတာမျိုးဟာ ယောင်္ကျားကောင်းတစ်ယောက်ရဲ့ စွမ်းရည်ပါပဲ။ Relationship နဲ့ ဆက်စပ်ပြီး အချစ်ရေးမှာလည်း ကိုယ့်ချစ်သူကို ဂရုစိုက်တတ်တာ ၊ ပံ့ပိုးပေးနိုင်တာဟာလည်း Life Skills ထဲမှာ ထည့်ပေးရမယ့် စွမ်းရည်တွေ ဖြစ်ပါတယ်။
(၃) ဘဝမှာ
Photo: Freepik
ယောင်္ကျားတစ်ယောက်ဟာ အတတ်ပညာပိုင်းဆိုင်ရာ Hard Skills တွေချည်း တတ်ထားလို့ မရပါဘူး။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ၊ လူမှုဆက်ဆံရေးကျွမ်းကျင်မှု ၊ အဟောအပြော တတ်မှု ၊ ခေါင်းဆောင်နိုင်စွမ်းရှိမှု ၊ ညှိနှိုင်းမှုစွမ်းရည် နဲ့ စီမံခန့်ခွဲနိုင်စွမ်း စတဲ့ Soft Skills တွေလည်း တတ်ထားသင့်ပါတယ်။ Life Skills တွေအနေနဲ့ အခြေခံ ကားမက္ကင်းနစ် တတ်တာ ၊ ကားမောင်းတတ်တာ ၊ အခြေခံ ကိုယ်ခံပညာတတ်တာ ၊ အရေးပေါ် ရှေးဦးသူနာပြုနည်းတတ်တာကနေ အားကစားတစ်ခုခု ကျွမ်းကျင်တာမျိုးအထိ တတ်ထားဖို့ လိုပါတယ်။
(၄) အဖေတစ်ယောက်အဖြစ်
Photo: Freepik
တစ်နေ့မှာ ယောင်္ကျားတစ်ယောက်ဟာ ဖခင်တစ်ယောက် ဖြစ်လာပါလိမ့်မယ်။ အဖေတစ်ယောက်အဖြစ် သိထားရမယ့် အရာတွေက မနည်းမနောပါပဲ။ ဖခင်ဘဝမရောက်ခင်မှာ အိမ်ထောင်သည်ဘဝကို ကြုံရတာ ဖြစ်လို့ ဘဝကို ပိုပြီး ကျယ်ပြောတဲ့ အမြင်နဲ့ ကြည့်နည်းက စသင်ကြားရမှာ ဖြစ်ပါတယ်။ ပျော်ရွှင်ချမ်းမြေ့တဲ့ အိမ်ထောင်ရေးတစ်ခု တည်ဆောက်ဖို့ ဘဝလောကဓံကို ရင်ဆိုင်နည်း စိတ်အထာတွေလည်း သိထားဖို့ လိုပါတယ်။ ကိုယ့်သားသမီးကို အုပ်ထိန်းတဲ့နည်းကနေ မိသားစုတစ်ခုကို ကောင်းကောင်း ပဲ့ကိုင်နိုင်တဲ့ အဖေဖြစ်ဖို့အတွက် နေ့တိုင်းကို သင်ယူမြှင့်တင်နေရမှာ ဖြစ်ပါတယ်။